Friday, May 6, 2011

Outdoor Portrait Photography Tips


အခုနောက်ပိုင်းကာလ မှာခေတ်စားလာတာကတော့ပါ့ထရိတ်ဆိုတဲ့ အလှပုံရိုက်တာပါပဲ။ Portrait တွေထဲက အခုကျွန်တော် outdoor portrait အကြောင်းလေးကို ဘာသာပြန်ဖို့ စိတ်ဝင်စားလာပါတယ်။ထိလဲထိရောက် မှတ်သားရတာလဲလွယ်ကူနိုင်တာမို့ အနည်းအများဆိုသလို အထောက်အကူဖြစ်နိုင်လောက်ပါတယ်။ မှတ်ထားရတာလဲလွယ်ကူတယ် ၊ ခရီးသွားရင်း အပျော်ရိုက်ကြတာမျိုး တို့ ၊ သစ်ရွက်လေးတွေ ကြွေကျလာတာမျိုးတို့ ကလေးတွေကစားနေတာတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြဲကြုံတွေပြီး လွယ်လွယ်ကူကူရိုက်လို့ ရတဲ့အမျိုးအစားတွေပါပဲ။ အခု အောက်မှ Outdoor Portraits အတွက် အလွယ်တကူ Tips လေးတွေကို မျှလိုက်ရပြန်ပါတယ်။

Turn your Flash on
အရိုက်ခံမယ့် သူဟာ အများဆုံး ၁၅ ပေအတွင်းမှာရှိနေမယ်ဆိုရင် ၊ Harsh Shadows တွေနည်းနေပြီဆိုရင်။ ဒါမှမဟုတ် နေ ကိုမျက်နှာပြုပြီးရိုက်တော့မယ်ဆိုရင် Flash ကိုဖွင့်ပြီးရိုက်သင့်ပါတယ်လို့ပြောထားပါတယ်။ သည်လိုမှလဲ လူတွေရဲ့မျက်နှာကို မြင်ရပြီး မဲ မနေမှာပါတဲ့။ သည်လို့ Flash ကိုဖွင့်ရိုက်တဲ့နေရာမှာ သတိထားဖို့ တစ်ချက်က 'Red Eye Deduction' Flash ရိုက်လိုက်တဲ့အချိန်မျက်လုံးတွေနီမသွားအောင် လုပ်ပေးတဲ့ Function ကိုဖွင့်ထား မထား စစ်ဖို့သတိပေးချင်ပါတယ်။ အထူးသဖြင့် ကမ်းခြေလို ညနေ နေ၀င်ချိန်မျိုးမှာ ရိုက်တဲ့အခါ နောက်ခံ နေလုံးကိုလဲပေါ်ချင်တယ်၊ ရှေ့လူကိုလဲ ထင်ထင်ရှားရှားဖြစ်နေချင်ရင်တော့ Flash ဟာအကောင်းဆုံးပါပဲ အကယ်လို့ ရိုက်တဲ့အခါမှာ သေခြာမပေါ်ဘူးစိတ်တိုင်းမကျဘူးဆိုရင်တော့ Shutter speed ကို အနှေးအမြန် လုပ်ချင်းသော်လည်ကောင်း ဒါမှမဟုတ် လူကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး လိုအပ်တဲ့ အနေအထားရအောင်ရွှေ့ယူရင်ဖြင့်သော်လည်ကောင်း လုပ်လို့ရပါတယ်။

Shoot on a cloudly day
လူအလှပုံလေးတွေရိုက်ဖို့ ဘယ်အချိန်အကောင်းဆုံးပါလဲ? ကန့်သတ်အချိန်အားဖြင့် မနက် ၁၀နာရီမကျော်ခင်နဲ့ ညနေ ၂နာရီနောက်ပိုင်းအချိန်တွေဟာ Portraits တွေရိုက်ဖို့ အကောင်းဆုံးအချိန်တွေပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၀ကနေ ၂ နာရီကြားလောက်မှာ နေဟာ ဦးခေါင်းတည့်တည့်ရောက်နေလို့ပါ။ မျက်နှာကို တိုက်ရိုက် ရောင်ပြန် အရိပ်တွေ ကျရောက်နိုင်တာမို့ အမည်းကွက်တွေဖြစ်ပေါ်တတ်ပါတယ်။ သည်လိုအချိန်မျိုးမှာ အခြေအနေအရ ရိုက်မယ်ဆိုရင်တော့ reflector တွေကိုသုံးပြီး အရိပ်ကျ နေရာတွေကို ဖျောက်ပြီးရိုက်ရင်တော့အဆင်ပြေပါတယ်။ တိမ်ရှိနေတဲ့နေ့တစ်နေ့ဆိုရင်တော့ အလွန်ကောင်းတာပေါ့နော်။ နေရဲ့အလင်းဟာ တိမ်ကို ဖောက်ဝင်တဲ့အချိန်မှာ သဘာဝ diffuser အနေနဲ့အလင်းတွေဟာ လူရဲ့ ကိုယ်ပေါ်ကို ကျရောက်မှာဖြစ်တာမို့ အရမ်းလှတဲ့ ပုံလေးတွေကိုရလာမှာဖြစ်ပါတယ်။

