Wednesday, December 22, 2010

In The Cabin


ကိုအောင်ပြည့်စိုးလာတုန်းက ကျွန်တော်တို့ စကာင်္ပူမှာလက်လှမ်းမှီတဲ့ သူတွေကို ကို K.Z.Myo က လူစုပြီးပလောအူ ပင်ကို ပုံရိုက်ထွက်ခဲ့ကြတယ်။ မော်တော်ဘုတ်လေးတစ်စင်း စင်းလုံးငှားပြီးသွား ခဲ့ကြပါတယ်။ ပလောအူပင်ဆိုတာဟာ စင်္ကာပူရဲ့မြင်နေကျ မြင်ကွင်းတွေရဲ့ ဆန့်ကျင်ဘက် အိမ်ကြီးကြီးမရှိ ၊အိမ်ကောင်းကောင်းမရှိတဲ့ က မြင်နေကျ စကာင်္ပူနဲ့လုံးဝမတူဘဲလုံးဝ ကွာခြားနေတာကိုတွေ့ခဲ့ပါတယ်။ သြော် ဒါစင်္ကာပူလားလို့ပြတာတောင်မှ ယုံနိုင်ဖို့တော်တော် ခက်ခဲပါတယ်။ အမြဲတမ်းသစ်လွင်နေတဲ့ စင်္ကာပူလိုမြို့မှာ သည်လိုနေရာရှိနေသေးလားဆိုတဲ့မေးခွန်းထွက်လာရင်၊ ဟုတ်ကဲ့ရှိနေသေးပါတယ် လို့ဖြေရမှာပါဘဲ၊ ခရီးရဲ့အစ ပထမဆုံး သတိထားမိလိုက် တာက တရုတ် အဖိုးကြီးမောင်းတဲ့ ဟောင်းနွမ်း နေနဲ့ မော်တော်လေးရဲ့ Cabin ပါဘဲ။ အန်းကုံးရုပ်ထုလေးရယ် ၊ငယ်စဉ်က ရထားတာလို့ထင်ရတဲ့ ဆုတံဆိပ် အဟောင်းလေးရယ်နဲ့ အိုမင်းရင့်ရော်စပြုနေတဲ့ ရေနွေးကြမ်းခွက်ဟောင်းလေးဟာ မော်တော်သမား အဖိုးကြီးရဲ ဘ၀တစ်စိတ်တစ်ဒေသကိုများ ဖော်ပြနေသလားလို့ထင်မိပါတယ်။နုပျိုစဉ်ကအောင်မြင်မှု့တွေကို သူဖက်တွယ်ထားရင်း အားပြုရင်းက အတွင်းစိတ်တွေများ သန်မာတက်ကြွနေလို့သည်လောက်သန်မာနေသလားလို့ တောင်ကျွန်တော် ထင်မိပါတယ်။ အပြုံးခပ်သောသောနဲ့ နုတ်ဆက်တတ်တဲ့သူဟာ ရိုးသားစွာ လူ့ဘ၀ရဲ့ အခက်အခဲအမျိုးမျိုး ကိုကျော်ဖြတ်နေပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ပန်းချီကားဆန်လွန်းတဲ့ သူ့ဟောင်းနွမ်နေတဲ့ Cabin ခန်းလေးဟာ ကျွန်တော့်လက်က ကင်မရာခလုပ်ကိုမနှိပ်ဘဲ မနေနိုင်အောင် စွဲဆောင်အားကြီးမားနေတယ်ဆိုတာကိုကျွန်တော်သည်ပုံလေးနဲ့ဝင်ခံပါရစေ။

Tuesday, December 21, 2010

Belt of Venus



အခုမြင်ရတဲ့ပုံထဲက အပြာနဲ့ အနီ ယှက်သမ်းနေတဲ့ ကောင်းကင်ကိုသတိထားမိကြမှာပါ။ အဲ့သည်လိုအချိန်အခါမျိုး ကောင်ကင်ပြာနောက်ခံကို Belt of Venus လိုခေါ်တယ်လို့ ကျွန်တော် ဖတ်မိလိုက်တယ်ဗျ။ atmospheric phenomenon လို့လွယ်လွယ်လေးဘာသာပြန်ထားပေမယ့် မနက် နေထွက်ချိန်ရယ် ညနေခင်း နေ၀င်ချိန်ရယ် နှစ်ပိုင်း စလုံးနဲ့ အကျူံးဝင်နေပါတယ်။ နေ၀င်ပြီးစ ခဏကြားကာလအချိန် (ဒါမှမဟုတ်) နေထွက်လုထွက်ချိန် ကြားကာလအချိန် ပိုင်းတိုတိုလေးမှာ ကောင်ကင်က ပုံမှာမြင်ရတဲ့အတိုင်းဖြစ်ပေါ်တတ်တယ် လို့ အဆိုရှိကြပါတယ်။ မိုးကုပ်စက်ဝိုင်းအောက်ကိုနေ၀င်ပြီး ၁၀ ဒီဂရီကနေ ၂၀ ဒီဂရီကြား ၊ မိုးကုပ်စက်ဝိုင်းပေါ် နေမထွက်ခင် ၁၀ ဒီဂရီနဲ့ ၂၀ ဒီဂရီကြား နေလုံးရှိနေတဲ့အချိန် (နေ ရဲ့အလင်းက မိုးကုပ်စက်ဝိုင်းကိုရိုက်နေတဲ့အချိန်) အခါမျိုး တွေမှာ ဖြစ့်လေ့ဖြစ်ထရှိတယ်လို့လဲ မှတ်ထားလို့ရပါတယ်။

