မင်္ဂလာရှိသောနှစ်သစ်ပါခင်ဗျာ။
သည်နှစ်ကူးလဲ အရင်နှစ်တွေလို ထူးခြားဖြစ်စဉ်တွေမရှိခဲ့ပါ။ ကျွန်တော်စင်္ကာပူရောက်ထဲက နှစ်သစ်ကူးတိုင်း တိုပါးယိုးကျောင်းမှာ ဦးလေးအဒေါ်တွေရဲ့ စုပေါင်းအလှုကိုသွားကူခဲ့တာမို့။ ထူးထူးခြားခြားခံစားချက် တော့မရှိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့ မနေခြည်နှစ်ယောက် ဟိုးပထမဦးဆုံးကြုံခဲ့ရတဲ့ နှစ်သစ်ကူးပွဲကိုသွား သတိရမိလိုက်တယ်ဗျ။စင်္ကာပူမှာပထမဦးဆုံးကြုံတွေရတဲ့ New Year Eve ပေါ့ခင်ဗျာ။ရန်ကုန်မှာဆိုသူငယ်ချင်း တွေနဲ့ ပျော်ပျော်ကြီးနွဲခဲ့ကြရာကနေ စလုံးရောက်တော့ ကျွန်တော်တို့ကိုအဒေါ်ကနေဘုန်းကြီးကျောင်းမှာလာကူ ဖို့ခေါ်ပါတယ်။ စရောက်ခါစ ကျောင်းသားဘ၀မို့ ငွေကြေးမသုံးဆွဲနိုင်တာတစ်ကြောင်း၊ အဒေါ်ကိုယ်တိုင်ပါဝင် ပြီးလုပ် ကြတော့ ကျွန်တော်တို့ငြင်းမရနိုင်တာကတစ်ကြောင်းမို့ သက်ပြင်းထွေထွေချပြီး ဘုန်းကြီးကျောင်းကိုသွားခဲ့ပါတယ်။ ရောက်ခါစ ပထမဦးဆုံး New Year Eve မှာ ဘယ်သူမဆိုတော့ ပျော်ချင် သိချင်မှာပေါ့နော်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဘုန်းကြီးကျောင်းမှာဘဲ ဝေယာဝိစ တွေကိုကူညီလုပ်ကိုင်ပေးခဲ့ကြတယ်။ နှစ်ကူးဖို့ နီးလာတာနဲ့ အမျှ ရင်တွေခုန်လာတယ် ၊စစချင်းက တော့အလှုမှာ နိုင်သလောက်သွားကူပြီး သူငယ်ချင်းတွေနဲ့ချိတ်ဖို့ပါဘဲ၊ ဒါပေမယ့်ဗျာ ဘယ်လိုမှ ထွက်လာလို့လမ်းစလဲရှာမရတာကတစ်ကြောင်းဆိုတော့ သူများတွေ ၁၀..၉...၈..၇.. အော်နေတဲ့အချိန်မှာ ကျွန်တော်နားလေးစွင့်ပြီး သက်ပြင်းရှည်ကြီးတွေချခဲ့တာပေါ့လေ။ အဲ့လိုနဲ့နှစ်တိုင်း နှစ်တိုင်း ဖြစ်လာခဲ့တဲ့အခါကျတော့ အသားတော့ကျသွားပါပြီ။ သူများတွေပျော်ရွှင်နေတဲ့အချိန်မှာ ကျွန်တော်တို့က ကြည်နူး မှု့တွေဘဲ ပိုက်ပြီး ပီတိဖြစ်နေမိပါတယ်။ နှစ်ဦးရဲ့ ပထမနေတိုင်းမှာ ကုသိုလ်လုပ်ခဲ့ဖြစ်လို့လားမသိဘူး ကျွန်တော်တို့ အခက်အခံတော်တော်များများ ကိုပြေပြေလည်လည်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ အမှတ်တရ အနေနဲ့ ပြန်ရေးမိခဲ့ပြန်ပါပြီ။
No comments:
Post a Comment