Tuesday, April 19, 2011

P&S ကင်မရာတွေထဲမှာ ဘယ်ဟာကိုလူသုံးအများဆုံးတဲ့လဲ

တစ်နေ့တစ်နေ့ သည်လိုပဲ ဟိုစပ်စု သည်စပ်စုရာကနေ P&S ကင်မရာတွေထဲမှာ ဘယ် Brand ဟာလူသုံးအများဆုံးလဲ လို့စိတ်ကူးက ပေါ်သွားပါတယ် ဒါနဲ့ပဲ ဂူးဂဲ ပစ်သွင်းပြီးရှာကြည့်လိုက်တော့ အောက်ကအတိုင်း တွေ့ရပါတယ်။ သည်အောက်က ဇယားလေးကို Darren Rower ရဲ့ Digital Photography School ကနေ ကူးပြီးပြန်တင်ပြတာဖြစ်ပါတယ်။

Point-And-Shoot-Brands


အပေါ်က ဇယားကိုကြည့်လိုက် ခြင်းဖြင့် ကင်နွန်ကင်မရာဟာ လူသုံးအများဆုံး No.1 အနေနဲ့ရှိနေတာကိုတွေ့ရပြီး။ ဆိုနီ နဲ့ ဖူဂျီ ကင်မရာဟာ P&S (ကင်မရာအသေး) တွေထဲမှာ ဒုတိယလူသုံးအများဆုံးလို့ဖော်ပြထားပါတယ်။ သည်အချက်အလက်တွေ အားလုံးဟာ သည်စာကို မူရင်းရေးသားသူ Darren Rower ဟာ သူ့ web တစ်ခုထဲက users တွေကိုအခြေခံထားတယ်လို့လဲပြောပါတယ်။ ထူးထူးခြားခြား DSLR ကင်မရာတွေထဲ က နာမည်ကြီး နီကွန် ဟာ သည်ကင်မရာ(P&S) အသေးလောက မှာ နံပါတ် (၆) နေရာမှာရှိနေ တာကိုတွေ့ရပါတယ်။ Elloit ဆိုတဲ့လူတစ်ယောက်ကတော့ သူဟာ နီကွန် SLR ကို သဘောကျပေမယ့် P&S မှာဆိုရင် သူ့ကိုလာမေးတဲ့ သူတွေကို ကင်နွန်ကိုပဲ ရွေးချယ်ဖို့ တိုက်တွန်းမိမှာပါလို့လဲ ၀င်ပြီးရေးထားတာကိုလဲတွေ့ရပါတယ်။ ကျွန်တော်ကိုတိုင်လဲ လွန်ခဲ့တဲ့ (၁)ပတ်က ကျွန်တော့် ညီမက P&S တစ်လုံးလောက်လိုချင်တယ်ဆိုလို့ လိုက်ရှာပေးရင်း နောက်ဆုံး ကင်နွန်ကိုပဲ ရွေးဝယ်ပေး လိုက်ပါတယ်။

No comments:

Post a Comment