Saturday, January 8, 2011

Model အိပ်ပျော်သွားခြင်း



အော်ကျူးတို့ ခေါ်ဆောင်ရာ Camera Rental စတူဒီယို Indoor သွားတုန်းကပေါ့။ ကင်မရာညီအကိုတစ်တွေ လူစုံတက်စုံ ရိုက်ကြတယ်။ သည်ပုံရိုက်တဲ့အချိန်ကတခြား ကင်မရာမန်းတွေ ထမင်းစားဆင်းနေတဲ့အချိန်ဗျ။ ကျွန်တော်ရယ် ကိုထွန်းလင်းစိုးရယ်ဘဲရှိမယ်ထင်တယ် မှတ်မိသလောက်ဆို။ ဘာရယ်လိုမဟုတ်ပါဘူး။ စိတ်ကူး လေးပေါက်လာရာကနေ မော်ဒယ်ကို ညီမသည်ခုံမှာထိုင်ပြီးခဏအိပ်ပေးပါ။ဆိုပြီးမျက်လုံးဖွင့်ပြီးရိုက်လိုက် ပိတ်ပြီးရိုက်လိုက်နဲ့ မျက်လုံးပိတ်တဲ့ close up ရိုက်မယ်ဆိုပြီး မျက်လုံးပိတ်ပြီးရိုက်ကြတယ်ခင်ဗျ။ ရိုက်ကြတာ လိုသလိုမရတော့ ဆက်တင်ချိန်လိုက်ရိုက်လိုက်နဲ့ပေါ့ဗျာ။ နောက်ဆုံးမှ မျက်လုံှးမှိတ်ပို့်စ်ပုံလေး ရတယ်တကယ်ကိုအသက်ဝင်တော့ ကျွန်တော်ကျေနပ်သွားတယ်။ ညီမရပြီ ကျေးဇူးပါဘဲပြောလဲ သည်အတိုင်းပဲ။ ညီမနားပါရပြီဆိုလဲသည်အတိုင်း။ ပုံအရိုက်ခံရတယ်ဆိုတာ မော်ဒယ်တွေ လဲပင်ပန်းတာမျိုးရှိတယ်လေဗျာ။ နောက် ညီအကိုတစ်ယောက်က မသင်္ကာတာနဲ့ အနားသွားကြည့်တာ မော်ဒယ်ညီမက တကယ်ကိုအိပ်ပျော်နေတာဗျာ။ နှစ်နှစ်ချိုက်ချိုက် .... မှတ်မှတ်ရရ မှတ်မှတ်သားသားလေးဖြစ် သွားတာပေါ့ခင်ဗျာ။ သည်ပုံကတော့ မော်ဒယ်အိပ်မပျော်ခင် လေး ရိုက်ထားခဲ့တဲ့ပုံလေးပါ။ :P

Remember Langkawi (Leave me alone)




အိမ်ထောင်ကျပြီစ ဟန်းနီးမွန်းခရီးလို့ဆိုရမယ့် လန်ကာဝီကို ၂၀၁၀ ဇန်န၀ါရီလကသွားခဲ့ပါတယ်။ သူများဟန်းနီးမွန်းတွေတော့ ဘယ်လိုမွန်းလဲမသိဘူးခင်ဗျ။ ကျွန်တော့်ဟန်းနီးမွန်းက သူငယ်ချင်းတွေ အုပ်လိုက်ကြီးတပျော်တပါးလိုက်လာကြတာ။ ပျော်ဖို့ကောင်းတာ ၀က်ဝက်ကွဲဆိုပါတော့။ အသားမာတွေ အထပ်ထပ်တက်နေတဲ့ ကျွန်တော်တို့စိတ်ကို ပျိုမျစ်နုနယ်အောင်လုပ်လိုက်တာပါပဲ။ (စကားမစပ်တစ်ကျွန်းလုံးက ဂျူတီဖရီးခင်ဗျ ရေတစ်ဗူးနဲ့ ဘီယာတစ်ဗူးဈေးကအတူတူဘဲရယ်)။

