Friday, January 21, 2011

Getting Started in DSLR Photography

ကျွန်တော် DSLR စစခြင်း ရိုက်ခဲ့တဲ့အချိန်မှာ အတော့်ကို အခက်အခဲတွေတွေ့ခဲ့ရပါတယ်။ User Guide ကိုဖတ် တာတောင် နားမလည်တဲ့စကားတွေ စာလုံးခေါ်တွေအတော်ကိုများများပါနေတယ်။ သည် DSLR Photography လောက ထဲကို နကန်း တစ်လုံးမှမသိပဲနဲ့ Photo ရိုက်ရတာဝါသနာပါတာတစ်ခုထဲနဲ့ဝင်လာခဲ့တာပါ။ အခေါ်အဝေါ် တွေမသိ အခြေခံသဘောတရားတွေနားမလည် လနဲ့ချီပြီး စာအုပ်ပုံကြားမျက်နှာအပ်ပြီး ကင်မရာကို ကုတင်ဘေး ထားအိပ် တရေးနိုး ဖတ်ထားတဲ့စာအုပ်ထဲကအတွေးတွေပေါ် ဟုတ်မလား ဆိုကုတင်ဘေးက ကင်မရာယူစမ်းနဲ့ ညပေါင်းများစွာ ကိုကျော်ဖြတ်ခဲ့ပါတယ်။ အမြဲတမ်းလိုလို Library ထဲသွားပြီး မွှေနှောက် ဖတ် မသိတာတွေကို ကိုယ့်ထက်သိတဲ့ သူတွေဆီမှာ လိုက်မေးရင်းတဖြေးဖြေးစုခဲ့ရပါတယ်။ ကျွန်တော်ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက အခုပြထားတဲ့ http://www.digitalslrphoto.com ကထုတ်တဲ့စာအုပ်တွေကို ကျွန်တော် အခုလက်ရှိအချိန်အထိ အကြိုက်ဆုံးပါပဲ။ တိုတိုနဲ့ ထိထိရောက်ရောက်ရှင်းပြနိုင်တာကိုကျွန်တော်သဘောကျ နေမိတယ်။ လက်တွေ့ကျတဲ့ သင်ခန်းစာတွေနဲ့ အပြင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကွက်တိ ရှင်းပြနိုင်တာကြောင့် သူတို့ဆီကစာအုပ်တွေကို ကျွန်တော်ရနိုင်သမျှ စုဆောင်းထားမိတယ်။ ထုတ်တဲ့စာအုပ်တွေ ထဲက ပထမဦးဆုံး အနေနဲ့ Getting Started in Digital SLR Photography စာအုပ်လေးနဲ့ အသစ်အသစ် များစခဲ့တဲ့သူတွေများရှိရင် နောက် DSLR ကင်မရာမှမဟုတ်ပါဘူး သာမာန် ကင်မရာတွေပါ သိသင့်တဲ့ အခြေခံသဘောတရားလေးတွေ ကိုလိုတိုရှင်းပြထားတဲ့စာအုပ်လေးမို့ ကျွန်တော့်ကိုမျှဝေခွင့်ပြုပါ။ အောက်မှာပြထားတဲ့ လင့်ကနေ Download လုပ်ယူနိုင်ပါတယ်။


Download လုပ်ယူရန် http://www.mediafire.com/file/bla9r7ln70q1c2c/Getting%20Started%20in%20DSLR%20Photography.pdf

No comments:

Post a Comment