Saturday, February 12, 2011

အစားအသောက်လှလှလေးဖြစ်အောင် ရိုက်ကြရအောင် (၁)


Food Photography ဆိုတဲ့ အစားအသောက်အလှပုံတွေကို ဘယ်လိုလှအောင်ရိုက်ကြမလဲလို့

ကျွန်တော်လိုက်ရှာပြီး စုစည်းမိလိုက်ပါတယ်။ လွယ်လဲလွယ်ကူမယ် လူတိုင်းလဲ ကင်မရာအသေးလေး တွေနဲ့ ပါ ပုံလှလှလေးတွေ ထွက်အောင် ရိုက်ဖို့အဆင်လဲ ပြေစေအောင်ပေါ့။ ဟိုစပ်စပ် သည်စပ်စပ်လေးတွေစုပြီး ရေးထား တာဖြစ်တဲ့အပြင် အလွယ်ဖြစ်အောင်ရေးထားလို့ အသေးစိတ် လိုအပ်တဲ့အချက်တွေ ရှိနေဦးမှာဖြစ်ပါတယ်။ Tips လေးတွေ သဘောအနေနဲ့ပဲ ကျွန်တော်ရေးလိုက်ရပါတယ်။

အစားအသောက် ပုံတွေကိုရိုက်တဲ့အခါမှာ အကောင်းဆုံး အလင်းရောင် ပေးစနစ်ကတော့ သဘာဝ အလင်းရောင်ဖြစ်ပါတယ်။ သဘာဝအလင်းရောင် တိုက်ရိုက်ကျနေတဲ့ နေရာမှာ ရိုက်ရင် ပုံထွက်တွေဟာ ပိုပြီးသဘာဝဆန်တယ်လို့ ပြောကြပါတယ်။ အထူးသဖြင့် ပြတင်းပေါက် နဲ့နီးတဲ့နေရာမှာ ရိုက်သင့်ပါတယ်။ ပြတင်းပေါက်ကနေ ကျနေတဲ့အလင်း အထူးသဖြင့် မနက်ခင်းအလင်းရောင်ဟာ စူးရှလို့ မနက်ခင်း အလင်းရောင်နဲ့ဆို ပုံလေးတွေ ပိုလှနေတတ်ပါတယ်။ တခြားနည်းလမ်းတစ်ခုအရ Flash တွေကို Bounced off လုပ်ပြီးရိုက်မယ်ဆိုလဲ ပုံထွက်ကောင်းတယ်လိုဆိုပါတယ်။ အစားအသောက်အပေါ် ကိုကျနေတဲ့အလင်းဟာ ၄၅ ဒီဂရီလောက် စောင်းကျနေတာမျိုး ဆိုကောင်းမယ်လို့လဲ ပြောထားတာတွေ့ရပါတယ်။ အစားအသောက်ပုံတွေ ကိုရိုက်တဲ့အခါဆိုရင်ဖြင့် ရေပြင်ညီ နဲ့အညီရိုက်တာရှိသလို နောက်တစ်မျိုးက ရေပြင်ညီ ရဲ့အထက် အပေါ်အနည်းငယ်ကနေ ရိုက်သင့်တယ်လို့လဲ အကြံပေးထားတာ ကျွန်တော်ဖတ်ရပါတယ်။ ဘာအတွက်လဲဆိုတော့ ပုံထဲမှာ အစားအသောက်အရိပ်လေးလဲပါလာတော့ အမြင်တစ်မျိုးဖြစ်တာပေါ့ခင်ဗျာ။

