ယနေ့ အသုံးများတဲ့ Filter types တွေက UV Filters တချို့  စာအုပ်တွေမှာ Haze Filter လို့လဲသုံးပါတယ်, Linear & Circular
Polarizers  ရယ်၊ Neutral Density (ND) ရယ်၊ Graduated Neutral Density (GND) ရယ်၊  Warming / Cooling Filter တို့ ကို အဓိကထား သုံးကြပါတယ်။  အသုံးပြုပုံ  အချို့ ကို အောက်ပါဇယားတွင်ကြည့်ရှု့ နိုင်ပါတယ်
 | Filter Types |  Primary Usage |  Common Subject matter |  
| UV/ Haze Filter |    Improve Clearity with Film and  Provide Lens Protection   |  Any |  
|   Linear and Circular  Polarizer   |    Reduce Glare,  Improve Saturation   |    Sky, Water, Foliage  In Landscape Photography   |  
| Neutral Density (ND) |  Extend Exposure Time |    Waterfalls, Rivers,  Under Bright Light   |  
|   Graduated Neutral  Density (GND)   |    Control Strong Light Gradient,  Reduce Vignetting   |  Dramatically Lit Landscapes |  
| Warming/ Cooling |  Change White Balance |    Landscapes, Underwater,  Special Lighting.   |  
UV/ Haze Filter
 Linear and Circular Polarizer
 Linear and Circular Polarizer ကတော့ Landscape Photography အတွက်  အရေးပါဆုံး filter ပါ။ အဲဒီ filters တွေက ရောင်ပြန် တွေ တံလျှပ်တွေကို  sensor ဆီကိုမရောက်အောင်လျှော့ ချပေးပါတယ်။  Polarizer တွေဟာ Polarizing  Sunglass တွေလိုပါပဲ ကောင်းကင်တွေကို ပိုပြီး ပြာစေတယ် ရေ၊ မှန် နှင့်  အခြားသော မျက်နှာပြင်တွေ ပေါ်က ရောင်ပြန် အလင်းတန်း တွေကို sensor ဆီကို  မရောက်အောင် လျှော့ချပေးပါတယ်။ ကောင်းကင်နှင့် မြေကြီး အစပ်ကြားက contrast  ကိုလျှော့ချပေးပါတယ်။
 Polarizers  တွေအကြောင်းကို အောက်ကလင့်ခ် မှာတော့ အကျယ်တ၀င့် လေ့လာနိုင်ပါတယ်
 http://www.bobatkins.com/photography/technical/polarizers.html
 အသုံး ပျြုနည်း ကိုတော့ How to use a polarizer ဆိုပြီး youtube မှာရှာကြည့် နိုင်ပါတယ်။
 Neutral Density Filter (ND)
 ND Filter တွေကတော့ Camera ရဲ့  Sensor  ဆီကို လာတဲ့ အလင်းပမာဏ ကို  အချိုးညီညီ လျှော့ ပေးတဲ့ Filters တွေပါ။  ND Filters တွေဟာ ISO setting  အနိမ့်ဆုံး နဲ့  Aperture size အသေးဆုံး ပေးထားတာတောင် လိုချင်တဲ့ Long  Exposure မရရင် အရမ်း အသုံးဝင်ပါတယ်။
 ND Filters တွေကို
 - ရေတံခွန်တွေ၊ရေပန်းတွေ။ မြစ် တွေ၊ ချောင်းတွေ၊ ပင်လယ် ကရေ တွေရဲ့  စီးဆင်းမှု့ ကို ချောမွေ့  စေချင်လျှင်
 - အရမ်းလင်းတဲ့ နေရာတွေ မှာ Depth of Field ကိုတိမ်ချင်လျှင်
 - Aperture ကျယ်ကျယ်သုံးပြီး sharpness ကိုလျှော့စေချင်လျှင်
 - ရွေ့  လျားနေတဲ့ ကားနှင့် လုတွေကို လျော့ စေချင်လျှင် မပေါ်စေချင်လျှင်
 သုံးပါတယ်။
 ND Filter တွေကို hoya, B+W, Cokin, Lee, Tiffen, Leica နှင့် အခြားသော Company တွေကထုတ်လုပ်ကြပါတယ်။