10 - 20 ဒီဂရီ

ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောအနေနဲ့ဘဲ မှတ်လွယ်အောင်ထပ် ပြောကြမယ်ဆိုရင်တော့ သည် The Belt of Venus ခေါ် Venus's Girdle ဟာ ပန်းနုနှင်းဆီရောင် ကောင်းကင်ပြင်ကြီးအနေနဲ့ကော ၊ နီဝါရောင် ညနေခင်လွင်ပြင်ကြီးအနေနဲ့ကော သိပ်မကြာတဲ့ခဏအခိုက်အတန်လေး မှာဖြစ်ပေါ်တတ်ကြတယ်လိုဆိုထားပါတယ်။ သည်လိုဖြစ်ပေါ်တဲ့အချိန်ပြီးရင် နေရောင်ဟာ မိုးကုပ်စက်ဝိုင်းနဲ့ဝေးရာကိုရောက်သွားပြီမို့ အမည်းရောင် အမှောင်ဘက်ကို ဦးတည်သွားပြီဖြစ်ပါတယ်။အခုလို backscattering ကြောင့်ဖြစ်ပေါ်တဲ့ သဘာဝပန်ချီကား လိုအချိန်တွေကို နေ့စဉ်နေ၀င်နေထွက်တိုင်းမှာ မြင်တွေ့နေရခြင်းဟာ ကျွန်တော်တို့လှည့်လည်နေတိုင်နေတဲ့ နေမိသားစုအဖွဲ့ကြီး ကပေးတဲ့ အရိုးရှင်းဆုံးအလှအပ တရားလို့ စာရေးသားသူက အနှစ်ချူပ်အနေနဲ့ ရှင်းပြ ပေးထားလိုက်တယ်လို့ ကျွန်တော် သင်ကြားမိလိုက်ရပါတယ်။

NHL : Source & Photos :WiKi

Filter Types And Their Usage (Credit MLM)

ယနေ့ အသုံးများတဲ့ Filter types တွေက UV Filters တချို့  စာအုပ်တွေမှာ Haze Filter လို့လဲသုံးပါတယ်, Linear & Circular
Polarizers ရယ်၊ Neutral Density (ND) ရယ်၊ Graduated Neutral Density (GND) ရယ်၊ Warming / Cooling Filter တို့ ကို အဓိကထား သုံးကြပါတယ်။ အသုံးပြုပုံ အချို့ ကို အောက်ပါဇယားတွင်ကြည့်ရှု့ နိုင်ပါတယ်

Filter Types Primary Usage Common Subject matter
UV/ Haze Filter

Improve Clearity with Film and

Provide Lens Protection

Any

Linear and Circular

Polarizer

Reduce Glare,

Improve Saturation

Sky, Water, Foliage

In Landscape Photography

Neutral Density (ND) Extend Exposure Time

Waterfalls, Rivers,

Under Bright Light

Graduated Neutral

Density (GND)

Control Strong Light Gradient,

Reduce Vignetting

Dramatically Lit Landscapes
Warming/ Cooling Change White Balance

Landscapes, Underwater,

Special Lighting.

