ကျွန်တော်နဲ့ ခွဲပြီးမတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ H7 ကင်မရာလေးပါ။ သည်ကင်မရာလေးနဲ့ Naing Htun Lwin ဆိုပြီး ပုံတွေမှာနာမည်တပ်လို့ရအောင် အစပြုခဲ့တာပေါ့။ ကျွန်တော်အရမ်းမက်မောတဲ့ကင်မရာလေးပါ ဒါပေမယ့် ညီမလေးမှာ ကင်မရာမရှိလို့ ၂၀၀၉ မြန်မာပြည်ပြန်တုန်းကသူ့အတွက်ပေးခဲ့ပါတယ်။ အခု ညီမလေး အလည်လာတော့ပြန်ပါလာတယ်သူက။ ကျွန်တော် တရိုတသေ သဘောကျစွာ အသုံးပြုချင်နေတုန်းပါ။ ညီမလေး ရိုက်နေလို့မို့ စိတ်ကိုဖြတ်ပြီး သူ့ကို ဒုတိယ ပိုင်ရှင်ဖြစ်တဲ့ ညီမလေးကို ပြန်ပေးလိုက်ရပြန်ပါတယ်။ အမှတ်တရအနေနဲ့ ကျွန်တော်လက်ဆောင်ရထားတဲ့ အရုပ်ကလေးရယ် ၊ ကင်မရာလေးရယ်ကို ဘူးကစ်ဘတုတ်နေးချားပတ် (bukit batok nature park)မှာရှိတဲ့ စားပွဲးခုံလေးပေါ်တင်ပြီးရိုက်လိုက်ပါတယ်။
အလွမ်းပြေ အမြဲသတိရနေဖိုပေါ့။ ကျွန်တော်သည်ကင်မရာလေးကိုသိပ်မြတ်နိုးပါတယ် ဒါမို့လဲ ရောင်းမစားပဲ ကျွန်တော့်လို မြတ်မြတ်နိုးနိုးကင်မရာနဲ့ပုံရိုက်ဝါသနာပါတဲ့ ညီမလေးအတွက်ပေးချန်ပေးခဲ့တာပါ။ ကျွန်တော့် အမျိုးသမီးမနေခြည် ကတောင်ပြောသေးတယ် ပေးပြီးသားကိုပြန်မယူနဲ့လေ ကလေးဆီက သူ့မှာဒါလေးနဲ့ရိုက်နေရတာ ရိုက်နေပါစေတဲ့။ ဟုတ်ပါတယ်လေ သူပြောတာ..။ကျွန်တော်လဲဒါနဲ့စခဲ့ရတာပဲကိုး။
No comments:
Post a Comment