
တစ်နေ့တစ်နေ့ လှုပ်ရှားသွားလာနေရတဲ့လောကမှာ repeatition ဆိုတဲ့ထပ်ခါ တလဲလဲဖြစ်စဉ်တွေက
ကျွန်တော့်ကိုအလွန် ငြီးငွေ့စေပါတယ်။ မနက်အလုပ်သွားတော့လဲ သည်အချိန်သည်နာရီ ၊ သည်မှတ်တိုင် မှာ သည်လူတွေတက်ပြီး သည်လူတွေဘဲဆင်းကြတယ်။ ရထားစီးတော့လဲ ထိုင်ခုံမရဘူးလား မပူပါနဲ့ အနီးဆုံး ဘူတာမှာ ဆင်းမယ့်သူကို အချင်းချင်းသိပြီးသားပါဘဲ။ သူနားသွားရပ်နေလိုက်ယုံနဲ့သူဆင်းမယ့်မှတ်တိုင် မှာ သူကဆင်းသွားတာပါဘဲ။ ကျွန်တော်ဆင်းမယ့် ဘူတာနားနီးရင်လဲမျက်မှန်းတန်းမိနေတဲ့သူတစ်ယောက်က အဆင်သင့်ဘေးမှာရပ်နေပြီးသား။ ကျွန်တော်ဆင်းလိုက်တာနဲ့ သူက နေရာယူပြီးသားပါ။ သိပ်တိကျမှန်ကန် လွန်နေတဲ့ အချိန်ဇယားအောက်မှာ စက်ရုပ်တွေလို တက်သုတ်ရိုက်သွားလာနေရတာတွေကို ကျွန်တော် တဖြေးဖြေး ရိုးအီလာတယ်။ ခံစားချက်မပါတဲ့ မျက်နှာသေတွေနဲ့ လှုပ်ရှားနေကြရတာကိုလဲ သနားလာတယ်။ ကျွန်တော့်ထွက်ပေါက်တစ်ခုဖြစ်တဲ့ ပုံလေးတွေရိုက်တဲ့ ၀ါသနာဟာလဲ သည်လိုငြီးငွေ့မှု့တွေအောက်မှာ ပိုပြီးဆူပွက်ပေါက်ဖွားလာရပါတယ်။ သည်ပုံလေးကတော့ စင်္ကာပူမြို့လည်ခေါင်က နာမည်ကြီး Raffles Place က မိုးမျှော်တိုက်ကြီးတွေကို ကျွန်တော့်ခံစားချက်အမြင်နဲ့ အရောင်ချိန်ပြီး A Cornor of the Robot City လို့နာမည်ပေးမိ လိုက်ပါတယ်။
No comments:
Post a Comment