Friday, February 11, 2011

Singapore က ကင်မရာဆရာတွေစိတ်ဝင်စားတဲ့ Forum


Club Snap (http://www.clubsnap.com/forums/) ဆိုရင် Singapore မှာရှိတဲ့ Photographer တွေ အတော်များများ သိကြတဲ့ ဆိုဒ်တစ်ခုဖြစ်ပါတယ်။ တစ်နည်းအရ ကင်မရာဈေးကွက်လို့လဲပြောလို့ရသလို Facebook တွေမှာ တင်ကြတဲ့ စင်္ကာပူ မော်ဒယ်မလေးများကို Photo ရိုက်ပေးလို့ရအောင်စုစည်းပေးတဲ့ ၀ါသနာရှင်ဆိုဒ်ဆိုလဲမမှားပါဘူး။ Camera , Lens , Accessories တွေဝယ်မလား၊ ရောင်းမလား ။
နည်းပညာအသစ်တွေ နဲ့မိတ်ဆက်မလား။ သင်တန်းတွေပဲတက်ဦးမလား။ သူများတွေ ရိုက်ထားတဲ့ ပုံတွေကိုပဲကြည့်ဦးမလား။ အမျိုးမျိုး ကွဲပြားတဲ့ Photography တွေအကြောင်းပဲလေ့လာကြမလား။ အတော်များများကို ရှာဖွေလို့ရပါတယ်။



ကျွန်တော်အချိန် ရှိရင် ၀င်ဝင်ကြည့်ဖြစ်နေတဲ့ဆိုဒ်ပါ။ မသိတာတွေ နားမလည်တာတွေကိုလည်း ခေါင်းစဉ် ထုတ်ပြီး ဖိုရမ်မှာဝင်မေးလို့ရပါတယ်။ ဒါမှမဟုတ် သူများတွေ အမေးအဖြေလုပ်ထားတာတွေကို ဖတ်ကြည့်ပြီး လေ့လာလို့ရပါတယ်။ ကင်မရာကိုအလဲအထပ်ပဲလုပ်ဦးမလား ၊ လန်းအဟောင်းရောင်းပြီး မြင့်တဲ့ လန်းကိုပဲ ယူချင်သေးလား။ ကိုယ်ဝယ်မယ့် စိတ်ဝင်စားတဲ့ ကင်မရာ အမျိုးအစားမှာ ဘာကောင်းတဲ့အချက်တွေရှိတယ်
ဘယ်ဟာတွေကိုသတိထားရမယ်ဆိုတာတွေကိုပဲလေ့လာဦးမလား။ အကျိုးရှိပါတယ်။
Photo ပြိုင်ပွဲတွေ ရဲ Web Page အညွှန်းတွေ။ အကြံဥာဏ်တွေနဲ့ လေ့လာချင်စရာများတဲ့ဆိုဒ်တစ်ခုပါ။
အဆင်ပြေရင် လေ့လာကြည့်လို့ရပါတယ်။ အကြိုက်တွေ့ကြမယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ။

အထူးသဖြင့် ကင်မရာဝယ်မယ့်သူများအနေနဲ့ သည်ဆိုဒ်မှာသေခြာစွာ ဈေးနှုန်းကအစ လေ့လာပြီးမှ နားလည်သူ တစ်ယောက်နဲ့ ဆွေးနွေးဝယ်ကြဖို့ အကြံပေးပါရစေ။







No comments:

Post a Comment