ခုတလောကဗျာတွေ လှိမ့်ဖတ်ဖြစ်နေခဲ့တယ်။ Photo တွေတောင်မရိုက်ဖြစ်ခဲ့ပဲ။ ဖတ်နေတဲ့ကဗျာတွေ ကလဲ ငယ်ငယ်က ကဗျာလေးတွေ တျာချင်း တွေ အဲချင်းတွေ ရတုတွေ။ ဘာစိတ်ကူးရှိလို့ရယ်လို့မဟုတ်ပါဘူး။ တစ်နေ့ နေဦး (ရွှေတိုးအောင်) နဲ့ ကဗျာတွေအကြောင်း စကားပြောကြရာကနေ။ ရှေး ငယ်ငယ်က ကဗျာတွေအကြောင်း။ ငယ်ငယ်က သိပ်စိတ်ညစ်ခဲ့ရတဲ့ မြန်မာစာကဗျာတွေရဲ့ ရသကို အခုမှ လေးလေးပင်ပင် ခံစားတတ်လာတယ်။ သြော် အတော်ကောင်းခဲ့တဲ့ ကဗျာတွေကို သင်ခဲ့ကြရတာပါပဲလို့။ ဘာလို့များ ငယ်ငယ်တုန်းက သည်ကဗျာတွေကို သင်တဲ့အချိန်မှာ ခံစားချက်မပါရတာလဲ။ စကားလုံးတစ်လုံးချင်းစီရဲ့ ဘာသာဘ၀ တွေကို ဘာလို့များခွဲခြားမထုတ်ခဲ့ မိပါလိမ့်လို့ ကို့ဘာသာကို မချင့်မရဲ ဖြစ်မိပါတယ်။ ငယ်ငယ် ကျောင်းသားဘ၀ ကသာ သည်လိုကဗျာတွေကို ငါခံစား နားလည်တတ်ခဲ့မယ်ဆိုရင်။ စာကျက်ဖို့တောင် မလိုဘူး လို့ တွေးနေမိပါတယ်။
ဦးလေး သူငယ်ချင်းတစ်ယောက် အတွက် စာလုံးပေါင်း တစ်ခု ရှာရာကနေ မမေ(မေဒါဝီ) ရဲ့ ဘလောထဲကို လက်လွတ်စပယ် ၀င်သွားမိ လိုက်တယ်။ မမေ ထဲမှာ လျှောက်မွှေပြီး သူ့ကဗျာတွေသွားဖတ်လိုက်တာ ပထမ အရှိန်ရယ်။ ကဗျာ ဆာ နေတဲ့စိတ်ရယ် ကြောင့် အလုပ်မှာတောင် အလုပ်ပျက်ပြီး နေ့တစ်ပိုင်းလောက် ကဗျာတွေ ထိုင်ဖတ်ဖြစ်နေခဲ့တယ်။ မနေနိုင်မထိုင်နိုင် ရဲအောင်သူ ကိုကဗျာတွေတောင်ပြလိုက်သေး သူက ကဗျာတွေက သည်လောက်ကျစ်လစ်ပြီး ထိမိနေလို့ သာ ခေတ်အဆက်ဆက် နာမည်ကြီးကဗျာတွေ ဖြစ်နေတာပါလားတဲ့။ သူပြောတာကိုကျွန်တော်လက်ခံမိလိုက်တယ် သည်အောက်ကဗျာ တစ်ချို့နဲ့တင်.. (မမေရေ.. အမဆီကနေ ကူးပစ်လိုက်မိပြီနော်)
လွမ်းမပြေ မန်းမြေက တ မိပါတော့၊
ကမ်းခြေမှာ စမ်းရေကျတယ်နှင့်၊
အိုကွယ်... ဖျန်းလေက တသုန်သုန်။
တဲတစ်ဖက် ဆွဲဖျက်ကာ အလျင်လိုရော့သထင့်၊
ကရင်အို ယာပြင်ကြီးမှာကွယ် ...
မီးထည့်လို့လှုံ။
မပူပေါင် နောက်ဆီက ချမ်းရော့သထင့်၊
အဖြူစောင် ခေါက်ထည်ကြမ်းကိုတဲ့
လှမ်းတယ်လို့ လွှားကာခြုံ၊
ပါးမှာ ငုံပါတဲ့ နုရွှေကွမ်း။ ။
ဘေးအိတ်မှာလျှို၊
ဆေးလိပ်တို နားမှာ ထိုးပါလို့၊
တောင်ရိုးမှာ ဘာသာ သူတို့၊
ကွင်းအငူ နှင်းမြူကလဲ ကွဲချိန်မို့၊
အမိုးခေါ် ဖိုးစော်ကဲတို့ရယ်၊
အိုကွယ်... တဲပျက်စခန်း။ … ။
No comments:
Post a Comment