Saturday, January 29, 2011

သတို့သမီး အလှပုံ 500


ထွန်းလင်းနိုင် က သူ့မင်္ဂလာဆောင်မှာ ကျွန်တော့်ကို အလှပုံရိုက်ဖို့ လည်ပင်းညှစ်လာခဲ့ပါတယ်။ကျွန်တော်ကလဲ စိတ်အားတက်ကြွစွာနဲ့ စိတ်ရောလူရော ကူညီဖို့ တက်ကြွနေပါတယ်။မင်္ဂလာဆောင် အလှပုံဆိုရင် ကျွန်တော်မှာ ဖတ်စရာ စာအုပ်တွေက ထပ်ရှိလာကောခင်ဗျ။ အွန်လိုင်းတစ်ခွင်ပြဲပြဲဆင် ပြီး သူတို့နဲ့လိုက်နိုင်မယ့် အလှပုံတွေ လိုက်ကြည့်ဖြစ်ပါလေရော။ လိုအပ်တဲ့ Lens နဲ့ Flash ကိုလဲ ထွန်းလင်းနိုင်ကဘဲ ငှားပေးတော့ ပိုအဆင်ပြေသွား တာပေါ့နော်။ ဒါနဲ့ ကျွန်တော် လဲ သီဟန့် ကိုလှမ်းပြောပြီး ကျွန်တော်နဲ့သီဟန် ရိုက်ဖို့စီစဉ်ရတော့တာပါဘဲ။

ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ထဲက စပြီးပြင်ဆင်ခဲ့ကြတယ်။ စာအုပ်တွေလဲဖတ်ဖြစ်ကြတယ်။ စာကြည့်တိုက်လဲ သွားမွှေကြပြန်တယ်။ ရှာဖွေစုဆောင်းတဲ့အထဲက အများအတွက် အလှပဲကြည့်ကြည့် ၊ ပုံဆ၇ာ ညီအကိုတွေအတွက် ပို့စ်အိုင်ဒီယာ ကွန့်မြူးနိုင်အောင်ပဲဖြစ်ဖြစ် ကျွန်တော် ရှာဖွေလို့ရတဲ့အထဲက သတို့သမီးအလှပုံ ၅၀၀ ကို မျှဝေပါတယ်။ ပညာပိုင်းဆိုင်ရာနည်းပြီး ပုံတွေချည်းသက်သက်မို့ သည်အတိုင်းကြည့် မယ်ဆိုလဲ အတော်ကိုလှပါတယ်။

အောက်ကလင့်ကနေ စာအုပ်ကိုဆွဲယူလို့ရပါတယ်ခင်ဗျ။
http://www.mediafire.com/file/z0dce3063qam8rz/500poses.pdf

Tuesday, January 25, 2011

Hello World


Hello World ဆိုတဲ့ပုံလေးက ကျွန်တော်ရယ် အောင်ဘာလေရယ် စည်သူရယ် သုံးယောက်သား Bugis ဘက်ကိုလမ်းလျှောက် ထွက်ကြတယ်ဗျ။ အခြေအနေကမကောင်းတာက မနက်က အိမ်ကထွက်လိုက်တာနဲ့ မိုးကလဲသည်းသည်းမည်းမည်းကိုရွာတာဗျာ။ Clementi မှာ ကျွန်တော်တို့သုံးယောက် စုံပြီးထွက်လာလိုက်တာ ဘူးကစ် MRT ကနေပြီး အပြင်မှာအခြေအနေဘယ်လိုရှိမလဲအတွေ တွေနဲ့ ထွက်လာလိုက်တာ ကံကောင်းစွာမိုးကတိတ်နေတယ် အစီအစဉ်အတိုင်း Haji Lane ဘက်ကိုလမ်းလျှောက်ထွက်.... Street Photos တွေလိုက်ရိုက်ကြပါလေရောဗျာ။ ထူးထူးခြားခြား သည်အပင်လေးကို လမ်းကြားလေးတစ်ခုရဲ့ ခေါင်မိုးလေးမှာ တွေ့ခဲ့ရပါတယ်။ 70-200 Sony Lens နဲ့ရိုက်ထားတာဖြစ်ပါတယ်။ ISO က ၂၀၀ ပါ။

Portrait Professional Studio Software


အရမ်းကိုသုံးရတာလွယ်ကူပြီး လူတိုင်းသုံးဖို့လွယ်ကူတဲ့ Software တစ်ခုဖြစ်ပါတယ်။ မယုံကြည် နိုင်လောက်အောင်ကို မျက်နှာက Noise တွေနဲ့ အသားအရည်ကို ပြုပြင်ပေးသွားနိုင်တာတွေ့ရလို့
ဗဟုသုတအနေနဲ့ Software ကိုရှယ်ထားပါတယ်။

