Friday, November 26, 2010

Little Girl

Little Girl လို့နာမည်ပေးထားတဲ့သည်ပုံလေးကို။ မထင်မှတ်ဘဲ ကျွန်တော်ပုံချိန်ရင်းရသွားပါတယ်။
ရိုက်ခါစက သည်လိုလုပ်မယ်လို့ရည်ရွယ်ထားပေမယ့် သည်လောက်အထိ ထွက်လာလိမ့်မယ်လို့မမျှော်လင့်မိပါဘူး။ အဲ့သည့်အချိန်က ကျွန်တော်သွားချင်နေတဲ့ Photography ပိုင်းကိုနည်းနည်းလေးရောက်သွားတယ်လို့တော့ ပြောလို့ရတာပေါ့။ ထပ်ခါထပ်ခါကြည့်လေ လိုနေသေးတာတွေ အမှားတွေ အများကြီးကိုမြင်လာရတယ်။ သင်ခန်းစာတွေအများကြီး သည်ပုံလေးမှာကျွန်တော်ရသွားတယ်။
သည်လိုပုံစံထဲကဆိုရင်တော့ သည်ထက်ပိုပြီးပြတ်သား ပြီးပြချင်တဲ့ဟာမျိုး ကျွန်တော် မရိုက်တတ်သေးတာသေးတာကတော့အသေအခြာပါဘဲ။ :)

လမ်းလျှောက်ထွက်ခြင်း














ပုံသမားဖြစ်လေတော့ လက်ကအငြိမ်မနေနိုင်ဘူးလေ.. ။ မြင်လာတဲ့ဟာကိုမရှိရှိတာနဲ့ရိုက်မိလိုက်တယ်ဗျာ။
ကျွန်တော်အမြဲရထားစောင့်နေကြမှတ်တိုင်လေးပါ။ မနေခြည် စီးလာမယ့်ရထားကိုအတူတူစီးပြီးအိမ်ပြန်ဖို့
၁နာရီလောက်ကျွန်တော် စောင့်စောင့်နေတဲ့ဘူတာရုံလေးပေါ့။ အဲ့သည့်မှာရိုက်ထားလိုက်တာပါ။

နှစ်ဆယ့်ခြောက် နိုဝင်ဘာ ၂၀၁၀

အခုတလော အဆင်မပြေတာလေးတွေ ခပ်စိတ်စိတ်ဖြစ်နေတယ် စိတ်အနှောက်အယှက်ဖြစ်စရာတွေပေါ့ သေခြာပေါက် ပြသနာမရှိနိုင်ဘူးလို့ထင်တဲ့ ပွိုင်တွေကနေ လှမ်းလှမ်းတက်နေတာတော်တော်ဆိုးတယ်။
သည်နေ့အိမ်မက်မက်ပြန်တယ် အိပ်မက်ထဲမှာ ကင်မရာလွယ်ရင်း ဘဲ မြစ်ကမ်းတစ်ခုဘေးကိုရောက်သွားတယ် မြက်တွေလေထဲ ရမ်းနေတယ် ကောင်ကင်မှာတိမ်တွေအလိတ်လိုက်တက်လာတယ် မိုးတွေရွာချတော့မယ်။ ကင်မရာကို ကိုင်ထားပြီး ပုံတွေရိုက်နေတုန်း .. တဖြေးဖြေးရေတွေ ခြေထောက်တစ်လျောက်တက်လာတယ်။ နည်းနည်းလန့်သွားတော့ ကုန်းမြင့်ရေလွတ်တဲ့နေရာနဲ့တော်တော်ဝေေ၀းမှာ ငါ.. ရောက်နေတာပါကော.. ကုန်းမြင့်လေးဘက်ကို အသည်းအသန်ပြေးသွားနေပေမယ့် .. ရေတက်လာတာတွေကတဖြေးဖြေးရပ်မသွားဘူး ငါ့ ကိုယ်ပေါ်တွေကိုတဖြေးတဖြေး မြင်လာတာ.. ရင်ဘက်ကျော်တော့မယ်... မလွတ်နိုင်တော့ဘူးဆိုတာ သိနေတယ် ..အတင်းရုန်းကန်ပြီးသွားနေရတယ်... တဖြေးဖြေးတိမ်တွေမည်းနက်လာပြီး .. မိုးတွေသည်းသည်းရွာနေတာတဲ့ကြားမှာ ကြောက့်လန့်တကြား မနက်တစ်ခုနိုးလာခဲ့ရတယ်။ သက်ပြင်းတစ်ချက် ချလိုက်တယ်.. ငါဘာတွေအခုတလောဖြစ်နေတာလဲလို့.. သွားတိုက်ရင်းလဲ သည်အကြောင်း ဘဲခေါင်းထဲရောက်နေပြန်တယ်... ။ နောက်ခပ်စစလေးပြုံးမိလိုက်တယ်.. သြော်အိပ်မက်ထဲမှာ ငါရေကူးတတ်တာ ငါမေ့နေတာပါလားလို့ ..........။ စိတ်ပေါ့ပေါ့ ပါးပါးထားပြီး အလုပ်ထွက်ခဲ့လိုက်တော့တယ်။