ကင်မရာ အသေးလေးတွေနဲ့ Flash ထည့်ရိုက်တဲ့အခါမှာ ပုံတွေဟာ ဖြူဖွေးထွက်လာတာတွေ။ အသေးစိတ်မဖြစ်တာတွေ ၀ါးနေတာတွေရှိတတ်ကြပါတယ်။ ဖလက်ခ်ျကို ဒဲ့ချိန်ပြီးရိုက်လိုက်တဲ့အတွက် ဖြူဖွေးထွက်သွားကော။ ကင်မရာမှာဖလက်ခ်ျက တပ်ထားတာ ဒဲ့မချိန်လို့ဖြစ်လိုလုပ်မလဲဆို .မဟုတ်ဘူးခင်ဗျ ကျွန်တော်ဆိုလိုချင်တာက တည့်တည့်ရိုက်တာပါပဲ ဒါပေမယ့် တစ်ရှူးအဖြူစ ခပ်ပါးပါးလေးကို ဖလက်ခ်ျရှေ့မှာ ခံပြီးတောရိုက်ကြည့်ပါ အစားအသောက်တွေ အပေါ်အလင်းရောင်ဖျာကျတာ ပိုလှလို့ ပုံထွက်လေးတွေ ကောင်းလာမှာပါ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ ဓာတ်မီးအဖြူ ကိုတစ်ရှူး စ လေးခံပြီး မီးအနေနဲ့ထပ်ပေးပြီး ရိုက်တယ်ခင်ဗျ နေ ည ခွဲခြားသတ်မှတ်ထားတာမရှိပါဘူး။ လိုအပ်တယ်လို့ ခံစားမိလို့ နေ့လည် ဘက်ရိုက်လဲဖြစ်တာပါပဲ။ တစ်ရှူးရဲ့ အနီးအဝေးအကွာအဝေး ပေါ်မူတည်ပြီး အလင်းဖျာမှု့ ဟာ ပြောင်းလဲလာမှာပါ.။ စားပွဲတင် စာကြည့်မီး ကိုအသုံးပြုပြီးလဲရိုက်လို့ရပါတယ်။ကျွန်တော် စားပွဲတင်မီး ကိုအသုံပြုပြီး ပုံတွေအများကြီးရိုက်ကြည့်ခဲ့ဘူးပါတယ်။ စိတ်ကြိုက်လဲဖြစ်ပါတယ်။ ကင်မရာနဲ့ ညဘက်တွေ ရိုက်တဲ့အခါမှာ ပုံတွေဝါးနေတာတွေ ရှိတတ်ပါတယ်။ နောက် လူဖြစ်စေ ဘယ်အရာမဆို နှစ်ထပ်ဖြစ်နေတာတို့ မကြည်လင် မပြတ်သား တာတို့ရှိကြပါတယ်။ ဘာလို့ အဲ့လိုဖြစ်ရပါသလဲ ? ကျွန်တော်တို့လက်တွေက လှုပ်နေလို့ပါ။ သည်ဟာကို လတ်တလော နည်းလမ်း၂ခုနဲ့ ဖြေရှင်းလို့ရပါတယ်။ ပထမတစ်နည်းက ထွိုင်ပေါ့ ဆိုတဲ့ သုံးချောင်းထောက် ကိုသုံးတာပါပဲ။ သုံးချောင်းထောက်ဟာ အသေးလေးတွေလဲရှိပါတယ်။ လက်ကိုင် ဖုန်းအရွယ်သာသာလေးတွေပါ။ သယ်ရလွယ်ပါတယ်။ နောက်ဒုတိယနည်းက ကင်မရာအတော်များများမှာပါတဲ့ ISO Setting ဆိုတာရှိပါတယ်။ အဲ့သည့် ISO Setting ကို တင်ရိုက်ပေးပါ။ တင်ရိုက်တယ်ဆိုတာက 100 ကနေ 200, 300, 400,800 ,1600 စသည်ဖြင့်ပါ။ သည်နေရရာမှာ သတိထားရမယ့် အချက်တစ်ခုက ISO တင်လာတာနဲ့အမျှ Noise ဆိုတဲ့ဗြုပ်တွေ ထလာတတ်ပါတယ်။ သတိပြုရပါမယ်။ကျွန်တော်တို့ လက်တွေမှာ သတိမထားမိတဲ့ လှုပ်ခပ်မှု့လေးတွေရှိပါတယ်။ လက်ကိုဘယ်လိုပဲငြိမ်အောင်ကိုင်ထားထား ပုံထဲမှာ လှုပ်သွားတယ် လို့ပြောကြပါတယ်။ အဲသည်ဟာက တော့ လက်ကိုဘယ်လောက် ငြိမ်အောင်ထားထား ခလုပ် ကိုနှိပ်လိုက်တဲ့ အချိန်မှာ လှုပ်သွားတာကိုး။ ဒါကြောင့်မို့ သုံးချောင်းထောက်သုံးရင်ပဲဖြစ်ဖြစ်၊ သည်အတိုင်းလက်လွတ် အစားအသောက်တွေကိုရိုက်ရင်ပဲဖြစ်ဖြစ် Salf-timer 2 sec 5 sec စသည်ဖြင့်ပေးပြီး ၇ိုက်ကြည့်ပေးပါ။ထူးခြားလာတာတွေ့ရပါလိမ့်မယ်။