Portrait Professional and Portrait Professional Studio are image editors for Windows and Mac, specifically targeted at editing portrait photographs[1]. Rather than using brushes as a traditional image editor does, the user first describes where the face is in the picture[2], then most of the transformations are done through sliders. One of the unique, but controversial[3] features is the ability to automatically reshape the face to fit a model of beauty[4][5]. Portrait Professional Studio has all the features of Portrait Professional and additionally handles raw files, 16 bit tiffs and color profiles. It is available as a stand-alone application, and Portrait Professional Studio is also a Photoshop plugin. Portrait Professional was initially released in July 2006.

Features

  • Reshape all or any aspect of the face to make it more attractive
  • Fix skin blemishes such as spots or pimples
  • Smooth out and neaten messy hair
  • Thicken and re-color hair.
  • Reduce and/or remove wrinkles
  • Remove grease, sweat or unsightly shine highlights from the skin
  • Adjust the lighting on the face to make it more flattering
  • Remove red eye
  • Recolor eyes
  • Whiten teeth and eyes
  • Sharpen individual features like eyes, eyebrows, nose and mouth
Download Below Link Software:
http://www.mediafire.com/file/k4gamjo3z4x1ma7/9014.rar

Sunday, January 23, 2011

Sunday Home Photo Shoot With My Wife


သည်တစ်ပတ် ရုံးပိတ်ရက် ဘယ်ကိုမှကျွန်တော်မထွက်ဖြစ်ခဲ့ပါဘူး။ အိမ်တွင်းအောင်းပြီး သက်တောင့်သက်သာ နဲ့နေနေလိုက်မိတယ်။ နောက်တစ်ပတ် 29th Jan မှာ ကျွန်တော့်သူငယ်ချင်း ထွန်းလင်းနိုင် ရဲ့ မင်္ဂလာဆောင် ကိုရိုက်ပေးဖို့ရှိနေတယ်။ စနေမှာလက်မှတ်ထိုးပြီး တနင်္ဂနွေမှာ ဆွမ်းကျွေးမှာဆိုတော့ သေခြာပေါက် ကျွန်တော် နားရဖို့လမ်းသိပ်မမြင်တော့ပါဘူး။ ဒါကြောင့်မို့ သည်တစ်ပတ်နားနေရာကနေ။ Web တွေပေါ်လျှောက်သွားရင်းက Portrait Professional Software ကိုအမှတ်မထင်ပဲတွေ့လိုက်တယ်ဗျ။ ကျွန်တော့်အမျိုးသမီးမနေခြည် နဲ့ကျွန်တော်နဲ့ Software ကိုသဘောကျပြီး ဟာ ဒါဆို စမ်းရိုက်ကြည်ရအောင်ဆိုပြီး မီးတွေဆင် ၊ နောက်ခံတွေပြင်ပြီး ရိုက်ဖြစ် သွားတာပါပဲ။အပေါ်ကပုံလေးက မနေခြည်ကိုကျွန်တော်ရိုက်ပေးတဲ့ထဲက သဘောကျလွန်း တဲ့ပုံလေးပေါ့ဗျာ။ တခြားပုံတွေက ရုံးတွေဖွင့်သွားတာနဲ့ မပြင်ရသေးဘူး .... ။ ပြင်ရဦးမယ့် အထဲမှာအတော်ကောင်းတဲ့ ပုံတွေအတော်များများ ပါနေပါတယ်။ ရှေ့အပတ်အကျော်မှာ တရုတ်နှစ်ကူး ပိတ်ရက်ရှိတယ်ဗျ။ အဲ့သည့်မှဘဲ ပြင်ရင်ကောင်းမယ်ထင်ပါတယ်။ သည်လိုနဲ့ အကြွေးတွေ ၊ လက်စမသတ်နိုင်တာတွေ အတော်များနေပြီ။ ဖြတ်ရဦးမှပါပဲလေ။

Strength


သူရတို့ မင်္ဂလာဆောင်သွားရိုက်ပေးတုန်းက ရိုက်ထားလိုက်တာပါ။
တစ်ရှူးထည့်တဲ့ခွက်ကလေးပါ။ သဘောကျလွန်းလို့ တင်လိုက်ရပါတယ်။
FB မှာမတင်ဖြစ်ခဲ့တဲ့ပုံတွေထဲက တစ်ခုပါပဲ။