UV/ Haze Filter

ယနေ့  ခေတ်မှာတော့ UV filter ကို Lens ကိုကာကွယ်ရန် အတွက်သာ အဓိကတားသုံး ရုံကလွဲပြီး ပုံရိပ်အပေါ်အခြားသိသာထင်ရှားတဲ့ သက်ရောက်မှု့ မရှိတာတွေ့  ရပါတယ်။ Digital Camera Sensor တွေဟာ Film Camera တွေလောက် UV Light တွေအပေါ် Sensitive မဖြစ်လို့ ပါပဲ။

Linear and Circular Polarizer

Linear and Circular Polarizer ကတော့ Landscape Photography အတွက် အရေးပါဆုံး filter ပါ။ အဲဒီ filters တွေက ရောင်ပြန် တွေ တံလျှပ်တွေကို sensor ဆီကိုမရောက်အောင်လျှော့ ချပေးပါတယ်။ Polarizer တွေဟာ Polarizing Sunglass တွေလိုပါပဲ ကောင်းကင်တွေကို ပိုပြီး ပြာစေတယ် ရေ၊ မှန် နှင့် အခြားသော မျက်နှာပြင်တွေ ပေါ်က ရောင်ပြန် အလင်းတန်း တွေကို sensor ဆီကို မရောက်အောင် လျှော့ချပေးပါတယ်။ ကောင်းကင်နှင့် မြေကြီး အစပ်ကြားက contrast ကိုလျှော့ချပေးပါတယ်။

Polarizers တွေအကြောင်းကို အောက်ကလင့်ခ် မှာတော့ အကျယ်တ၀င့် လေ့လာနိုင်ပါတယ်

http://www.bobatkins.com/photography/technical/polarizers.html

အသုံး ပျြုနည်း ကိုတော့ How to use a polarizer ဆိုပြီး youtube မှာရှာကြည့် နိုင်ပါတယ်။

Neutral Density Filter (ND)

ND Filter တွေကတော့ Camera ရဲ့  Sensor ဆီကို လာတဲ့ အလင်းပမာဏ ကို အချိုးညီညီ လျှော့ ပေးတဲ့ Filters တွေပါ။ ND Filters တွေဟာ ISO setting အနိမ့်ဆုံး နဲ့  Aperture size အသေးဆုံး ပေးထားတာတောင် လိုချင်တဲ့ Long Exposure မရရင် အရမ်း အသုံးဝင်ပါတယ်။

ND Filters တွေကို

- ရေတံခွန်တွေ၊ရေပန်းတွေ။ မြစ် တွေ၊ ချောင်းတွေ၊ ပင်လယ် ကရေ တွေရဲ့  စီးဆင်းမှု့ ကို ချောမွေ့  စေချင်လျှင်

- အရမ်းလင်းတဲ့ နေရာတွေ မှာ Depth of Field ကိုတိမ်ချင်လျှင်

- Aperture ကျယ်ကျယ်သုံးပြီး sharpness ကိုလျှော့စေချင်လျှင်

- ရွေ့  လျားနေတဲ့ ကားနှင့် လုတွေကို လျော့ စေချင်လျှင် မပေါ်စေချင်လျှင်

သုံးပါတယ်။

ND Filter တွေကို hoya, B+W, Cokin, Lee, Tiffen, Leica နှင့် အခြားသော Company တွေကထုတ်လုပ်ကြပါတယ်။

ND Filter တွေမှာ အ၀ိုင်းကော လေးထောင့်ကော နှစ်မျိုး စလုံး ရှိပါတယ်။ လေးထောင့်ကတော့ Filter Holder တွေ Adapter Rings တွေကို Lens ရဲ့  ဆိုဒ် အလိုက်ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။ ဘာလို့ လဲဆိုတော့ မိမိ Lens ရဲ့  Diameter, အသုံးပြုမယ့် Focal Length အပေါ် မူတည်ပြီး Series တွေကွာလေ့ ရှိတာမို့  ပါ။ ပြီး တော့ fstop ကိုဘယ်လောက်လျော့ စေချင်သလဲ အပေါ်မှာ မူတည်ပြီး filter တွေလဲ ကွာသေးတာ မို့ ပါ။

Cokin ရဲ့  web page မှာ လေ့လာကြည့်ပါ

http://www.cokin.co.uk.pages/main.htm

ND filter တွေကိုထုတ်လုပ်တဲ့ Company အပေါ်မူတည်ပြီး ယူနစ်တွေက ကွာတာဖြစ်လို့  ဘယ်လောက်အလင်းရောင်ပမာဏ ကိုဘယ်လောက် လျှော့ချ ချင်သလဲဆို တာကို အောက်ပါဇယားတွင်လေ့ လာကြည့်ပါ။

Amount of Light Reduction


f-Stop Fraction Hoya, B+W and Colkin Lee, Tiffen Leica
1 1/2 ND2, ND2X 0.3 ND 1X
2 1/4 ND4, ND4X 0.6 ND 4X
3 1/8

ND8, ND8X

0.9 ND 8X
4 1/16 ND16, ND16X 1.2 ND 16X
5 1/32 ND32, ND32X 1.5 ND 32X
6 1/64 ND 64, ND64X 1.8 ND 64X

Graduated Neutral Density Filter (GND)