 ND Filter တွေမှာ အ၀ိုင်းကော လေးထောင့်ကော နှစ်မျိုး စလုံး ရှိပါတယ်။  လေးထောင့်ကတော့ Filter Holder တွေ Adapter Rings တွေကို Lens ရဲ့  ဆိုဒ်  အလိုက်ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။  ဘာလို့ လဲဆိုတော့ မိမိ Lens ရဲ့   Diameter,  အသုံးပြုမယ့် Focal Length အပေါ် မူတည်ပြီး  Series တွေကွာလေ့  ရှိတာမို့  ပါ။ ပြီး တော့ fstop ကိုဘယ်လောက်လျော့ စေချင်သလဲ အပေါ်မှာ  မူတည်ပြီး filter တွေလဲ ကွာသေးတာ မို့ ပါ။
 Cokin ရဲ့  web page မှာ လေ့လာကြည့်ပါ
 http://www.cokin.co.uk.pages/main.htm
 ND filter တွေကိုထုတ်လုပ်တဲ့ Company အပေါ်မူတည်ပြီး ယူနစ်တွေက  ကွာတာဖြစ်လို့  ဘယ်လောက်အလင်းရောင်ပမာဏ ကိုဘယ်လောက် လျှော့ချ ချင်သလဲဆို  တာကို အောက်ပါဇယားတွင်လေ့ လာကြည့်ပါ။
 | Amount of Light |  Reduction |  
  |  
  |  
  |  
| f-Stop |  Fraction |  Hoya, B+W and Colkin |  Lee, Tiffen |  Leica |  
| 1 |  1/2 |  ND2, ND2X |  0.3 ND |  1X |  
| 2 |  1/4 |  ND4, ND4X |  0.6 ND |  4X |  
| 3 |  1/8 |    ND8, ND8X   |  0.9 ND |  8X |  
| 4 |  1/16 |  ND16, ND16X |  1.2 ND |  16X |  
| 5 |  1/32 |  ND32, ND32X |  1.5 ND |  32X |  
| 6 |  1/64 |  ND 64, ND64X |  1.8 ND |  64X |  
 Graduated Neutral Density Filter (GND)
 အောက်ကလင့်ခ် မှာ အသေးစိတ်လေ့လ့ကြည့်ပါ
 http://www.nathangriffin.com/technical/how_to_graduated_nd.htm
 GND Filters တွေဟာ fast moving subject တွေမှာ သုံးဖို့ တော့  မသင့်တော်ပါဘူး။ GND filters တွေဟာ noise နဲနဲ တက်လာတတ်တာ ကို တော့  သတိပြုပါ။ GND Filters တွေဟာ အဓိက အားဖြင့် soft edge GND, Hard edge GND  နှင့် Radial Blend ဆိုပြီး ၃မျိုး ရှိပါတယ်။
 soft edge GND က ND ကနေ တဖြည်းဖြည်း ကြည်သွားတာပါ။
 Hard Edge ကတော့ ND ကနေ ရုတ်တရက် ချက်ချင်းကြည်သွား တဲ့ filter မျိုးပါ။
 Radial Blend ကတော့ အလည်ခေါင် ကနေ ဘေး တဖက်တချပ် ဆီကို ကြည်သွားတာ မျိုးပါ။
 Cool and Warm Filters
 Cool and warm Filters တွေကတော့ Camera ရဲ့ sensor ဆီကို လာတဲ့ အလင်းရောင်ရဲ့  White Balance ကိုပြောင်းပေးတဲ့ filters တွေပါ။
 ဥပမာအားဖြင့် တိမ်ဖုံးတဲ့ နေ့ တွေမှာ နေ၀င်တာကို ရိုက်ချင်ရင် Warm  filters တွေကို သုံးလေ့ရှိပါတယ်။ ဒီ filter တွေဟာ တဖြည်းဖြည်း အသုံးနဲ  လာတဲ့ filter တွေပါ။ Digital camera တွေမှာ white balance ကပြင်လို့ ရတာ  ဖြစ်လို့ ပါပဲ။
 အခြား filter တွေလဲ ရှိပါသေးတယ်။
 မီးလုံးတွေကို ရိုက်လိုက်လျှင် Star effect ထွက်စေတဲ့  Star filters, Diffuser filters, sunset filters တို့ ပါ။
 portrait filters တွေလဲ ရှိပါသေးတယ်။ ကျွန်တော်က Portrait Photography ကိုနကန်း တလုံးမှ မသိလို့  မဆွေးနွေးတော့ ပါဘူး။
 လိုအပ်ချက်များရှိခဲ့ ရင်လဲ ဖြည့် ပြီးဆွေးနွေးပေးကြပါ။ အမှားပါခဲ့  လျှင်လဲ ပြင်ပေးကြပါ။ အချိန်ပေး ပြီး ဖတ်တဲ့ အတွက်ကျေးဇူးတင်ပါသည်။
Scource: Myanmar Lens Man