Friday, January 21, 2011

နတ်သမီးပုံပြင်





လမ်းတွေလဲ တိတ် တိတ်ပေါ့ ..
တရှိုက်ရှိက်ငိုနေရတဲ့သားကောင် ..
ဟိုအရင်လို ...... ..
ပျော်သံတွေနဲ့ ဆူညံခွင့်ပေးပါဦးလား..
လောက .. ။

ထိချက်က မပြင်းပေမယ့်
အတွင်းကတော့ကြေသွားခဲ့တယ်...
လူလည်ခေါင် .. သွေးအံခဲ့မှတော့ ..
ငါ .. ဘယ်လိုဖုံးဖိနေဦးမှာလဲ ..
ရီတော်မူပေးကြပါ...။

ငါပြိုကျနေတယ် ချစ်သူ ....
အဆုံး မရောက်သေးမယ့် လမ်းမှာ
သူ့ ..မှ အရင်ခေါ်သွားရက်တယ်..
ငါ့ အရင်ခေါ်လှည့်ပါတော့လား ..။

သြော်............................ သူမ..
မျိုးဆက် တွေအတွက် တော့...
အိမ်ယာဝင် ပုံပြင်နတ်သမီးလေးလို
မြတ်နိုးနေကြမှာ...ပါ..
မင်း .. အမြဲ.. ရှင်သန်နေဦးမှာပါ။


Naing Htun Lwin
21/01/2011

Light Room Reference Books

Digital Photographer တွေအတော်များများ Software စကားပြောကြရင် အကြောင်းနှစ်ခုကို အမြဲပြောဖြစ်ကြပါတယ်။ တစ်ခုကတော့ Adobe Photoshop နဲ့ နောက်တစ်ခုကတော့ Adobe Lightroom တို့ဖြစ်ကြပါတယ်။ Adobe Systems ကထုတ်တဲ့သည် Software ဟာ Mac OS X ကော Microsoft Windows မှာပါသုံးပြုလို့ရပါတယ်။ ၂၀၀၂ ခုနှစ်က"Shadowland Project " ဟာ Lightroom ဖြစ်ပေါ်လာဖို့အတွက် ပထမဦးဆုံးခြေလှမ်းတစ်ခုလဲဖြစ်ပါတယ်။ Lightroom(LR) ရဲပထမဦးဆုံး Beta Version ကို 2006 January မှာစတင်ခဲ့ပြီး။ တကယ်တမ်း Version 1.0 အနေနဲ့ ထုတ်လိုက်တာကတော့ 19th February 2007 မှာပါ။ ဒါလေးတွေက LR ဖြစ်လာပုံရဲ့အကြမ်းဖျင်းဖြစ်ပါတယ်။
LR ဟာ ပုံတွေကို မူလအခြေခံမပြောင်းလဲပဲ အရောင်ညှိခြင်း ၊ အလင်းအမှောင်ချိန်ခြင်း၊ Black & Whie များအဖြစ်လိုသလိုထိန်းညှိပြောင်းလဲနိုင်ခြင်း များသာမက ပုံတွေမှာ အစက်အစက်နဲဗျုပ်ထနေတယ်လို့ အလွယ်တကူပြောကြတဲ့ Noise တွေကိုလဲ နည်းသွားအောင်၊ မျက်နှာတွေကိုအရုပ်ကလေးလို ချောမောလှပသွားအောင် လုပ်နိုင်တာတွေပါဝင် အခြားအခြားသော Photo တစ်ခုကို ထိန်းညှိပေးတာတွေအများအပြား ပါဝင်လို့ Software ကောင်းတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် Lightroom ဟာ LR3 အထိ Version များထွက်နေပါပြီ။ အခု အောက်ကစာအုပ်တွေကတော့ LR အသုံးပြု ပုံ သို့မဟုတ် သုံးစွဲတဲ့အခါမှာ ပိုပြီးအဆင်ပြေစေဖို့ရာ မှီငြမ်းစာအုပ်အဖြစ် ကျွန်တော်တင်ပေးထားပါတယ်။