NaingHL

Friday, February 11, 2011

Singapore က ကင်မရာဆရာတွေစိတ်ဝင်စားတဲ့ Forum


Club Snap (http://www.clubsnap.com/forums/) ဆိုရင် Singapore မှာရှိတဲ့ Photographer တွေ အတော်များများ သိကြတဲ့ ဆိုဒ်တစ်ခုဖြစ်ပါတယ်။ တစ်နည်းအရ ကင်မရာဈေးကွက်လို့လဲပြောလို့ရသလို Facebook တွေမှာ တင်ကြတဲ့ စင်္ကာပူ မော်ဒယ်မလေးများကို Photo ရိုက်ပေးလို့ရအောင်စုစည်းပေးတဲ့ ၀ါသနာရှင်ဆိုဒ်ဆိုလဲမမှားပါဘူး။ Camera , Lens , Accessories တွေဝယ်မလား၊ ရောင်းမလား ။
နည်းပညာအသစ်တွေ နဲ့မိတ်ဆက်မလား။ သင်တန်းတွေပဲတက်ဦးမလား။ သူများတွေ ရိုက်ထားတဲ့ ပုံတွေကိုပဲကြည့်ဦးမလား။ အမျိုးမျိုး ကွဲပြားတဲ့ Photography တွေအကြောင်းပဲလေ့လာကြမလား။ အတော်များများကို ရှာဖွေလို့ရပါတယ်။



ကျွန်တော်အချိန် ရှိရင် ၀င်ဝင်ကြည့်ဖြစ်နေတဲ့ဆိုဒ်ပါ။ မသိတာတွေ နားမလည်တာတွေကိုလည်း ခေါင်းစဉ် ထုတ်ပြီး ဖိုရမ်မှာဝင်မေးလို့ရပါတယ်။ ဒါမှမဟုတ် သူများတွေ အမေးအဖြေလုပ်ထားတာတွေကို ဖတ်ကြည့်ပြီး လေ့လာလို့ရပါတယ်။ ကင်မရာကိုအလဲအထပ်ပဲလုပ်ဦးမလား ၊ လန်းအဟောင်းရောင်းပြီး မြင့်တဲ့ လန်းကိုပဲ ယူချင်သေးလား။ ကိုယ်ဝယ်မယ့် စိတ်ဝင်စားတဲ့ ကင်မရာ အမျိုးအစားမှာ ဘာကောင်းတဲ့အချက်တွေရှိတယ်
ဘယ်ဟာတွေကိုသတိထားရမယ်ဆိုတာတွေကိုပဲလေ့လာဦးမလား။ အကျိုးရှိပါတယ်။
Photo ပြိုင်ပွဲတွေ ရဲ Web Page အညွှန်းတွေ။ အကြံဥာဏ်တွေနဲ့ လေ့လာချင်စရာများတဲ့ဆိုဒ်တစ်ခုပါ။
အဆင်ပြေရင် လေ့လာကြည့်လို့ရပါတယ်။ အကြိုက်တွေ့ကြမယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ။

အထူးသဖြင့် ကင်မရာဝယ်မယ့်သူများအနေနဲ့ သည်ဆိုဒ်မှာသေခြာစွာ ဈေးနှုန်းကအစ လေ့လာပြီးမှ နားလည်သူ တစ်ယောက်နဲ့ ဆွေးနွေးဝယ်ကြဖို့ အကြံပေးပါရစေ။