သည်ပုံလေးကတော့ ကျွန်တော်တို့တည်းတဲ့ လန်ကာဆူကာဟော်တယ် ရှေ့က ကမ်းခြေလေးမှာရိုက်လာခဲ့ တာပါ။ ရေစီးလှိုင်းလေးတွေအပုပ်မှာ ခရုခွန်လေးတွေ ခရုဝိုင်းလေးတွေ က ကမ်းဘက်ကိုပါလာကြပါတယ်။ အများအားဖြင့် ခရုလေးတွေဟာ ကျိုးတာလေးတွေကျိုး ပဲတာလေးတွေပဲ့နဲ့ ခရုကြေလေးတွေအဖြစ်နဲ့ပါ။
သည်ပုံထဲက ခရုလေးကို ကျွန်တော် မြင်လိုက်တဲ့အချိန်မှာ သူဟာတခြား ခရုချွန် ခရုလုံးလေးတွေလိုမဟုတ်ပဲ သီးခြားရေထဲက ထွက်လို့ သဲသောင်လေးပေါ်မှာထိုးထွက်နေပါတယ်။ ရေလှိုင်းဘယ်လောက်ခတ်ခတ် သူကတော့သည်အတိုင်း နေမြဲအတိုင်းလေးပဲရှိနေတယ်။ ခံစားချက်တစ်ခုခုလေးကိုရလိုက်တယ်ဗျ။ သူလဲ သူ့ဘာသာသူ သီးသီးသန့်သန့်လေးနေချင်ရှာမှာပေါ့ လှိုင်းတွေက လာလာနှောက်ယှက်နေကြတာ။ သူသာစကားပြောတတ်ရင်ဘာပြောမလဲ ....... အဲ့ဒါနဲ့ပဲ ပုံလေးနာမည်ကို Leave Me alone လို့ပေးဖြစ်ခဲ့ပါတယ်။

What's That



သူငယ်ချင်းတစ်သိုက်နဲ့ SG Zoo သွားခဲ့တုန်းက ကျွန်တော့်မှာ လိုချင်တဲ့ ပုံမျိုး မရဘဲ ဘာကိုမှစိတ်တိုင်းမကျ ဖြစ်နေရတယ်။ နောက်သိတဲ့အတိုင်း Zoo Life က Wild Life လိုမှမဟုတ်တာကော။ ပိုဆိုးတာက မိုးလေးတွေ ကလဲ စိုစိုစိစိနဲ့ တစိမ့်စိမ့်ရွာနေတော့ မိုးကာတွေဝယ်ရ ဘာရနဲ့။ ဒါပေမယ့် အပြင်ပြန်ထွက်ခါနီးမှာ သည်ငှက် ကုလားအုတ်ကို မြင်လိုက်တော့ တော်တော်စိတ်ဝင်စားသွားတယ်။ သူ့ပြူးတူးပြဲတဲ နဲ့ ပျင်းရိရိရှိတဲ့ဒီဇိုင်းကိုပေါ့ နော်။ ထိပ်ကလဲပြောင်နေသေးသကိုးခင်ဗျ။ မနေခြည်နဲ့တခြားသူငယ်ချင်းတစ်သိုက်က ရှေ့ရောက်နေပြီ။ ကျွန်တော်ရယ် ကျော်သက်ဇော်ရယ် ၂ယောက်သား သည် ငှက် မင်းသား ကိုယ့်ဘက်လှည့်လာအောင် ပြောင်ပြ ပြူးပြ (ကျွန်တော်ကတော့သိပ်ပြူးစရာမလိုပါဘူးထင်ပ) ။ နောက် ငှက်က ကိုယ့်ဘက်ကိုအာရုံရောက် လာအောင် ကျွန်တော်စိတ်အတော်ရှည်လိုက်ရတယ်.။ လိုချင်တဲ့ အယူအစတစ်ခုမှာ ကင်မရာကို ကျောက်ချပြီး လန်းကို အပေါ်တင်လိုက်အောက်ချလိုက် သူ့မျက်စိအာရုံထဲ ၀င်လာအောင် လုပ်လိုက်မှ ကိုယ်ရွှေမင်းသားက စူးစူးလေးတစ်ချက်ကြည့်တယ်ဗျာ( ကိုရဲလွင်ဦးပြောသလို စုးစူးလေးကြည့်) လိုမျိုးပေါ့။ ဒါနဲ့ အဲ့သည့်အချိန်လဲ ရကော ကလစ်ပစ်လိုက်တာနဲ့ သည်ပုံလေးတစ်ပုံ ကျွန်တော့်အတွက်အမှတ်တရကျန်နေရစ်ခဲ့ပါတော့တယ်။

