Sunday, February 6, 2011

H & T ROM day




ထွန်းလင်းနိုင် နဲ့ သဇင်တို့မင်္ဂလာဆောင် ကို ကျွန်တော်နဲ့သီဟန် သွားရိုက်ဖြစ်ခဲ့ကြပါတယ်။
မင်္ဂလာဆောင်ရိုက်တာတွေအတွက် ဘယ်လန်းတွေနဲ့ရိုက်ရင်ကောင်းမလဲဆိုပြီးစဉ်းစားရင်း နောက်ဆုံး
သည် Lens တွေနဲ့ ရိုက်ဖြစ်ခဲ့ကြပါတယ်။
Carl Zeiss Planar T* 85mm F1.4 ZA
Carl Zeiss Vario-Sonnar T* 24-70mm F2.8 ZA SSM
Tokina 11-16/2.8 ATX DX Lens
Flash ကတော့ HVL-F58AM flagship flash ၂ လုံးကိုသုံးထားပါတယ်။
များသောအားဖြင့်ပုံတွေ Sharp ဖြစ်အောင်လို့ဆိုပြီး ISO ကို ၄၀၀ အထိ အများဆုံးသုံခဲ့ပါတယ်။

ကျွန်တော်က အဲ့သည့်နေ့မနက် အလုပ်ရှိနေတော့ ROM လုပ်တဲ့အချိန်မမှီလို့ သီဟန်က ကူညီပြီး ပုံတွေရိုက်ပေး
ခဲ့ပါတယ်။ အခြေအနေက မိုးအုံအုံ မိုးရွာနေတော့ ကျွန်တော်တို့တွေမှာ အတော်ကို ရာသီဥတုနဲ့ ပက်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်။ မိုးအုံးပြီး နေရောင်လုံးဝမရှိတာဟာ အတော်ကိုအခက်အခဲဖြစ်ပါတယ်။ အလင်းအမှောင်ယူဖို့ Reflector ကိုလဲသုံးလို့မရ ။ မြက်ခင်းပြင်ပေါ်မှာ သဇင့်ကို ရိုက်ချင်ပေမယ့် အောက်က ရေတွေက အရမ်းကိုစိုနေတာကြောင့် တစ်မျိုး ။ နေ၀င်ချိန် ကမ်းခြေမှာ အလှပုံလေးတွေရိုက် မယ့်စိတ်ကူးကလဲ အကုန်ပျက်။ ယူလာတဲ့ Umbrella တွေ Softbox တွေကိုလဲ သုံးဖို့ရာမလွယ်ကူနဲ့ပေါ့။ အခြေအနေပေးသလောက်ထဲက မရရအောင်ပုံတွေကိုဆွဲထုတ်ခဲ့ရပါတယ်။
Carl Zeiss Planar T* 85mm F1.4 ZA Lens
CZ လဲဖြစ်ပြန် 85mm Prime လဲဖြစ် နောက် F1.4 ဆိုတော့ပြောမနေပါနဲ့တော့ဗျာ။ သိပ်ကောင်တဲ့လန်းတစ်လုံးဆိုပါတော့ အဲ့သည့်နေ့အတွက် အတော်ကို ကောင်းတဲ့ပုံတွေရလာခဲ့ပါတယ်။
ဒါပေမယ့် သတို့သားနဲ့သတို့သမီးကို တစ်ယောက်ကိုဝါးပြီး တစ်ယောက်ကို ကြည့်အောင်ယူရိုက်တဲ့ အခါမှာ ၀ါးထားတဲ့ တစ်ယောက်က အတော့်ကို မမြင်ရလောက်အောင်ကို ၀ါးသွားတယ်။ F 1.4 မို့လို့လေ သတိထားပြီး ပြန် Adjustment လုပ်လိုက်ရတယ်။ ဒါလေးက အဲ့သည့်နေ့အတွက် မှတ်မှတ်ရရပေါ့။





No comments:

Post a Comment