Sony Soon Release New Model Alpha 77








ကျွန်တော်က Alpha နဲ့ရိုက်နေသူဖြစ်တာမို့ Alpha နဲ့ပက်သက်တာလေးတွေကို လိုက်လိုက်စုနေမိပါတယ်။
စိတ်ကြိုက်မော်ဒယ်မထွက်တာ အတော်ကြာနေပြီဖြစ်တဲ့ Alpha က ၂၀၀၇ ခုနစ်က ထုတ်ထားတဲ့ Alpha 700 အတွက်အစားထိုး A77 ဆိုတဲ့မော်ဒယ်ကို သည် ၂၀၁၁ ထဲမှာထွက်လာမယ်လို့ကြေငြာလာပါတယ်။ A77 ဟာဆိုရင်24-MP crop frame sensor (Exmor APS HD CMOS Sensor ) နဲ့ Bionz processor ကိုအသုံးပြုထားမယ်လိုသိရပါတယ်။ AF points အသေးစိတ်ကအစ ချိန်လို့ရလာမယ်လို့လဲပြောထားပါတယ်။ ထူးခြားချက်ကတော့ ဆိုနီ ဒီဗွီကင်မရာတွေ အတိုင်း Full HD Quality Movie တွေရိုက်လို့ရမယ်လိုဆိုထားပြီး။ 30fps (frames par second) ထွက်လာမယ် လိုလဲပြောပြထားပါတယ်။ Memory ပိုင်းမှာတော့ CF cards, memory sticks နဲ့ SD cards တွေအကုန်လုံးကို သုံးလို့ရမယ်လို့ပြောထားတဲ့အပြင် မတူတဲ့ Memory Card ၂မျိုးကိုလဲ တစ်ပြိုင်ထဲ အသုံးပြုနိုင်အောင် လုပ်ထားမယ်လို့ပြောထားပါတယ်။
ဆိုနီက သူတို့မော်ဒယ်အသစ်အတွက် အောက်မှာပြထားတဲ့အတိုင်းပြောပြထားပါတယ်။
Shown for the first time in Europe, Sony exhibits a new advanced segment camera (prototype) that uses Translucent Mirror Technology. Aimed at photo enthusiasts and step-up amateurs, the new α model builds on the powerful creative possibilities of the first translucent mirror cameras from Sony, the α55 and α33, also on display. Unlike conventional DSLR cameras, this innovative design enables super-fast shooting responses with continuous AF during stills and HD video shooting in a compact body.

ပုံအရ Function Key တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

We've heard Sony use the term "Advanced Model" when dealing with concepts before, and it seems that it's using said code once more to disguise what may end up being the A77. Rumors have been flaring over the past few weeks, noting that this particular Alpha DSLR would be showcased at Photokina before being officially unveiled at CES 2011. Few details were given, but we're able to tell that it'll shoot HD video in AVCHD and will be compatible with a vertical grip. Moreover, it'll ship with a translucent mirror (as found in the A55 and A33) and an Exmor APS HD CMOS sensor. At the company's Photokina press conference, an executive noted that the cam will be "far more powerful than the a55," and that it'll be aimed at "serious enthusiast photographers."

Thursday, February 10, 2011

500 Women Poses

ကျွန်တော်တစ်ယောက် ဟိုသွားလိုက်သည်သွားလိုက်နဲ့ ဟိုက ဟာဒေါင်းလိုက် သည်က ဟာဒေါင်းလိုက် အခုသည်ဟာကတော့ အမျိုးသမီးအလှပုံ အတွက် Poses တွေဖြစ်ပါတယ်။ လေ့လာကြည့်ပေးပါ။ အထူးသဖြင့် ပခုံး လက်ပြင် ခါး .. လက်ဖမိုး နဲ့ ခြေထောက် အနေအထားတွေက ကျွန်တော်တို့သတိပြုရမယ့်အရာတွေပါပဲ။
အောက်ကလင့်ကနေ စာအုပ်ကိုဒေါင်းလို့ရပါတယ်။

http://www.mediafire.com/file/a3v4y6fqpz0whoz/500%20Poses%20for%20Photographing%20Women.pdf

Wednesday, February 9, 2011

ံHow to take Fireworks Pictures




ကျွန်တော် ကိုလူသစ်နဲ့တွေတော့ သူက ကျွန်တော့်ကို ဟကောင်မင်းဟာတွေက သိပ်နုနေတယ် ။ ပုံအကြောင်းဆိုလဲပုံအကြောင်း အထောက်အပံဖြစ်တာလေးတွေလဲရေးဦးလို့ပြောလာပါတယ်။
ကျွန်တော်ကိုယ်တိုင်ကလဲ လေ့လာဆဲအဆင်ဖြစ်လေတော့ အဲ့လိုမျိုးတွေမရေးရဲဘူး အကိုရယ်လို့ ကျွန်တော်ကပြောတော့ ဘာဖြစ်လဲ သိသလောက်ရေးပေါ့တဲ့။ သည်လိုနဲ့ ကျွန်တော်နဲ့သူနဲ့ မီးပန်းတွေ ကိုဘယ်လိုရိုက်မလဲဆိုတဲ့အကြောင်းပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဟာ တင်ပြသူ စုစည်းသူတစ်ယောက် အနေနဲ့ လက်တလောအချိန်မှာလုပ်ခွင့်ပြုစေလိုပါတယ်။ သင်ပြသူ တစ်ယောက်အဆင့်ကိုမရောက်သေး လို့ပါ။ အောက်မှာ မီးပန်းဘယ်လိုရိုက်ကြမယ်ဆိုတာပါ ပါတယ်။ လေ့လာကြည့်ပေးပါ။