GND Filters တွေကတော့ တ၀က်က ND Filter ဖြစ်ပြီး တ၀က်က ပြောင်ပါ။ ပုံရိပ်ကိုဝင်လာမယ့် အချို့ သော အလင်းရောင်တွေကို ကန့် သတ်စေခြင်းအားဖြင့် ပုံရိပ်ကို ချောမွတ်စေပါတယ်။ Digital Camera နှင့် exposure setting နှစ်မျိုးထား ရိုက်ပြီး photoshop ထဲမှာ linear gradient ကိုသုံးပြီးပေါင်းလိုက်သလိုပါပဲ။ ဥပမာ အားဖြင့် ကောင်းကင်လဲပြာချင်တယ်၊ မြက်ခင်းလဲ စိမ်းချင်တဲ့ အခါမျိုးမှာပေါ့။

အောက်ကလင့်ခ် မှာ အသေးစိတ်လေ့လ့ကြည့်ပါ

http://www.nathangriffin.com/technical/how_to_graduated_nd.htm

GND Filters တွေဟာ fast moving subject တွေမှာ သုံးဖို့ တော့ မသင့်တော်ပါဘူး။ GND filters တွေဟာ noise နဲနဲ တက်လာတတ်တာ ကို တော့ သတိပြုပါ။ GND Filters တွေဟာ အဓိက အားဖြင့် soft edge GND, Hard edge GND နှင့် Radial Blend ဆိုပြီး ၃မျိုး ရှိပါတယ်။

soft edge GND က ND ကနေ တဖြည်းဖြည်း ကြည်သွားတာပါ။

Hard Edge ကတော့ ND ကနေ ရုတ်တရက် ချက်ချင်းကြည်သွား တဲ့ filter မျိုးပါ။

Radial Blend ကတော့ အလည်ခေါင် ကနေ ဘေး တဖက်တချပ် ဆီကို ကြည်သွားတာ မျိုးပါ။

Cool and Warm Filters

Cool and warm Filters တွေကတော့ Camera ရဲ့ sensor ဆီကို လာတဲ့ အလင်းရောင်ရဲ့  White Balance ကိုပြောင်းပေးတဲ့ filters တွေပါ။

ဥပမာအားဖြင့် တိမ်ဖုံးတဲ့ နေ့ တွေမှာ နေ၀င်တာကို ရိုက်ချင်ရင် Warm filters တွေကို သုံးလေ့ရှိပါတယ်။ ဒီ filter တွေဟာ တဖြည်းဖြည်း အသုံးနဲ လာတဲ့ filter တွေပါ။ Digital camera တွေမှာ white balance ကပြင်လို့ ရတာ ဖြစ်လို့ ပါပဲ။

အခြား filter တွေလဲ ရှိပါသေးတယ်။

မီးလုံးတွေကို ရိုက်လိုက်လျှင် Star effect ထွက်စေတဲ့ Star filters, Diffuser filters, sunset filters တို့ ပါ။

portrait filters တွေလဲ ရှိပါသေးတယ်။ ကျွန်တော်က Portrait Photography ကိုနကန်း တလုံးမှ မသိလို့  မဆွေးနွေးတော့ ပါဘူး။

လိုအပ်ချက်များရှိခဲ့ ရင်လဲ ဖြည့် ပြီးဆွေးနွေးပေးကြပါ။ အမှားပါခဲ့ လျှင်လဲ ပြင်ပေးကြပါ။ အချိန်ပေး ပြီး ဖတ်တဲ့ အတွက်ကျေးဇူးတင်ပါသည်။