Download Link :
http://www.mediafire.com/?03leniesywc0yfc

Download Link :
http://www.mediafire.com/?90e0lgno0wbav2v

Getting Started in DSLR Photography

ကျွန်တော် DSLR စစခြင်း ရိုက်ခဲ့တဲ့အချိန်မှာ အတော့်ကို အခက်အခဲတွေတွေ့ခဲ့ရပါတယ်။ User Guide ကိုဖတ် တာတောင် နားမလည်တဲ့စကားတွေ စာလုံးခေါ်တွေအတော်ကိုများများပါနေတယ်။ သည် DSLR Photography လောက ထဲကို နကန်း တစ်လုံးမှမသိပဲနဲ့ Photo ရိုက်ရတာဝါသနာပါတာတစ်ခုထဲနဲ့ဝင်လာခဲ့တာပါ။ အခေါ်အဝေါ် တွေမသိ အခြေခံသဘောတရားတွေနားမလည် လနဲ့ချီပြီး စာအုပ်ပုံကြားမျက်နှာအပ်ပြီး ကင်မရာကို ကုတင်ဘေး ထားအိပ် တရေးနိုး ဖတ်ထားတဲ့စာအုပ်ထဲကအတွေးတွေပေါ် ဟုတ်မလား ဆိုကုတင်ဘေးက ကင်မရာယူစမ်းနဲ့ ညပေါင်းများစွာ ကိုကျော်ဖြတ်ခဲ့ပါတယ်။ အမြဲတမ်းလိုလို Library ထဲသွားပြီး မွှေနှောက် ဖတ် မသိတာတွေကို ကိုယ့်ထက်သိတဲ့ သူတွေဆီမှာ လိုက်မေးရင်းတဖြေးဖြေးစုခဲ့ရပါတယ်။ ကျွန်တော်ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက အခုပြထားတဲ့ http://www.digitalslrphoto.com ကထုတ်တဲ့စာအုပ်တွေကို ကျွန်တော် အခုလက်ရှိအချိန်အထိ အကြိုက်ဆုံးပါပဲ။ တိုတိုနဲ့ ထိထိရောက်ရောက်ရှင်းပြနိုင်တာကိုကျွန်တော်သဘောကျ နေမိတယ်။ လက်တွေ့ကျတဲ့ သင်ခန်းစာတွေနဲ့ အပြင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကွက်တိ ရှင်းပြနိုင်တာကြောင့် သူတို့ဆီကစာအုပ်တွေကို ကျွန်တော်ရနိုင်သမျှ စုဆောင်းထားမိတယ်။ ထုတ်တဲ့စာအုပ်တွေ ထဲက ပထမဦးဆုံး အနေနဲ့ Getting Started in Digital SLR Photography စာအုပ်လေးနဲ့ အသစ်အသစ် များစခဲ့တဲ့သူတွေများရှိရင် နောက် DSLR ကင်မရာမှမဟုတ်ပါဘူး သာမာန် ကင်မရာတွေပါ သိသင့်တဲ့ အခြေခံသဘောတရားလေးတွေ ကိုလိုတိုရှင်းပြထားတဲ့စာအုပ်လေးမို့ ကျွန်တော့်ကိုမျှဝေခွင့်ပြုပါ။ အောက်မှာပြထားတဲ့ လင့်ကနေ Download လုပ်ယူနိုင်ပါတယ်။


Download လုပ်ယူရန် http://www.mediafire.com/file/bla9r7ln70q1c2c/Getting%20Started%20in%20DSLR%20Photography.pdf

Wednesday, January 19, 2011

My Old Lady

ကျွန်တော်နဲ့ ခွဲပြီးမတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ H7 ကင်မရာလေးပါ။ သည်ကင်မရာလေးနဲ့ Naing Htun Lwin ဆိုပြီး ပုံတွေမှာနာမည်တပ်လို့ရအောင် အစပြုခဲ့တာပေါ့။ ကျွန်တော်အရမ်းမက်မောတဲ့ကင်မရာလေးပါ ဒါပေမယ့် ညီမလေးမှာ ကင်မရာမရှိလို့ ၂၀၀၉ မြန်မာပြည်ပြန်တုန်းကသူ့အတွက်ပေးခဲ့ပါတယ်။ အခု ညီမလေး အလည်လာတော့ပြန်ပါလာတယ်သူက။ ကျွန်တော် တရိုတသေ သဘောကျစွာ အသုံးပြုချင်နေတုန်းပါ။ ညီမလေး ရိုက်နေလို့မို့ စိတ်ကိုဖြတ်ပြီး သူ့ကို ဒုတိယ ပိုင်ရှင်ဖြစ်တဲ့ ညီမလေးကို ပြန်ပေးလိုက်ရပြန်ပါတယ်။ အမှတ်တရအနေနဲ့ ကျွန်တော်လက်ဆောင်ရထားတဲ့ အရုပ်ကလေးရယ် ၊ ကင်မရာလေးရယ်ကို ဘူးကစ်ဘတုတ်နေးချားပတ် (bukit batok nature park)မှာရှိတဲ့ စားပွဲးခုံလေးပေါ်တင်ပြီးရိုက်လိုက်ပါတယ်။
အလွမ်းပြေ အမြဲသတိရနေဖိုပေါ့။ ကျွန်တော်သည်ကင်မရာလေးကိုသိပ်မြတ်နိုးပါတယ် ဒါမို့လဲ ရောင်းမစားပဲ ကျွန်တော့်လို မြတ်မြတ်နိုးနိုးကင်မရာနဲ့ပုံရိုက်ဝါသနာပါတဲ့ ညီမလေးအတွက်ပေးချန်ပေးခဲ့တာပါ။ ကျွန်တော့် အမျိုးသမီးမနေခြည် ကတောင်ပြောသေးတယ် ပေးပြီးသားကိုပြန်မယူနဲ့လေ ကလေးဆီက သူ့မှာဒါလေးနဲ့ရိုက်နေရတာ ရိုက်နေပါစေတဲ့။ ဟုတ်ပါတယ်လေ သူပြောတာ..။ကျွန်တော်လဲဒါနဲ့စခဲ့ရတာပဲကိုး။