A favorite subject among amateurs is fireworks. While beautiful, they can be highly unpredictable, so again, prepare to shoot many frames with more bad pictures than good ones. The main problem is figuring out what exposure to use. If it's too long, the fireworks themselves overexpose, and if it's too short, all you get is fireworks, and no background (context). The only solution to this is shoot for the background—that is, expose as if it's a nite shot—and try to time your shutter releases so that the fireworks are either at the beginning, or the very end of the exposure. You'll have to shoot at least one picture of the scene without any fireworks, just to
magnifier.gif
20 seconds, 17mm, f2.8
(Whitefish, Montana, USA)

gauge what your base-line "nite" exposure is. Once you have that, you can time the fireworks accordingly. (That is, attempt to have the fireworks either be at the first or last 5 seconds of (say) a 30-second shot, for example.) This way, the basic scene will come out right, and the amount of light from the burst won't be over-exposed. You want at least a second of it (and up to about five seconds) to get the "motion" of the sparks, or the photo probably won't come out pleasing. Again, experiment to taste.

Clearly, it's a lottery game to determine when the operator is going to let off the next one, and it's not even worth shooting when he lets them off back to back (unless you like the abstract/artsie look). Except for those situations, I'll shoot every moment of a one-hour fireworks display and be lucky if I come up with five good shots. And if there's a strong wind—forget it. Similarly, the smoke can become a visual eyesore if there isn't enough circulation to cycle it out during the performance.

I always try to compose fireworks to have some sort of foreground (the people watching them, nearby buildings or landscape). As you know, fireworks involve bursts, flashes, and streaks, which are all over the map for making good exposures. Getting an "even" look involves timing. And that is governed by your noticing how the fireworks are spaced apart from one another.

Source: Dan Heller Photography

Low Key Portrait Lighting Tutorial

“But Deborah,” you say, “I don’t have four lights. Or three. Or really, even two. I just have the one.” No problem. You’re perfectly outfitted to do a beautiful, classic low-key lighting setup. Your camera’s dedicated flash unit could even be set up off-camera to achieve this result.

What is low key lighting? According to Wikipedia, it attempts to create a chiaroscuro effect. In traditional photographic lighting, three-point lighting uses a key light, a fill light, and a back light for even illumination. Low-key lighting requires only one key light, optionally controlled with a fill light or a simple reflector. This type of setup is usually shot against a dark background.

The image above of my oldest daughter was taken using a single light inside a very large soft box that was positioned directly to one side and approximately 2 feet away from her.

See diagram:


Generally speaking, this is a less ‘forgiving’ lighting setup than other options in two different ways.

  • The lighting zone is much more narrow than high key lighting, meaning the subject has to be more carefully placed in relation to the light. This would NOT be the lighting setup of choice for a busy two-year old (unless you have a trick or two up your sleeve, like my super secret weapon MR. SMILEY FACE).
  • Severe side lighting will highlight any natural flaws in the skin.

Therefore, this is lighting best reserved for the very young, those with flawless skin or ruggedly good looking men where you want to emphasize their facial ‘character’.

However, that last drawback can be overcome if:

  • you simply back farther away from your subject, shooting full body, rather than tight facial close-ups and you
  • angle the light more towards the front of the subject and use a reflector directly opposite it (see diagram below), which is not only more flattering, but allows light to spill onto the background, providing a level of separation between subject and background.

This image is a good example of the natural drama of this type of lighting and the unexpected scenarios you can use it in.


I used one light and a reflector for the shot above. The key light was placed to one side and slightly in front of the subjects. The reflector was positioned on the opposite side to bounce light back onto the subjects. Whereas the first photograph of my daughter was against seamless black paper, this one was shot against a dark cloth backdrop. The side lighting emphasizes the texture in the background to nice effect. If I had not used a reflector opposite the key light, the young man’s face would have been completely in dark shadow with no visible expression.