Scource: Myanmar Lens Man

Can't Wake Up




Singapore Zoo ကိုသူငယ်ချင်းတွေနဲ့သွားတုန်းက အမှတ်မထင်ရလိုက်တဲ့ပုံလေးပါ။ နေရာအတိအကျ ပြောရမယ်ဆိုရင် Zoo ထဲက သားပိုက်ကောင်တွေရုံထဲမှာရလိုက်တာပါ။ ကျွန်တော့်သူငယ်ချင်း ကိုဖြိုး နဲ့ ဥာဏ်ကြီး တို့ရိုက်နေတာတွေ့တော့ ဘာရိုက်နေကြတာလဲသွားစပ်စုရာက သူတို့ကပန်းလေးတွေကိုရိုက် နေတာ။ကျွန်တော်လဲ အမဲရှာတဲ့မုဆိုးလိုလိုက်ရှာလိုက်တော့ ဘေးနား ထင်းရှူးပင်လေးမှာ မိုးရွာပြီးစမို့ မိုးရေ လေးတွေ တွဲလွဲခိုနေတဲ့ ထင်ရှူးကိုင်းလေး ပေါ်အာရုံရောက်သွားပါတယ်။ ဒါနဲ့ 50MM လေးကိုထုတ် F 1.8 ထား
Focus ကို Manual မှာဆက်တင်ထားပြီး ISO 200 လောက်နဲ့ရိုက်လိုက်ပါတယ်။ ၅ ပုံ ၆ ပုံရိုက်ရာမှာ သည်တစ်ပုံဘဲကျန်ခဲ့တာပါ။ အလင်းအမှောင်နည်းနည်းလေး ချိန်ပြီး Temp Kelvin ကို အအေးဘက်ချထား လိုက်တော့ ကျွန်တော်တကယ်ဘဲ ဆောင်းတွင်းရွာတဲ့မိုး မနက်ခင်းလေးထဲ ရောက်သွားသလိုခံစားလိုက်ရပါတယ်။ ဒါကြောင့်ဘဲ "မနက်အိပ်ယာမထချင်ပါ" လို့ .......။
Original Quality : ဒီမှာဖွင့်ကြည့်ပါ

Saturday, December 18, 2010

I Wann Write Poem


ကဗျာတောင်ရေးချင်လာပြီ………………..

ပျင်းတွဲတွဲ Bus ကားပေါ်ကနေ ..

အဆုပ်လိုက်အဆုပ်လိုက် ပွင့်ရဲလိုက်ကြတာ တိမ်တွေရယ်

အပြာနောက်ခံ (မှ) အားမနာ…

သူ့မှာရှက်ပြုံးတွေနဲ့………………..။


ကဗျာတောင်ရေးချင်လာပြီ………………..

ရုံးအဆင်းတစ်ခုမှာ ………

ရီးလေးခို လာတဲ့ရထား … ( လူ့ ) ပရိတ်သတ်ကြီးရဲ့အလယ်..

ကြပ်သိပ်တိုးတိုး.. ခပ်လျှိုလျှိုလေးတိုးဝင်ပျောက်ကွယ်…..

ချွေစ ကိုယ်သင်းနံ့ (သူမ) နားရောက်တော့ …

တစ်ချက်ခိုးကြည့်မိ .. သူ့မှာ….

ရှက်ပြုံးတွေနဲ့………………..။


ကဗျာတောင်ရေးချင်လာပြီ………………..

အိမ်ကိုပစ်ပြီး… ဟိုးအဝေးကိုရောက်နေပါတယ် ..

မတူခြားနား ယောင်ချာချာပတ်ဝန်းကျင်ကြားမှာ ..

အမေအိုနဲ့ အိမ်ပျို ကိုအိပ်မက်မက်မိပါရဲ့

အဲ့သည့်ည………..

ကျွန်တော့်မှာ………….

ရှက်ပြုံးတွေနဲ့………………..။


. (18/12/2010)

Friday, November 26, 2010

Little Girl

Little Girl လို့နာမည်ပေးထားတဲ့သည်ပုံလေးကို။ မထင်မှတ်ဘဲ ကျွန်တော်ပုံချိန်ရင်းရသွားပါတယ်။
ရိုက်ခါစက သည်လိုလုပ်မယ်လို့ရည်ရွယ်ထားပေမယ့် သည်လောက်အထိ ထွက်လာလိမ့်မယ်လို့မမျှော်လင့်မိပါဘူး။ အဲ့သည့်အချိန်က ကျွန်တော်သွားချင်နေတဲ့ Photography ပိုင်းကိုနည်းနည်းလေးရောက်သွားတယ်လို့တော့ ပြောလို့ရတာပေါ့။ ထပ်ခါထပ်ခါကြည့်လေ လိုနေသေးတာတွေ အမှားတွေ အများကြီးကိုမြင်လာရတယ်။ သင်ခန်းစာတွေအများကြီး သည်ပုံလေးမှာကျွန်တော်ရသွားတယ်။
သည်လိုပုံစံထဲကဆိုရင်တော့ သည်ထက်ပိုပြီးပြတ်သား ပြီးပြချင်တဲ့ဟာမျိုး ကျွန်တော် မရိုက်တတ်သေးတာသေးတာကတော့အသေအခြာပါဘဲ။ :)

