Thursday, April 7, 2011

Look loose 10 Pounds in Photos

နာမည်ကျော် မင်းသားမင်းသမီးတွေ Red Carpet ပေါ်မှာရိုကတဲ့ပုံတွေမှာ အမြဲထမ်းကြည့်လိုက်ရင် လှပပြီး သွယ်သွယ်လျှလျှလေးဖြစ်နေတတ်ပါတယ်။

သည်လိုဆို ဘယ်လိုများ ပိန်အောင် Photo အရိုက်ခံကြမလဲ။ အနည်းဆုံး အမြင်မှာ ၁၀ပေါင် လောက်ကျသွားတယ် ထင်အောင် ရိုက်လို့ ရပါတယ် လို့ဖတ်ဖူး ပါတယ်။ ဒါဆိုလျှိုဝှက်ချက်က ဘာများလဲ ?? Pose ပါပဲ။သည်လို ထင်မြင်အောင် ကိုယ်လုံးပေါ်မှန်ရှေ့မှာ အောက်ကအချက် (၅) ချက် အတိုင်း သတိထားပြီးလုပ်ကြည့်ရင် ထူးခြားကြောင်းတွေ့ရပါလိမ့်မယ်။

- ကင်မရာချိန်ထားတဲ့ဘက်ကို ကြည့်တဲ့အခါ ကိုယ်လုံးကိုလှည့်ရာမှာ ခြေထောက်ကိုသတိထားရပါမယ်။ ခြေထောက်နှစ်ဖက်ဟာ အေ၇ှ့ အနောက်မျဉ်းပြိုင် ကင်မရာဘက်ကိုဦးတည်နေရမှာဖြစ်တဲ့အပြင်၊ ခြေနှစ်ချောင်း ဆုံရာမှာရှိတဲ့နောက်ဘက် ခြေထောက်အပေါ်ကို ကိုယ်လုံးရဲ့အလေးချိန်ကိုအားပြုထားပေးပါ။ ခါးကိုလဲ ၃၅ ဒီဂရီလောက် Twist လေးလုပ်ထားပေးဖို့လိုပါလိမ့်မယ်။

- ဦးခေါင်းကို ကင်မရာအရှေ့ဘက်ကိုအနည်းငယ်မော့ပြီး ဆန့်ထုတ်ဖို့လိုပါတယ်။မသိမသာလေး ဆိုယုံသာ မော့ရမှာပါ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဟာ အနေအထားမှားသွားမယ်ဆိုခဲ့ရင် မေးစိ နှစ်ထပ်ပေါ်နေတာပေါ်သွားပါလိမ့်မယ်။ ဒါမှမဟုတ် မေးစိနေရာက အဆီပိုတွေမြင်သွား ပါလိမ့်မယ် ဒါကြောင့် အသာလေးမောငေါ့ ကြည့်လိုက်ပါ။

- နောက်တစ်ချက်က လက်ပါ။ ပုံအရိုက်ခံတဲ့နေရာမှာ ကိုယ်လုံးနဲ့ လက်မောင်းကိုအတင်းမကပ်ထားသင့်ပါဘူး။နည်းနည်းလေးဖြစ်ဖြစ် ခွာပြီး အရမ်းကြီးမကွေးလိုက်ပါနဲ့ ၊ အရမ်းကြီးကွေးမိခဲ့လို့ရှိရင် လက်မောင်မှာရှိနေတဲ့ အဆီတွေက စုပေးသလိုဖြစ်ပြီး၊ အစ်ထွက်လာနိုင်ပါတယ်။ ဖြစ်နိုင်ရင် လက်ကို တန်းလန်းကြီးဆန့်ထားတာထက် နည်းနည်းလေးခွာပြီးကွေးကြည့်ပါ။ သိသာပါတယ်။

- အမျိုးသမီးတွေရဲ့ အခက်အခဲကတော့ ပုခုံးသားတွေနဲ့ ဗိုက်ပါပဲ။အများအားဖြင့် ပုံတွေမှာ ဗိုက်ကိုပိန်ချင်လို့ အသက်ကိုရှိုက်အောင့်ထားတာ တွေလုပ်တတ်ကြပါတယ်။ မလုပ်ပါနဲ့ ၊ဗိုက်သာပိန်သွားပေမယ့် ဒတ်ပုံထွက်လာလို့ရုပ်ကိုကြည့်လိုက်ရင်တစ်ခုခုကို မတင်မကျ မျိုသိပ်ထား သလို ပုံပေါက်နေမှာပါ။ဒါမှမဟုတ် မသက်မသာ ပုံစံထွက်နေပါလိမ့်မယ်။ ဒါဆိုရင်.. ဘယ်လိုလုပ်မလဲ ကျွန်တော်တို့ ပထမဦးဆုံး ပုခုံးနှစ်ဘက် ကိုနောက်ဘက်ကို နည်းနည်းလှန်လိုက်မယ် သဘောက ရင်ကိုနည်းနည်းဖွင့်လိုက်သလိုပေါ့။ ရင်ဘတ်ပိုင်းကို ကင်မရာတည့်တည့်အရိုက်ခံပါ။ ဒါဆို ဗိုက်ပူနေတဲ့နေရာကျဉ်းသွားတယ်လို့ ကင်မရာမှာထင်ပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်ကိုဘေးအနည်းငယ်စောင်းပြီး လက်ကိုင်အိတ် စသည်တစ်ခုခုနဲ့ ကွယ်ပေးထားလို့ရပါတယ်။

- နောက်တစ်ခုက အပြုံးပါပဲ။ Sports Illustrated swimsuit Cover Girl တွေလို အပြုံးမျိုးလေးနဲ့အရိုက်ခံချင်ပါသလား။ အဝေးတစ်နေရာ ကိုကြည့်နေလိုက်ပါ ပြီတော့ ကင်မရာချိန်ထားရာဘက်ကိုလှည့်လိုက်ပါ။ မျက်လုံးအကြည့်က ကင်မရာခလုတ်နှိပ်ခါနီးအချိန်မှာ လှစ်ခနဲ ကြည်လိုက်ပါ။သည်အချိန်မှာပဲ ပြုံးပါ။တစ်ချိန်လုံးပြုံးပြထားစရာမလိုပါဘူး။ မရိုက်ခင်ကြိုပြုံးထားတဲ့အပြုံးဟာ မလတ်ဆတ်ဘူး။အားမပါဘူး အသက်မ၀င်ဘူးလို့ ပြောကြလို့ပါ။သဘောကတော့ အပြုံးကလတ်ဆက်နေပြီး ရေခဲထိထားတဲ့အပြုံ(Frozen smile) မဖြစ်တော့ဘူးပေါ့နော်။

အခန်းတခါးပိတ် မှန်ရှေ့ နည်းနည်းကျင့်လိုက်ရင်အဆင်ပြေသွားမှာပါ။

ဗိုက်ခေါက်ေ၇ှ့မှာ ပိုက်ဆံအိတ်ကာတာ။ လက်မောင်းအကျ ကို ပ၀ါလေးကာတာ၊ လျှိုကိုင်ထားတာတွေကလဲ လူကိုတနည်းအားဖြင့်ပိန်တယ် လို့ထင်ယောင်အောင် ပြုလုပ်ပေးပါတယ်။

Rgds,
NaingHL


No comments:

Post a Comment