နောက်တစ်ချက်က လူတွေမှာ သဘာဝအရ မျက်လုံး၂ဖက်က မညီကြရဘူးလေ။ သည်ကိုရွှေငှက်ကို ရိုက်မိ မှပဲ အော် သူတို့လဲမညီမညာရှိတတ်တာဘဲဆိုတာသိရတယ်။ ကျွန်တော်ကို ငိုက်မျည်းမျည်းနဲ့ကြည့်နေတဲ့ ပုံတော့ ကျွန်တော့်သဘောအရ ရီလဲရီရတယ် သူ့စိတ်ထဲမှာဘာတွေစဉ်းစားနေမလဲ ဘာကြီးတုန်းက ပြောင်းကြီးနဲ့ လှုပ်လှုပ်ရွရွ ငါ့များအစာလာကျွေးသလား၊ ဒါမှမဟုတ် မိုးအေးအေး အိပ်ချင်မူးတူးနဲ့ အိပ်မက်ကတရေးနိုး တွေဝေ ငေးနေတာများလားပေါ့ဗျာ။ :)

Tuesday, January 4, 2011

A Cornor of Robot City



တစ်နေ့တစ်နေ့ လှုပ်ရှားသွားလာနေရတဲ့လောကမှာ repeatition ဆိုတဲ့ထပ်ခါ တလဲလဲဖြစ်စဉ်တွေက
ကျွန်တော့်ကိုအလွန် ငြီးငွေ့စေပါတယ်။ မနက်အလုပ်သွားတော့လဲ သည်အချိန်သည်နာရီ ၊ သည်မှတ်တိုင် မှာ သည်လူတွေတက်ပြီး သည်လူတွေဘဲဆင်းကြတယ်။ ရထားစီးတော့လဲ ထိုင်ခုံမရဘူးလား မပူပါနဲ့ အနီးဆုံး ဘူတာမှာ ဆင်းမယ့်သူကို အချင်းချင်းသိပြီးသားပါဘဲ။ သူနားသွားရပ်နေလိုက်ယုံနဲ့သူဆင်းမယ့်မှတ်တိုင် မှာ သူကဆင်းသွားတာပါဘဲ။ ကျွန်တော်ဆင်းမယ့် ဘူတာနားနီးရင်လဲမျက်မှန်းတန်းမိနေတဲ့သူတစ်ယောက်က အဆင်သင့်ဘေးမှာရပ်နေပြီးသား။ ကျွန်တော်ဆင်းလိုက်တာနဲ့ သူက နေရာယူပြီးသားပါ။ သိပ်တိကျမှန်ကန် လွန်နေတဲ့ အချိန်ဇယားအောက်မှာ စက်ရုပ်တွေလို တက်သုတ်ရိုက်သွားလာနေရတာတွေကို ကျွန်တော် တဖြေးဖြေး ရိုးအီလာတယ်။ ခံစားချက်မပါတဲ့ မျက်နှာသေတွေနဲ့ လှုပ်ရှားနေကြရတာကိုလဲ သနားလာတယ်။ ကျွန်တော့်ထွက်ပေါက်တစ်ခုဖြစ်တဲ့ ပုံလေးတွေရိုက်တဲ့ ၀ါသနာဟာလဲ သည်လိုငြီးငွေ့မှု့တွေအောက်မှာ ပိုပြီးဆူပွက်ပေါက်ဖွားလာရပါတယ်။ သည်ပုံလေးကတော့ စင်္ကာပူမြို့လည်ခေါင်က နာမည်ကြီး Raffles Place က မိုးမျှော်တိုက်ကြီးတွေကို ကျွန်တော့်ခံစားချက်အမြင်နဲ့ အရောင်ချိန်ပြီး A Cornor of the Robot City လို့နာမည်ပေးမိ လိုက်ပါတယ်။

Monday, January 3, 2011

Cloud iridescence



Cloud iridescence
is the occurrence of colors in a cloud not dissimilar to those seen in oil films on puddles, and is similar to irisation. It is a fairly uncommon phenomenon and is usually observed in altocumulus, cirrocumulus and lenticular clouds but very rarely in Cirrus clouds.[1][2][3] The colors are usually pastel but sometimes they can be very vivid. Iridescence is most frequently seen near to the sun with the sun's glare masking it. It is most easily seen by hiding the sun behind a tree or building. Other aids are dark glasses or observing the sky by its reflection in a convex mirror or in a pool of water.