လမ်းလျှောက်ထွက်ခြင်း














ပုံသမားဖြစ်လေတော့ လက်ကအငြိမ်မနေနိုင်ဘူးလေ.. ။ မြင်လာတဲ့ဟာကိုမရှိရှိတာနဲ့ရိုက်မိလိုက်တယ်ဗျာ။
ကျွန်တော်အမြဲရထားစောင့်နေကြမှတ်တိုင်လေးပါ။ မနေခြည် စီးလာမယ့်ရထားကိုအတူတူစီးပြီးအိမ်ပြန်ဖို့
၁နာရီလောက်ကျွန်တော် စောင့်စောင့်နေတဲ့ဘူတာရုံလေးပေါ့။ အဲ့သည့်မှာရိုက်ထားလိုက်တာပါ။

နှစ်ဆယ့်ခြောက် နိုဝင်ဘာ ၂၀၁၀

အခုတလော အဆင်မပြေတာလေးတွေ ခပ်စိတ်စိတ်ဖြစ်နေတယ် စိတ်အနှောက်အယှက်ဖြစ်စရာတွေပေါ့ သေခြာပေါက် ပြသနာမရှိနိုင်ဘူးလို့ထင်တဲ့ ပွိုင်တွေကနေ လှမ်းလှမ်းတက်နေတာတော်တော်ဆိုးတယ်။
သည်နေ့အိမ်မက်မက်ပြန်တယ် အိပ်မက်ထဲမှာ ကင်မရာလွယ်ရင်း ဘဲ မြစ်ကမ်းတစ်ခုဘေးကိုရောက်သွားတယ် မြက်တွေလေထဲ ရမ်းနေတယ် ကောင်ကင်မှာတိမ်တွေအလိတ်လိုက်တက်လာတယ် မိုးတွေရွာချတော့မယ်။ ကင်မရာကို ကိုင်ထားပြီး ပုံတွေရိုက်နေတုန်း .. တဖြေးဖြေးရေတွေ ခြေထောက်တစ်လျောက်တက်လာတယ်။ နည်းနည်းလန့်သွားတော့ ကုန်းမြင့်ရေလွတ်တဲ့နေရာနဲ့တော်တော်ဝေေ၀းမှာ ငါ.. ရောက်နေတာပါကော.. ကုန်းမြင့်လေးဘက်ကို အသည်းအသန်ပြေးသွားနေပေမယ့် .. ရေတက်လာတာတွေကတဖြေးဖြေးရပ်မသွားဘူး ငါ့ ကိုယ်ပေါ်တွေကိုတဖြေးတဖြေး မြင်လာတာ.. ရင်ဘက်ကျော်တော့မယ်... မလွတ်နိုင်တော့ဘူးဆိုတာ သိနေတယ် ..အတင်းရုန်းကန်ပြီးသွားနေရတယ်... တဖြေးဖြေးတိမ်တွေမည်းနက်လာပြီး .. မိုးတွေသည်းသည်းရွာနေတာတဲ့ကြားမှာ ကြောက့်လန့်တကြား မနက်တစ်ခုနိုးလာခဲ့ရတယ်။ သက်ပြင်းတစ်ချက် ချလိုက်တယ်.. ငါဘာတွေအခုတလောဖြစ်နေတာလဲလို့.. သွားတိုက်ရင်းလဲ သည်အကြောင်း ဘဲခေါင်းထဲရောက်နေပြန်တယ်... ။ နောက်ခပ်စစလေးပြုံးမိလိုက်တယ်.. သြော်အိပ်မက်ထဲမှာ ငါရေကူးတတ်တာ ငါမေ့နေတာပါလားလို့ ..........။ စိတ်ပေါ့ပေါ့ ပါးပါးထားပြီး အလုပ်ထွက်ခဲ့လိုက်တော့တယ်။

Friday, September 17, 2010

ကျွန်တော်ကြောက်သော အချစ်အကြောင်း















ချစ်ခြင်းသည် တေးသွားတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုလျှင် ကျွန်တော်ဟာ တူရိယာတီးခတ်သူ အတီးသမား သက်သက် သာဖြစ်ပါသည်။သံစဉ်နှင့်မယဉ်ပါး တီးကွက် မရခဲ့စဉ်အခါ အစိမ်းသက်သက်ဖြစ်လေတော့ အထားအသိုမညီ လက်သံမပြီဘဲ အရိုင်းအစိုင်းတေးတစ်ပုဒ်လို တီးမိကောင်းတီးမိခဲ့ပါလိမ့်မည်။ အချိန်ကာလ ကြာလာသည်နှင့် အမျှ တေးသွားနဲ့ယဉ်ပါး ကြားရသူတိုင်းအတွက်သာယာဆွတ်ပျံ့ ဖွယ် ညနေခင်း သံစဉ်တစ်ပုဒ် လိုအေးမြစေခဲ့ ပါသည်။

