Tuesday, December 21, 2010

Belt of Venus



အခုမြင်ရတဲ့ပုံထဲက အပြာနဲ့ အနီ ယှက်သမ်းနေတဲ့ ကောင်းကင်ကိုသတိထားမိကြမှာပါ။ အဲ့သည်လိုအချိန်အခါမျိုး ကောင်ကင်ပြာနောက်ခံကို Belt of Venus လိုခေါ်တယ်လို့ ကျွန်တော် ဖတ်မိလိုက်တယ်ဗျ။ atmospheric phenomenon လို့လွယ်လွယ်လေးဘာသာပြန်ထားပေမယ့် မနက် နေထွက်ချိန်ရယ် ညနေခင်း နေ၀င်ချိန်ရယ် နှစ်ပိုင်း စလုံးနဲ့ အကျူံးဝင်နေပါတယ်။ နေ၀င်ပြီးစ ခဏကြားကာလအချိန် (ဒါမှမဟုတ်) နေထွက်လုထွက်ချိန် ကြားကာလအချိန် ပိုင်းတိုတိုလေးမှာ ကောင်ကင်က ပုံမှာမြင်ရတဲ့အတိုင်းဖြစ်ပေါ်တတ်တယ် လို့ အဆိုရှိကြပါတယ်။ မိုးကုပ်စက်ဝိုင်းအောက်ကိုနေ၀င်ပြီး ၁၀ ဒီဂရီကနေ ၂၀ ဒီဂရီကြား ၊ မိုးကုပ်စက်ဝိုင်းပေါ် နေမထွက်ခင် ၁၀ ဒီဂရီနဲ့ ၂၀ ဒီဂရီကြား နေလုံးရှိနေတဲ့အချိန် (နေ ရဲ့အလင်းက မိုးကုပ်စက်ဝိုင်းကိုရိုက်နေတဲ့အချိန်) အခါမျိုး တွေမှာ ဖြစ့်လေ့ဖြစ်ထရှိတယ်လို့လဲ မှတ်ထားလို့ရပါတယ်။

10 - 20 ဒီဂရီ

ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောအနေနဲ့ဘဲ မှတ်လွယ်အောင်ထပ် ပြောကြမယ်ဆိုရင်တော့ သည် The Belt of Venus ခေါ် Venus's Girdle ဟာ ပန်းနုနှင်းဆီရောင် ကောင်းကင်ပြင်ကြီးအနေနဲ့ကော ၊ နီဝါရောင် ညနေခင်လွင်ပြင်ကြီးအနေနဲ့ကော သိပ်မကြာတဲ့ခဏအခိုက်အတန်လေး မှာဖြစ်ပေါ်တတ်ကြတယ်လိုဆိုထားပါတယ်။ သည်လိုဖြစ်ပေါ်တဲ့အချိန်ပြီးရင် နေရောင်ဟာ မိုးကုပ်စက်ဝိုင်းနဲ့ဝေးရာကိုရောက်သွားပြီမို့ အမည်းရောင် အမှောင်ဘက်ကို ဦးတည်သွားပြီဖြစ်ပါတယ်။အခုလို backscattering ကြောင့်ဖြစ်ပေါ်တဲ့ သဘာဝပန်ချီကား လိုအချိန်တွေကို နေ့စဉ်နေ၀င်နေထွက်တိုင်းမှာ မြင်တွေ့နေရခြင်းဟာ ကျွန်တော်တို့လှည့်လည်နေတိုင်နေတဲ့ နေမိသားစုအဖွဲ့ကြီး ကပေးတဲ့ အရိုးရှင်းဆုံးအလှအပ တရားလို့ စာရေးသားသူက အနှစ်ချူပ်အနေနဲ့ ရှင်းပြ ပေးထားလိုက်တယ်လို့ ကျွန်တော် သင်ကြားမိလိုက်ရပါတယ်။

NHL : Source & Photos :WiKi

No comments:

Post a Comment