
လမ်းတွေလဲ တိတ် တိတ်ပေါ့ ..
တရှိုက်ရှိက်ငိုနေရတဲ့သားကောင် ..
ဟိုအရင်လို ...... ..
ပျော်သံတွေနဲ့ ဆူညံခွင့်ပေးပါဦးလား..
လောက .. ။
ထိချက်က မပြင်းပေမယ့်
အတွင်းကတော့ကြေသွားခဲ့တယ်...
လူလည်ခေါင် .. သွေးအံခဲ့မှတော့ ..
ငါ .. ဘယ်လိုဖုံးဖိနေဦးမှာလဲ ..
ရီတော်မူပေးကြပါ...။
ငါပြိုကျနေတယ် ချစ်သူ ....
အဆုံး မရောက်သေးမယ့် လမ်းမှာ
သူ့ ..မှ အရင်ခေါ်သွားရက်တယ်..
ငါ့ အရင်ခေါ်လှည့်ပါတော့လား ..။
သြော်............................ သူမ..
မျိုးဆက် တွေအတွက် တော့...
အိမ်ယာဝင် ပုံပြင်နတ်သမီးလေးလို
မြတ်နိုးနေကြမှာ...ပါ..
မင်း .. အမြဲ.. ရှင်သန်နေဦးမှာပါ။
Naing Htun Lwin
21/01/2011