Best results with this lighting setup are achieved with the use of a soft box. The larger the soft box, the more ‘window-like’ the lighting will be. In another post I will illustrate this lighting technique using natural window lighting, which, while it requires NO lights, does require knowledge of how to get a properly exposed image.



by deborahwolfe


Sunday, February 6, 2011

H & T ROM day




ထွန်းလင်းနိုင် နဲ့ သဇင်တို့မင်္ဂလာဆောင် ကို ကျွန်တော်နဲ့သီဟန် သွားရိုက်ဖြစ်ခဲ့ကြပါတယ်။
မင်္ဂလာဆောင်ရိုက်တာတွေအတွက် ဘယ်လန်းတွေနဲ့ရိုက်ရင်ကောင်းမလဲဆိုပြီးစဉ်းစားရင်း နောက်ဆုံး
သည် Lens တွေနဲ့ ရိုက်ဖြစ်ခဲ့ကြပါတယ်။
Carl Zeiss Planar T* 85mm F1.4 ZA
Carl Zeiss Vario-Sonnar T* 24-70mm F2.8 ZA SSM
Tokina 11-16/2.8 ATX DX Lens
Flash ကတော့ HVL-F58AM flagship flash ၂ လုံးကိုသုံးထားပါတယ်။
များသောအားဖြင့်ပုံတွေ Sharp ဖြစ်အောင်လို့ဆိုပြီး ISO ကို ၄၀၀ အထိ အများဆုံးသုံခဲ့ပါတယ်။

ကျွန်တော်က အဲ့သည့်နေ့မနက် အလုပ်ရှိနေတော့ ROM လုပ်တဲ့အချိန်မမှီလို့ သီဟန်က ကူညီပြီး ပုံတွေရိုက်ပေး
ခဲ့ပါတယ်။ အခြေအနေက မိုးအုံအုံ မိုးရွာနေတော့ ကျွန်တော်တို့တွေမှာ အတော်ကို ရာသီဥတုနဲ့ ပက်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်။ မိုးအုံးပြီး နေရောင်လုံးဝမရှိတာဟာ အတော်ကိုအခက်အခဲဖြစ်ပါတယ်။ အလင်းအမှောင်ယူဖို့ Reflector ကိုလဲသုံးလို့မရ ။ မြက်ခင်းပြင်ပေါ်မှာ သဇင့်ကို ရိုက်ချင်ပေမယ့် အောက်က ရေတွေက အရမ်းကိုစိုနေတာကြောင့် တစ်မျိုး ။ နေ၀င်ချိန် ကမ်းခြေမှာ အလှပုံလေးတွေရိုက် မယ့်စိတ်ကူးကလဲ အကုန်ပျက်။ ယူလာတဲ့ Umbrella တွေ Softbox တွေကိုလဲ သုံးဖို့ရာမလွယ်ကူနဲ့ပေါ့။ အခြေအနေပေးသလောက်ထဲက မရရအောင်ပုံတွေကိုဆွဲထုတ်ခဲ့ရပါတယ်။
Carl Zeiss Planar T* 85mm F1.4 ZA Lens
CZ လဲဖြစ်ပြန် 85mm Prime လဲဖြစ် နောက် F1.4 ဆိုတော့ပြောမနေပါနဲ့တော့ဗျာ။ သိပ်ကောင်တဲ့လန်းတစ်လုံးဆိုပါတော့ အဲ့သည့်နေ့အတွက် အတော်ကို ကောင်းတဲ့ပုံတွေရလာခဲ့ပါတယ်။
ဒါပေမယ့် သတို့သားနဲ့သတို့သမီးကို တစ်ယောက်ကိုဝါးပြီး တစ်ယောက်ကို ကြည့်အောင်ယူရိုက်တဲ့ အခါမှာ ၀ါးထားတဲ့ တစ်ယောက်က အတော့်ကို မမြင်ရလောက်အောင်ကို ၀ါးသွားတယ်။ F 1.4 မို့လို့လေ သတိထားပြီး ပြန် Adjustment လုပ်လိုက်ရတယ်။ ဒါလေးက အဲ့သည့်နေ့အတွက် မှတ်မှတ်ရရပေါ့။