Wednesday, March 2, 2011

လမ်းလျောက်ထွက်ခြင်း

ကျွန်တော့် Facebook မှာ Album တစ်ခုရှိပါတယ်။ လမ်းလျှောက်ထွက်ခြင်းတဲ့။ သာမန်သွားသွားလာလာ ၊ ထသွားလာသွား နေရာတွေ မှာ မြင်ခဲ့ရတဲ့ ပုံလေးတွေကိုရိုက်လာတာပါ။ ထူးခြားတဲ့ ဒတ်ပုံပညာ တွေဘာတွေ မပါ ပါဘူး။ သာမာန် မြင်ကွင်းတွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ လူတွေရဲ့ အပြုအမူ ပုံစံ တည်ဆောက်မှု့ တွေကို မှတ်တမ်းသဘောမျိုး တင်လေ့ရှိတဲ့ အလ်ဘမ်လေးပါ။ အခုဆို သည်အလ်ဘမ်ထဲကို ပုံမတင်နိုင်တာ ၁နှစ်လောက် ရှိတော့ပါမယ်။ ကျွန်တော်ကိုတိုင်ကလဲ ဘယ်ကိုမှမသွားချင်သလို။ စကာင်္ပူရာသီဥတုကလဲ မိုးဆက်နေတာတွေပါ ပါတယ်။ ကြောင်းတွေမရှာတော့ပါဘူး အမှန်က ကျွန်တော် ကိုတိုင် စင်္ကာပူ က ကျွန်တော်တို့ဘ၀ကို ငြီးငွေ့နေတာပါ။ မြင်မြင်သမျှဟာ ကျွန်တော်အတွက် ငြီးငွေ့ စရာတွေချည်းပဲမို့ ၊ ဘာထူးခြားတဲ့အမြင် ဘာထူးခြားတဲ့ အတွေးအခေါ် မှမထွက်တာကြာလှပါပြီ။ သူငယ်ချင်းတွေက လန်းစကိတ် ရိုက်ဖို့ခေါ်လဲ ငါသည်က လန်းစကိတ်ကြီး ရိုက်ဖို့ ခံစားလို့မရသေးဘူးကွာ လတ်တလော ဆိုပြီး ငြင်းလိုက်တာ များပါတယ်။

အခုကော............... သည် Album လမ်းလျှောက်ထွက်ခြင်းဟာ မကြာခင်ရက်ပိုင်းအတွင်း အသက် ပြန်ဝင်လာတော့မယ်လို့ မျှော်လင်နေမိတယ်။ နောက် သူ့အပြင် Big Eye See Wild ဆိုတဲ့ Album ကော၊ ကျွန်တော့်ကို Facebook မောင်နှမတွေနဲ့ ပထမဦးဆုံးတွေ့ထိခွင့်ပေးခဲ့တဲ့ အရူးလွတ်အိတ်ဆိုတဲ့ Album တွေရော.. ... အားလုံး အသက်ပြန်ဝင်လာတော့မယ်.........လို့မျှော်လင်နေမိတယ်။

ဘာလို့လဲ........................................ နောက်တစ်ပတ် မှာ ကျွန်တော် အိမ်လည်ခရီးလေးစတင်ရမှာပါ။
ဒါဆို ကျွန်တော် လမ်းတွေအများကြီးလျှောက်ဖြစ်ဦးမယ်ထင်တယ်.. မြန်မာနိုင်ငံ ထဲက မြို့လေးတစ်ချို့မှာပေါ့နော်။

No comments:

Post a Comment