ကျွန်တော့်သူငယ်ချင်း စွမ်းရည်နိုင်တို့လင်မယား အိမ်မှာ အလှုလုပ်လို့သွားရင်းနဲ့ ၁လသားလေး ဖြစ်တဲ့ နသန်နီယာစွမ်း ရဲ့ ခြေထောက်လေးကိုရိုက်ဖြစ်ခဲ့ပါတယ်။ အမှတ်တရ ၁လသား လေးရဲခြေထောက်ပါ တဖြေးဖြေးသူ ကြီးလာတဲ့ တစ်ချိန်မှာ သည်သူ့ခြေထောက်ပုံလေးကို သူပြန်ကြည့်ရင်း အမှတ်တရ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ဆုတောင်းမိပါတယ်။
Sunday, January 16, 2011
One Month Old Baby Swan
ကျွန်တော့်သူငယ်ချင်း စွမ်းရည်နိုင်တို့လင်မယား အိမ်မှာ အလှုလုပ်လို့သွားရင်းနဲ့ ၁လသားလေး ဖြစ်တဲ့ နသန်နီယာစွမ်း ရဲ့ ခြေထောက်လေးကိုရိုက်ဖြစ်ခဲ့ပါတယ်။ အမှတ်တရ ၁လသား လေးရဲခြေထောက်ပါ တဖြေးဖြေးသူ ကြီးလာတဲ့ တစ်ချိန်မှာ သည်သူ့ခြေထောက်ပုံလေးကို သူပြန်ကြည့်ရင်း အမှတ်တရ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ဆုတောင်းမိပါတယ်။
Wednesday, January 12, 2011
FB တွင်မတင်ဖြစ်သောပုံများ (၁)
Tuesday, January 11, 2011
မနိုးချင်ပါ

တကယ်လို့သာ ကျွန်တော်ဟာ အခုပုံထဲက ကုတင်ပေါ်မှာ အိမ်နေခဲ့မယ်ဆိုခဲ့ရင် ကျွန်တော်ပုံရိုက်ခဲ့တဲ့အချိန်မှာ ဖြစ်တဲ့ရာသီဥတုလိုမိုးအေးအေး ချမ်းချမ်း လေးမှာ ဘယ်လိုမှ အဲ့သည့်အိပ်ယာကနေထဖို့ဆိုတာမဖြစ်နိုင်တော့ ပါဘူး။ပြတင်းပေါက်မှာကျနေတဲ့အလင်းလေးရယ် ခေါင်းအုံး နုနုအိအိလေးတွေနဲ့ မှို့ယာ ကြီးထဲမှာနစ်ပြီး အပြင်က မိုးသံတွေ မိုးပေါက်တွေမှန်ထိသံတွေကို စည်းချက်ယူနေမိမှာပါ။ ကျွန်တော်သည်ပုံကို IKEA မှာရခဲ့ တာခင်ဗျ။ Queentown IKEA ကိုဦးလေးသူလိုချင်တာတွေဝယ်ရင်းလိုက်သွားရာကနေရလာခဲ့တာပါ။ ဒါမို့လဲ ကျွန်တော်သည်ပုံလေးနာမည်ကို "မနိုးချင်ပါ"လို့ပေးဖြစ်ခဲ့လိုက်ပါတယ်
Sunday, January 9, 2011
ချန်နေရစ်သော ပုံများ

ကျွန်တော့်မှာ Albumတစ်ခုရှိတယ်ခင်ဗျ ၊ ချန်နေရစ်သောပုံရိပ်များလို့နာမည်ပေးထားပါတယ်။ ဘယ်လိုချန်နေတာ များပါလိမ့် ?? အပယ်ခံလေးတွေပေါ့ခင်ဗျာ။မေ့လျှော့ခံပုံလေးတွေလို့ဆိုလဲ ဆိုလို့ရမှာပေါ့နော့။ ကျွန်တော်က သည်ပုံလေးတွေကို သံယောဇဉ်ကြီးတယ်ခင်ဗျ။ ကျွန်တော့်အတွက်အမှတ်တရရှိစေတဲ့ပုံလေးတွေလိုဆိုရင်လဲ မမှားဘူးပေါ့ခင်ဗျာ။ တကယ်တော့ကျွန်တော်ရိုက်လာတဲ့ ပုံလေးတွေဟာ ကျွန်တော့်အတွက်တော့ ကျွန်တော့်ကလေးလေးတွေလိုပဲခင်ဗျ။ လူအများကြားမှာချပြတဲ့အခါမှာ တစ်ချို့ပုံလေးတွေ့ ဟာ ကျွန်တော် မျှော်လင့်ထားသလောက် feedback မရဘူး။ တစ်ချို့ပုံလေးတွေဟာ ကျွန်တော်တင်ပြပုံ၊ တင်ပြချိန်တွေမှားလို့ လူမသိပဲ ညပ်ကျန်ခဲ့တဲ့ပုံတွေပါ။ပုံတွေထဲမှာ တူနေတာတွေ။ အရည်အသွေး လက်ခံနိုင်မှု့မရှိတာတွေ။ လိုအပ်နေတဲ့ပုံတွေ ရှိပါတယ် ပုံတွေက ကျွန်တော့်အတွက်တော့ အကြောင်းလေးတွေနဲ့ ရှိနေတဲ့ပုံလေးတွေ ဖြစ်သလို ကျွန်တော့်ကိုတည်ဆောက်ပေးနေကြတဲ့ပုံလေးတွေဆိုလဲမမှားပါဘူးခင်ဗျာ။
တိုးတိတ်ရိပ်ခို