Iridescent clouds are a diffraction phenomenon. Small water droplets or even small ice crystals in clouds individually scatter light. Large ice crystals produce halos, which are refraction phenomena rather than iridescence. Iridescence should similarly be distinguished from the refraction in larger raindrops that gives a rainbow.

If parts of the clouds have droplets (or crystals) of similar size the cumulative effect is seen as colors. The cloud must be optically thin so that most rays encounter only a single droplet. Iridescence is therefore mostly seen at cloud edges or in semi-transparent clouds. Newly forming clouds produce the brightest and most colorful iridescence because their droplets are of the same size. When a thin cloud has droplets of similar size over a large extent the iridescence takes on a structured form to give a corona, a central bright disk around the sun or moon surrounded by one or more colored rings.


Source: From Wikipedia

မင်္ဂလာပါနှစ်သစ်

မင်္ဂလာရှိသောနှစ်သစ်ပါခင်ဗျာ။
သည်နှစ်ကူးလဲ အရင်နှစ်တွေလို ထူးခြားဖြစ်စဉ်တွေမရှိခဲ့ပါ။ ကျွန်တော်စင်္ကာပူရောက်ထဲက နှစ်သစ်ကူးတိုင်း တိုပါးယိုးကျောင်းမှာ ဦးလေးအဒေါ်တွေရဲ့ စုပေါင်းအလှုကိုသွားကူခဲ့တာမို့။ ထူးထူးခြားခြားခံစားချက် တော့မရှိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့ မနေခြည်နှစ်ယောက် ဟိုးပထမဦးဆုံးကြုံခဲ့ရတဲ့ နှစ်သစ်ကူးပွဲကိုသွား သတိရမိလိုက်တယ်ဗျ။စင်္ကာပူမှာပထမဦးဆုံးကြုံတွေရတဲ့ New Year Eve ပေါ့ခင်ဗျာ။ရန်ကုန်မှာဆိုသူငယ်ချင်း တွေနဲ့ ပျော်ပျော်ကြီးနွဲခဲ့ကြရာကနေ စလုံးရောက်တော့ ကျွန်တော်တို့ကိုအဒေါ်ကနေဘုန်းကြီးကျောင်းမှာလာကူ ဖို့ခေါ်ပါတယ်။ စရောက်ခါစ ကျောင်းသားဘ၀မို့ ငွေကြေးမသုံးဆွဲနိုင်တာတစ်ကြောင်း၊ အဒေါ်ကိုယ်တိုင်ပါဝင် ပြီးလုပ် ကြတော့ ကျွန်တော်တို့ငြင်းမရနိုင်တာကတစ်ကြောင်းမို့ သက်ပြင်းထွေထွေချပြီး ဘုန်းကြီးကျောင်းကိုသွားခဲ့ပါတယ်။ ရောက်ခါစ ပထမဦးဆုံး New Year Eve မှာ ဘယ်သူမဆိုတော့ ပျော်ချင် သိချင်မှာပေါ့နော်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဘုန်းကြီးကျောင်းမှာဘဲ ဝေယာဝိစ တွေကိုကူညီလုပ်ကိုင်ပေးခဲ့ကြတယ်။ နှစ်ကူးဖို့ နီးလာတာနဲ့ အမျှ ရင်တွေခုန်လာတယ် ၊စစချင်းက တော့အလှုမှာ နိုင်သလောက်သွားကူပြီး သူငယ်ချင်းတွေနဲ့ချိတ်ဖို့ပါဘဲ၊ ဒါပေမယ့်ဗျာ ဘယ်လိုမှ ထွက်လာလို့လမ်းစလဲရှာမရတာကတစ်ကြောင်းဆိုတော့ သူများတွေ ၁၀..၉...၈..၇.. အော်နေတဲ့အချိန်မှာ ကျွန်တော်နားလေးစွင့်ပြီး သက်ပြင်းရှည်ကြီးတွေချခဲ့တာပေါ့လေ။ အဲ့လိုနဲ့နှစ်တိုင်း နှစ်တိုင်း ဖြစ်လာခဲ့တဲ့အခါကျတော့ အသားတော့ကျသွားပါပြီ။ သူများတွေပျော်ရွှင်နေတဲ့အချိန်မှာ ကျွန်တော်တို့က ကြည်နူး မှု့တွေဘဲ ပိုက်ပြီး ပီတိဖြစ်နေမိပါတယ်။ နှစ်ဦးရဲ့ ပထမနေတိုင်းမှာ ကုသိုလ်လုပ်ခဲ့ဖြစ်လို့လားမသိဘူး ကျွန်တော်တို့ အခက်အခံတော်တော်များများ ကိုပြေပြေလည်လည်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ အမှတ်တရ အနေနဲ့ ပြန်ရေးမိခဲ့ပြန်ပါပြီ။