ကျွန်တော် အချစ်ဆိုသည့်အရာအား နားလည်ရန်အလွန်ခက်ခဲခဲ့ပါသည်။ ငယ်စဉ်က အရှင်သခင်လို့ ယုံကြည် ကိုးစား မိခဲ့သလို အချိန်နည်းနည်းရလာတော့ လည်း လက်တွဲဖော် မိတ်ဆွေကောင်း တစ်ယောက်လို မြင်လာ ပြန်ပါရော။ အခုကော.. ? အခုတော့အချစ် ဆိုသောအရာသည် သားသမီးတစ်ယောက်လို တယုတယ ပြုစု ပျိုးထောင် နေမိပြန်ပါသည်။အချစ်ဆိုသောအရာနှင့်အတူ သီချင်းများ ဟစ်အော်ခဲ့ဘူးပါသည်။ အရက်ဆိုင်လဲ အတူထိုင်ခဲ့ဘူးပါသည်။ သို့ဆိုခဲ့ပါသော် သူနှင့် အတူ ပူလောင်ခြင်း ၊ အေးမြ ခြင်း၊ ကြည်နူးခြင်း ၊ လွမ်းမောခြင်း ပြဇတ်တစ်ပုဒ်ကို ပရိတ်သတ်ရှေ့ ချပြခဲ့သော ရင်သတ်ရှူ့ မောဖွယ်ရာ အခန်းဆက်ပြဇတ်ရှည်တစ်ပုဒ် ဖြစ်ခဲ့သည် ဟုဆိုရပါတော့မည်။

ကဲ .ဒါဆိုလျှင် အချိန်တွေနှစ်တွေကြာလာတော့ အချစ်ဆိုတာ ပျောက်ပျက်အေးခဲသွားပြီလား? မဟုတ်ခဲ့ပါ ...။ ဘ၀အစက ရေလမ်းခင်း မြစ်သစ်တစ်စင်းလို့ အဟုန်နဲ့ တွန်းတိုက်စီးဆင်းရာကနေ ပုံစံပြောင်းလဲခဲ့ပါပြီ။ သွေးဆူ ချေဖျက်လွယ် မြစ်ကြမ်းတစ်စင်းအနေကနေ ခမ်းနား ရင့်ကျက်စွာ မြစ်ယဉ်တစ်စင်းအနေနဲ့ ကျွန်တော့် ရင်မှာ စီးဆင်းနေခဲ့ပါပြီ။

နွေသည်လဲ အေးမြနိုင်ခဲ့ပါပြီ ဆောင်းတွင်လဲ နွေးထွေးနိုင်ခဲ့ပါပြီ။ ဘ၀စာသင်ခန်းအိုတစ်ခုရဲ့ အခန်းထောင့် တစ်နေရာ က ကျောင်းသားသစ်တစ်ယောက် အနေနဲ့ကနေ ထိန်းမပံ့ပိုးနိုင်စွမ်းတွေ ရရှိခဲ့ပါပြီ။ ငယ်ရွယ် ပြေးလွှား ဆော့ကစားတတ်တဲ့ကလေးတစ်ယောက် ကြီးပြင်း ရင့်ကျက်ခဲ့ပါပြီ။

ကျွန်တော့် ထင်မြင်ယူစချက်တွင် ထိုသူသည်နှင်းဆီပန်းများအား မြတ်နိုးတတ်သူတစ်ယောက် ဟုဆိုခဲ့သော် မိမိဆုပ်ကိုင်ထားသော နှင်းဆီပန်းတစ်ပွင့် အားလဲ တန်ဖိုးထား တွယ်တာမိပါလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ဆုပ်ကိုင် ထားသော နှင်းဆီပွင့်ငယ်ရှိပါလျှက်နှင့် အခြားသော နှင်းဆီပွင့်များအား လိုချင်တက်မက်မိ ဖြစ်နေသည်ဆိုပါက။ ထိုသူသည် နှင်းဆီပန်းအား အမှန်တကယ် မမြတ်နိုး တတ် ၊ မနှစ်သက်တတ်သေးသောကြောင့် ပင်ဖြစ် ပါလိမ့် မည်။ အဝေးတွင်ရှိနေသော အရာများထက် လက်တွင်းရှိ နှင်းဆီပွင့်ငယ်အား မြတ်နိုးခုံမင်နှစ်သက်မိခြင်းသည်။ နှင်းဆီးပန်းများ၏ ဂုဏ်ပြုခြင်း ကိုခံရသကဲ့သို့ အချစ်ဆိုသောအရာအား တွေ့ရှိခြင်းလို့လဲ သတ်မှတ်မိကောင်းပါ လိမ့်မည်။