တိုးတိတ်ရိပ်ခို ဆိုတဲ့နာမည်လေးကိုကျွန်တော်အရမ်းကိုသဘောကျမိသွားတယ်။သည်ပုံလေးပြင်ပြီး တင်ခါနီးမှ ခေါင်းထဲကထွက်လာတဲ့နာမည်လေးပါ။ သည်ပုံလေးက သာမန်ပုံလေးတစ်ပုံရယ်ပါ။ ရိုက်ခဲတဲ့နေရာကလဲ ကလပ်ကီး မှာ မြို့လည်ခေါင်ကြီး။ အဲ့သည့်နေ့က ကျွန်တော် တော်တော် Mood ၀င်နေတယ် လမိုင်းကပ်နေတယ် လို့ပြောလဲရမှာပေါ့နော်။ ပုံလေးတွေတော်တော်များများရလိုက်တယ်။ ၄ ၅ ၆ ပုံရလိုက် တယ်ခင်ဗျ။ အလျှင်းသင့်သလိုကျွန်တော်ပုံရာဇ၀င်တွေ ပြောရင်းနဲ့ပြောသွားမှာပါ။
တိုးတိတ်ရိပ်ခိုမှာ ထူးခြားတာက အုတ်နံရံကြားထဲက အပင်လေးစိမ်းထွက်နေတာပါဘဲ။ အရောင်ချိန်ထားတာကလဲ ကျွန်တော် အစိမ်းဖျော့နုနုလေးဘက်ကိုချိန်ထားတယ်ဗျ။ တည်ငြိမ်ခြင်း၊ငြိမ်သက်ခြင်း တွေကိုသည်ပုံလေးချိန်နေစဉ်မှာ ကျွန်တော်ခံစားမိနေတယ်။ နောက် သစ်ပင်ပေါက် လေးတစ်ပင်ဟာ ဟိုးအရမ်းမြင့်တဲ့ တိုက်တွေကြားထဲကနေပြီး ထိုးထွက်ဖို့ကြိုးစားနေရှာတယ်။ မြေကြီးပေါ် ပေါက်တာချင်းအတူတူတောင်မှ ရဲရဲဝင့်ဝင့်ပေါက်လာရရှာတာမဟုတ်ဘူး ဘယ်အချိန်အနှုတ်ခံရမလဲ (မြို့လည်ခေါင်နေရာကြီးဖြစ်နေတာကို)။ ဆိုတာသူစဉ်းစားနေမိမှာပဲ။ ဒါ့ကြောင့် သတိမထားမိတဲ့နေရာ ကနေပြီး မြို့ပြအဆောက်အဦးတွေအရိပ် ကိုခိုကာ သူတဖြေးဖြေးထိုးထွက်လာခဲ့တယ်။ အညွန်အဖျားလေး တွေ ရဲ့ အသစ်အသစ် သော သူ့မျှော်လင့်ချက်အရွက်နုတွေ ကိုမြင်တွေ့ရမှာပါ။
သူ့အပင်ငယ်ဘ၀ဟာ သည်လောက်အထိ ရှင်သန်လာဖို့ အတော်ကြိုးစားခဲ့ရမှာပါ။ တစ်ချိန်ချိန်မှာ သူဟာ အနှုတ်ခံ အရှင်းခံရဖို့ ရာခိုင်နှုန်း အများဆုံးရှိနေပေမယ့် ၊ သူဟာမရရအောင် ရှင်သန် ပေါက်ဖွားနေတယ်၊ နောက်... ရအောင်ကြီးထွားနေတယ်.. ကံကောင်းသူ ပြုစုပျိုးထောင်နိုင်သူနဲ့သာတွေမယ် ဆိုရင် တော့ သူ့ဘ၀ကတစ်မျိုးဖြစ်မှာပေါ့။ အခုချိန်ထိတော့ သူဟာ ရှင်သန်းဖို့ တိုးတိုးတိတ်တိတ်လေး မြို့ပြအရိပ်ကိုခိုပြီး ရှင်သန်းနေဆဲ ပါ။
Saturday, January 8, 2011
A cup to Tea

"A little cup of friendship
With a bag of tea
When you drink this
Think of love from me."
လက်ဖက်ရည်တစ်ခွက် ကိုစာအမျိုးမျိုး တဖွဲ့တနွဲ့ရေးခဲ့ကြတယ်ဆိုပါတယ်။ အေးစိမ့်စိမ့်ရာသီဥတုမှာ အကျရည် တစ်ခွက်ကို တစ်စိမ့်စိမ်လျှာပေါ်တင်ပြီး စာအုပ်တစ်အုပ်နဲ့ မြစ်ကမ်းဘေးထိုင်နေခဲ့ရင်လည်ကောင်း။ ချစ်သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း စကားတွေဖောင်ဖွဲရမတတ်ပြောခဲ့ရင် လည်ကောင်းသိပ်အရသာရှိမှာပေါ့ဗျာ။ ကင်မရာတစ်လုံးအကြမ်း လွယ်ပြီး လူသွားများတဲ့လမ်းဆုံ တစ်ခုက ပလက်ဖောင်းလက်ဖက်ရည်ဆိုင်မှာထိုင် သက်မြမြ အကျရည်တွေကို တစ်ငုံချင်းစီ ဖြေးဖြေးခြင်းမြုံ့ ၊ အ၀င်မှာ ခါးသက်လေသမျှ အာခံတွင်းမြိုအချမှာ စိမ့်စိမ့်လေးမွှေးတဲ့အနံ့ကအနံခံအာရုံမှာကျန်ခဲ့ ဦးနှောက်အတွေထဲမှာလဲ ကြည်လင်လာ လောကပတ်ဝန်းကျင်ပန်ချီကားကိုလက်ဖက်ရည်တစ်ခွက်နဲ့ တစိမ့်စိမ့် ထိတွေနေချင်ပါသည်။
Subscribe to:
Posts (Atom)








