Saturday, February 12, 2011

အစားအသောက်လှလှလေးဖြစ်အောင် ရိုက်ကြရအောင် (၁)


Food Photography ဆိုတဲ့ အစားအသောက်အလှပုံတွေကို ဘယ်လိုလှအောင်ရိုက်ကြမလဲလို့

ကျွန်တော်လိုက်ရှာပြီး စုစည်းမိလိုက်ပါတယ်။ လွယ်လဲလွယ်ကူမယ် လူတိုင်းလဲ ကင်မရာအသေးလေး တွေနဲ့ ပါ ပုံလှလှလေးတွေ ထွက်အောင် ရိုက်ဖို့အဆင်လဲ ပြေစေအောင်ပေါ့။ ဟိုစပ်စပ် သည်စပ်စပ်လေးတွေစုပြီး ရေးထား တာဖြစ်တဲ့အပြင် အလွယ်ဖြစ်အောင်ရေးထားလို့ အသေးစိတ် လိုအပ်တဲ့အချက်တွေ ရှိနေဦးမှာဖြစ်ပါတယ်။ Tips လေးတွေ သဘောအနေနဲ့ပဲ ကျွန်တော်ရေးလိုက်ရပါတယ်။

အစားအသောက် ပုံတွေကိုရိုက်တဲ့အခါမှာ အကောင်းဆုံး အလင်းရောင် ပေးစနစ်ကတော့ သဘာဝ အလင်းရောင်ဖြစ်ပါတယ်။ သဘာဝအလင်းရောင် တိုက်ရိုက်ကျနေတဲ့ နေရာမှာ ရိုက်ရင် ပုံထွက်တွေဟာ ပိုပြီးသဘာဝဆန်တယ်လို့ ပြောကြပါတယ်။ အထူးသဖြင့် ပြတင်းပေါက် နဲ့နီးတဲ့နေရာမှာ ရိုက်သင့်ပါတယ်။ ပြတင်းပေါက်ကနေ ကျနေတဲ့အလင်း အထူးသဖြင့် မနက်ခင်းအလင်းရောင်ဟာ စူးရှလို့ မနက်ခင်း အလင်းရောင်နဲ့ဆို ပုံလေးတွေ ပိုလှနေတတ်ပါတယ်။ တခြားနည်းလမ်းတစ်ခုအရ Flash တွေကို Bounced off လုပ်ပြီးရိုက်မယ်ဆိုလဲ ပုံထွက်ကောင်းတယ်လိုဆိုပါတယ်။ အစားအသောက်အပေါ် ကိုကျနေတဲ့အလင်းဟာ ၄၅ ဒီဂရီလောက် စောင်းကျနေတာမျိုး ဆိုကောင်းမယ်လို့လဲ ပြောထားတာတွေ့ရပါတယ်။ အစားအသောက်ပုံတွေ ကိုရိုက်တဲ့အခါဆိုရင်ဖြင့် ရေပြင်ညီ နဲ့အညီရိုက်တာရှိသလို နောက်တစ်မျိုးက ရေပြင်ညီ ရဲ့အထက် အပေါ်အနည်းငယ်ကနေ ရိုက်သင့်တယ်လို့လဲ အကြံပေးထားတာ ကျွန်တော်ဖတ်ရပါတယ်။ ဘာအတွက်လဲဆိုတော့ ပုံထဲမှာ အစားအသောက်အရိပ်လေးလဲပါလာတော့ အမြင်တစ်မျိုးဖြစ်တာပေါ့ခင်ဗျာ။