လောကသည် လေထန်ပါသည် ။ ကြမ်းတမ်းလွန်းလှပါသည်။ လျောက်နေဆဲ မပြီးဆုံးသေးသော လမ်းတစ်ကွေ့ သို့မရောက်မီပင် ပျက်စီးပျောက်ကွယ် လွယ်လှပါသည်။ ပိုးအိမ်ကဲ့သို့ နုညံသိမ်မွေ့လွန်းလှပါသည်။ တစ်ခါတစ်ခါ စဉ်းစားမိပါက ကျွန်တော်ရင်နင့်မိပါသည်။ ဘယ်သောအချိန် ဖြတ်ခနဲ့ ရပ်တန့်သွား မည်မသိသောလမ်းတွင် ချစ်သူနှင့်ယှဉ်တွဲလျှောက်နေရသော ဘ၀အခိုက်အတန့်လေးအတွင်း ချစ်သောသူပျောက်သွားမှာကို စိုးရိမ် လွန်းလှပါသည်။ ကျွန်တော်သည်လဲ ချစ်သူနှင့်အတူ ဆက်မလိုက်နိုင်ဘဲ လမ်းတစ်ဝက်တွင် ရပ်တန့် ပျောက် ကွယ်သွားမှာ တွေးပူမိပါသည်။ သို့ပေမယ့် မတတ်နိုင်ပါ .. တချိန်တစ်ခါသို့ရောက်လာလျှင်ဖြင့် ခွဲခွာထား ရစ်ခဲ့ရပေဦးမည်။ “အိပ်ယာထက် ခေါင်းဦး တစ်လုံးသာကျန်ရစ်သော” အိပ်ယာဝင်ချိန်တွေ တွေ့ကြုံ လာရပါဦးမည်. ပူလောင်လွန်းလှပါ၏။ ငိုချင်လွန်းလှပါသည်။ ထိုသို့သော အခါတွင် အထီးကျန်ဖြစ်ကျန်ခဲ့သဖြင့် ဟု မဆိုနိုင်သကဲ့သို့ ကျွန်တော်သည်လဲ စွန့်ခွာသွားရသူ ဖြစ်ကောင်းဖြစ်နိုင်သူမဟုတ်ပါလား။ မမြင်နိုင်ပါ။ မသိနိုင်ပါ။

အချစ်သည်.. နာကျဉ်ခံစားမှု့များအား ပေးလွယ်သလို၊ ချစ်လွန်းသဖြင့် ရင်ခုန်ရလျှင်လဲ နှလုံးသား အနားစပ် နံရံလေးများ တဆစ်ဆစ်ခါအောင် တဖျစ်ဖျစ်မြည် သကဲ့သို့ ချစ်ခြင်းအရသာကို နှစ်နှစ်ကာကာ ခံစားဖူးကြပါ လိမ့်မည်။ ကျွန်တော်ကတော့ ခံစားနေရ မြဲဖြစ်ပါသည်။

တိုးတောင်းလွန်းလှသော အချိန်အတွင်း တွင် နာရီလည်ပတ်မှု့ကလဲ မြန်ဆန်လွန်းလှပါ ၏။ ထိုဘ၀တစ်ကွေ့ ခဏတာ ရှိနေရခိုက်လေးတွင် လက်တွင်းမှ ကျွန်တော့် ပန်းလေးတစ်ပွင့်ကိုမြတ်နိုးယုယစွာဖြင့် မြစ်ယဉ်တစ်စင်း လိုထာဝရ ငြိမ်းသက်အေးချမ်းစွာ.။ ဆွတ်ပျံ့ ဖွယ် ညနေခင်းတေးသွားနရီကြားမှာ နှစ်ဦးသား ရှိနေခိုက်လေး ချစ်နေ ရင်းက လမ်းလေးဆုံးသွားမည့်အချိန်ကို စိုးတထိတ်ထိတ် တိုးတိတ်ကြေကွဲစွာ ကြောက်လန့်နေရပါတော့သည်။



နိုင်ထွန်းလွင်

၁၇။၀၉။၂၀၁၀

1:30am

Saturday, August 14, 2010

This is when I become photographer



Is this a photo which could change my life and connect to me with another world? What is this world?This is a photography world.Above photo was taken a couple of years ago which i took it from kitchen of my girlfriend's flat by using with my normal cyber shot H7 camera.At that moment,rain just stopped and i saw these two birds on next building.As a tiny knowledge of my primary school time,if we saw this kind of two birds together which would bring good luck to us and i still believe in it.That was why i took this photo and then adjusted the colors slightly and uploaded on my facebook.I did not know that these birds brought good luck for me or not,anyway i got supporting from some of my friends.So for my life,this photo really supported to me a lot and i posted it out on my blog as a very first photo.