Friday, November 26, 2010

နှစ်ဆယ့်ခြောက် နိုဝင်ဘာ ၂၀၁၀

အခုတလော အဆင်မပြေတာလေးတွေ ခပ်စိတ်စိတ်ဖြစ်နေတယ် စိတ်အနှောက်အယှက်ဖြစ်စရာတွေပေါ့ သေခြာပေါက် ပြသနာမရှိနိုင်ဘူးလို့ထင်တဲ့ ပွိုင်တွေကနေ လှမ်းလှမ်းတက်နေတာတော်တော်ဆိုးတယ်။
သည်နေ့အိမ်မက်မက်ပြန်တယ် အိပ်မက်ထဲမှာ ကင်မရာလွယ်ရင်း ဘဲ မြစ်ကမ်းတစ်ခုဘေးကိုရောက်သွားတယ် မြက်တွေလေထဲ ရမ်းနေတယ် ကောင်ကင်မှာတိမ်တွေအလိတ်လိုက်တက်လာတယ် မိုးတွေရွာချတော့မယ်။ ကင်မရာကို ကိုင်ထားပြီး ပုံတွေရိုက်နေတုန်း .. တဖြေးဖြေးရေတွေ ခြေထောက်တစ်လျောက်တက်လာတယ်။ နည်းနည်းလန့်သွားတော့ ကုန်းမြင့်ရေလွတ်တဲ့နေရာနဲ့တော်တော်ဝေေ၀းမှာ ငါ.. ရောက်နေတာပါကော.. ကုန်းမြင့်လေးဘက်ကို အသည်းအသန်ပြေးသွားနေပေမယ့် .. ရေတက်လာတာတွေကတဖြေးဖြေးရပ်မသွားဘူး ငါ့ ကိုယ်ပေါ်တွေကိုတဖြေးတဖြေး မြင်လာတာ.. ရင်ဘက်ကျော်တော့မယ်... မလွတ်နိုင်တော့ဘူးဆိုတာ သိနေတယ် ..အတင်းရုန်းကန်ပြီးသွားနေရတယ်... တဖြေးဖြေးတိမ်တွေမည်းနက်လာပြီး .. မိုးတွေသည်းသည်းရွာနေတာတဲ့ကြားမှာ ကြောက့်လန့်တကြား မနက်တစ်ခုနိုးလာခဲ့ရတယ်။ သက်ပြင်းတစ်ချက် ချလိုက်တယ်.. ငါဘာတွေအခုတလောဖြစ်နေတာလဲလို့.. သွားတိုက်ရင်းလဲ သည်အကြောင်း ဘဲခေါင်းထဲရောက်နေပြန်တယ်... ။ နောက်ခပ်စစလေးပြုံးမိလိုက်တယ်.. သြော်အိပ်မက်ထဲမှာ ငါရေကူးတတ်တာ ငါမေ့နေတာပါလားလို့ ..........။ စိတ်ပေါ့ပေါ့ ပါးပါးထားပြီး အလုပ်ထွက်ခဲ့လိုက်တော့တယ်။

No comments:

Post a Comment