ကင်မရာ အသေးလေးတွေနဲ့ Flash ထည့်ရိုက်တဲ့အခါမှာ ပုံတွေဟာ ဖြူဖွေးထွက်လာတာတွေ။ အသေးစိတ်မဖြစ်တာတွေ ၀ါးနေတာတွေရှိတတ်ကြပါတယ်။ ဖလက်ခ်ျကို ဒဲ့ချိန်ပြီးရိုက်လိုက်တဲ့အတွက် ဖြူဖွေးထွက်သွားကော။ ကင်မရာမှာဖလက်ခ်ျက တပ်ထားတာ ဒဲ့မချိန်လို့ဖြစ်လိုလုပ်မလဲဆို .မဟုတ်ဘူးခင်ဗျ ကျွန်တော်ဆိုလိုချင်တာက တည့်တည့်ရိုက်တာပါပဲ ဒါပေမယ့် တစ်ရှူးအဖြူစ ခပ်ပါးပါးလေးကို ဖလက်ခ်ျရှေ့မှာ ခံပြီးတောရိုက်ကြည့်ပါ အစားအသောက်တွေ အပေါ်အလင်းရောင်ဖျာကျတာ ပိုလှလို့ ပုံထွက်လေးတွေ ကောင်းလာမှာပါ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ ဓာတ်မီးအဖြူ ကိုတစ်ရှူး စ လေးခံပြီး မီးအနေနဲ့ထပ်ပေးပြီး ရိုက်တယ်ခင်ဗျ နေ ည ခွဲခြားသတ်မှတ်ထားတာမရှိပါဘူး။ လိုအပ်တယ်လို့ ခံစားမိလို့ နေ့လည် ဘက်ရိုက်လဲဖြစ်တာပါပဲ။ တစ်ရှူးရဲ့ အနီးအဝေးအကွာအဝေး ပေါ်မူတည်ပြီး အလင်းဖျာမှု့ ဟာ ပြောင်းလဲလာမှာပါ.။ စားပွဲတင် စာကြည့်မီး ကိုအသုံးပြုပြီးလဲရိုက်လို့ရပါတယ်။ကျွန်တော် စားပွဲတင်မီး ကိုအသုံပြုပြီး ပုံတွေအများကြီးရိုက်ကြည့်ခဲ့ဘူးပါတယ်။ စိတ်ကြိုက်လဲဖြစ်ပါတယ်။ ကင်မရာနဲ့ ညဘက်တွေ ရိုက်တဲ့အခါမှာ ပုံတွေဝါးနေတာတွေ ရှိတတ်ပါတယ်။ နောက် လူဖြစ်စေ ဘယ်အရာမဆို နှစ်ထပ်ဖြစ်နေတာတို့ မကြည်လင် မပြတ်သား တာတို့ရှိကြပါတယ်။ ဘာလို့ အဲ့လိုဖြစ်ရပါသလဲ ? ကျွန်တော်တို့လက်တွေက လှုပ်နေလို့ပါ။ သည်ဟာကို လတ်တလော နည်းလမ်း၂ခုနဲ့ ဖြေရှင်းလို့ရပါတယ်။ ပထမတစ်နည်းက ထွိုင်ပေါ့ ဆိုတဲ့ သုံးချောင်းထောက် ကိုသုံးတာပါပဲ။ သုံးချောင်းထောက်ဟာ အသေးလေးတွေလဲရှိပါတယ်။ လက်ကိုင် ဖုန်းအရွယ်သာသာလေးတွေပါ။ သယ်ရလွယ်ပါတယ်။ နောက်ဒုတိယနည်းက ကင်မရာအတော်များများမှာပါတဲ့ ISO Setting ဆိုတာရှိပါတယ်။ အဲ့သည့် ISO Setting ကို တင်ရိုက်ပေးပါ။ တင်ရိုက်တယ်ဆိုတာက 100 ကနေ 200, 300, 400,800 ,1600 စသည်ဖြင့်ပါ။ သည်နေရရာမှာ သတိထားရမယ့် အချက်တစ်ခုက ISO တင်လာတာနဲ့အမျှ Noise ဆိုတဲ့ဗြုပ်တွေ ထလာတတ်ပါတယ်။ သတိပြုရပါမယ်။ကျွန်တော်တို့ လက်တွေမှာ သတိမထားမိတဲ့ လှုပ်ခပ်မှု့လေးတွေရှိပါတယ်။ လက်ကိုဘယ်လိုပဲငြိမ်အောင်ကိုင်ထားထား ပုံထဲမှာ လှုပ်သွားတယ် လို့ပြောကြပါတယ်။ အဲသည်ဟာက တော့ လက်ကိုဘယ်လောက် ငြိမ်အောင်ထားထား ခလုပ် ကိုနှိပ်လိုက်တဲ့ အချိန်မှာ လှုပ်သွားတာကိုး။ ဒါကြောင့်မို့ သုံးချောင်းထောက်သုံးရင်ပဲဖြစ်ဖြစ်၊ သည်အတိုင်းလက်လွတ် အစားအသောက်တွေကိုရိုက်ရင်ပဲဖြစ်ဖြစ် Salf-timer 2 sec 5 sec စသည်ဖြင့်ပေးပြီး ၇ိုက်ကြည့်ပေးပါ။ထူးခြားလာတာတွေ့ရပါလိမ့်မယ်။

NaingHL

No comments:

Post a Comment