Use a medium telephoto lens
ပုံမှန် ပေါ့ထရိတ်ပုံအနေနဲ့သာရိုက်မယ်လို့ စိတ်ကူးထားမယ်ဆိုရင်တော့ zoom lens ကိုသုံးသင့်ပါတယ်ပြောပါတယ်။ 80-135mm range အများဆုံးသုံး ပြီးရိုက်သင့်တယ်လို့ စာရေးသူက ပြောပြထားပါတယ်။ ဘာလို့လဲဆိုတော့ အဲ့သည့် range lens တွေသုံးမယ်ဆိုရင် နှာခေါင်းကြီးသွားတဲ့ ပြသနာတွေ နားရွက် ကြီးနေတာတွေ စတဲ့ပြသနာတွေက သက်သာတယ် လို့လဲပြောထားတာကိုတွေ့ရပါတယ်။ ကို့ယ်ရဲ့ subject ကို အသားပေးတဲ့ ပုံဖြစ်ဖို့အတွက်ကတော့ ရိုးရှင်းတဲ့ ဗြောင် နည်းပါးရှိတဲ့ background ကိုသုံးတာဟာအကောင်းဆုံး ၊အသင့်တော်ဆုံး ပါ။ ဒါမှလဲ ကိုပြချင်တဲ့ လူဟာ ထင်ထင်ရှားရှားပုံထဲမှာ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ နောက်တစ်ခုက Rule of Thirds ကိုသုံးပြီး တစ်ဘက်ဘက်ကိုထောင့် ကပ်ပေးလိုက်ရင်လဲ သိသိသာသာ ပေါ်လာမယ်လို့လဲဆိုထားပါတယ်။




Show the Action
သက်ဝင် လှုပ်ရှားနေတဲ့ ပုံလေးတွေဖြစ်ဖို့အတွက်ကတော့ တစ်ခုခုစကားပြောလိုက်တာမျိုး ၊ ကျောက်ခဲကို ရေထဲပစ်ခိုင်းလိုက်တာ ရေကိုလက်နဲ့ထိခိုင်းတာ ကြောင် ခွေး စတဲ့အကောင်ပေါက်လေးတွေနဲ့ ဆော့တာမျိုးလေးတွေက သဘာဝ ပိုကျပြီး ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေ ဖြစ်လာမှာ ရလာမှာလို့လဲ ရှင်းပြထားပါတယ်။

နောက်ဆုံးအနေနဲ့ သတိထားရမှာကတော့ အလင်းရောင်ဖြစ်ပါတယ်။ အလင်းရဲ့အနေအထားကိုလိုက်ပြီး ISO Levels ကို အမျိုးမျိုးအသုံးချသွားဖို့လိုပါတယ်။ ခုအများအနေနဲ့က ISO 100 သာလျှင်အကောင်းဆုံး လို့ကျွန်တော်တို့လက်ခံထားကြတယ်။ သို့ပေမယ့် Portraits တွေရိုက်တဲ့အခါမှာ တစ်ခါတစ်လေ မျက်နှာပေါ်ကို အရိပ်ကျတာဖျောက်ချင်ရင်၊ မှောင်နေတာမျိုးတွေဖြစ်နေရင် ISO 100 မှ မဟုတ်ပါဘူး လိုသလို ISO Levels ကိုကစားသင့်ပါတယ်။ ISO 200 400 800 စသည်ဖြင့် လိုအပ်သလို ရွှေ့ပြီးအသုံးပြုသင့်ပါတယ်။ တစ်ခါတစ်လေ ခဲခြစ်သလိုမျိုး၊ Noise လေးတွေပါနေတာမျိုး ပုံလေးတွေကလဲ လူတွေရဲ့ အမြင်ကို တစ်မျိုးတစ်ဖုံဆန်းသစ်စေတာကိုမေ့ထားဖို့ မသင့်ပါဘူး။ ဒါကြောင့် Portraits outdoor မှာ ISO ကိုမကြောက်ပါနဲ့ လိုအပ်သလိုအသုံးချကြည့်ပါ။

Naing H Lwin
06/05/2011



No comments:

Post a Comment