Wednesday, December 22, 2010

In The Cabin


ကိုအောင်ပြည့်စိုးလာတုန်းက ကျွန်တော်တို့ စကာင်္ပူမှာလက်လှမ်းမှီတဲ့ သူတွေကို ကို K.Z.Myo က လူစုပြီးပလောအူ ပင်ကို ပုံရိုက်ထွက်ခဲ့ကြတယ်။ မော်တော်ဘုတ်လေးတစ်စင်း စင်းလုံးငှားပြီးသွား ခဲ့ကြပါတယ်။ ပလောအူပင်ဆိုတာဟာ စင်္ကာပူရဲ့မြင်နေကျ မြင်ကွင်းတွေရဲ့ ဆန့်ကျင်ဘက် အိမ်ကြီးကြီးမရှိ ၊အိမ်ကောင်းကောင်းမရှိတဲ့ က မြင်နေကျ စကာင်္ပူနဲ့လုံးဝမတူဘဲလုံးဝ ကွာခြားနေတာကိုတွေ့ခဲ့ပါတယ်။ သြော် ဒါစင်္ကာပူလားလို့ပြတာတောင်မှ ယုံနိုင်ဖို့တော်တော် ခက်ခဲပါတယ်။ အမြဲတမ်းသစ်လွင်နေတဲ့ စင်္ကာပူလိုမြို့မှာ သည်လိုနေရာရှိနေသေးလားဆိုတဲ့မေးခွန်းထွက်လာရင်၊ ဟုတ်ကဲ့ရှိနေသေးပါတယ် လို့ဖြေရမှာပါဘဲ၊ ခရီးရဲ့အစ ပထမဆုံး သတိထားမိလိုက် တာက တရုတ် အဖိုးကြီးမောင်းတဲ့ ဟောင်းနွမ်း နေနဲ့ မော်တော်လေးရဲ့ Cabin ပါဘဲ။ အန်းကုံးရုပ်ထုလေးရယ် ၊ငယ်စဉ်က ရထားတာလို့ထင်ရတဲ့ ဆုတံဆိပ် အဟောင်းလေးရယ်နဲ့ အိုမင်းရင့်ရော်စပြုနေတဲ့ ရေနွေးကြမ်းခွက်ဟောင်းလေးဟာ မော်တော်သမား အဖိုးကြီးရဲ ဘ၀တစ်စိတ်တစ်ဒေသကိုများ ဖော်ပြနေသလားလို့ထင်မိပါတယ်။နုပျိုစဉ်ကအောင်မြင်မှု့တွေကို သူဖက်တွယ်ထားရင်း အားပြုရင်းက အတွင်းစိတ်တွေများ သန်မာတက်ကြွနေလို့သည်လောက်သန်မာနေသလားလို့ တောင်ကျွန်တော် ထင်မိပါတယ်။ အပြုံးခပ်သောသောနဲ့ နုတ်ဆက်တတ်တဲ့သူဟာ ရိုးသားစွာ လူ့ဘ၀ရဲ့ အခက်အခဲအမျိုးမျိုး ကိုကျော်ဖြတ်နေပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ပန်းချီကားဆန်လွန်းတဲ့ သူ့ဟောင်းနွမ်နေတဲ့ Cabin ခန်းလေးဟာ ကျွန်တော့်လက်က ကင်မရာခလုပ်ကိုမနှိပ်ဘဲ မနေနိုင်အောင် စွဲဆောင်အားကြီးမားနေတယ်ဆိုတာကိုကျွန်တော်သည်ပုံလေးနဲ့ဝင်ခံပါရစေ။