Sunday, January 16, 2011

Nyan Gyi Got Shot


Sg Zoo သွားကြတယ်ခင်ဗျ။ သူငယ်ချင်း တွေနဲ့ ။ Show တွေပြတဲ့အခါမှာ စိတ်ဝင်တစား အမြဲတမ်း ပုံချောင်း ချောင်ပြီးရိုက်တဲ့ သူငယ်ချင်း ဥာဏ်ဝင်းကျော်က တော့ ကျွန်တော့်အတွက်ပစ်မှတ်ဖြစ်သွားတယ်။ သည်ဘက်က လန်းတစ်ချောင်းပဲ ပါလိုက်ရရှာတာကတော့ ကျော်သက်ဇော်ပေါ့နော်။ စိတ်ကူးက အားကစားပွဲတွေမှာ ဘေးက နေ စိတ်ဝင်တစားရိုက်နေကြတယ့် ပုံဆရာများကိုသတိရသွားလို့ပါ။ ကျွန်တော်ကင်မရာချောင်းလိုက်တာလဲ တကယ်ကိုအဲ့လိုဆန်ဆန်ဖြစ်သွားတယ်ဗျ။ အထူးသဖြင့် ဥာဏ်ကြီးရဲ့ မျက်နှာအမူအရာ မျက်လုံး ကင်မရာကို စနိုက်ပါတစ်လက်လို ကိုင်ထားပုံတွေကိုကျွန်တော်သဘောကျသွားလို့ အမှတ်တရ စာရင်း ထဲထည့်လိုက်ရပါတယ် ခင်ဗျာ

My Photo Album (1)




မတင်ဖြစ်တဲ့ပုံတွေက တော်တော်များတာပဲလို့ပြောမှာပဲနော် ..

One Month Old Baby Swan

ကျွန်တော့်သူငယ်ချင်း စွမ်းရည်နိုင်တို့လင်မယား အိမ်မှာ အလှုလုပ်လို့သွားရင်းနဲ့ ၁လသားလေး ဖြစ်တဲ့ နသန်နီယာစွမ်း ရဲ့ ခြေထောက်လေးကိုရိုက်ဖြစ်ခဲ့ပါတယ်။ အမှတ်တရ ၁လသား လေးရဲခြေထောက်ပါ တဖြေးဖြေးသူ ကြီးလာတဲ့ တစ်ချိန်မှာ သည်သူ့ခြေထောက်ပုံလေးကို သူပြန်ကြည့်ရင်း အမှတ်တရ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ဆုတောင်းမိပါတယ်။

Wednesday, January 12, 2011

FB တွင်မတင်ဖြစ်သောပုံများ (၂)





တော်တော်ကြာပြီဗျ သည်ပုံရိုက်ထားဖြစ်တာ ခပ်ဆင်ဆင်တွေ များနေတာနဲ့မတင်ဖြစ်တာပါ ။


FB တွင်မတင်ဖြစ်သောပုံများ (၁)

Title : The Way That I Saw




Title : ပြုတ်ကျခြင်း ( I Drop )


Title: ပေါ့ပေါ့လေးပဲသွားကြစို့



သူ့နာမည်က ညှပ်မိခြင်းတဲ့ ၊ကျွန်တော်ဘယ်မှာမှမတင်ရသေးဘူးထင်တယ်ခင်ဗျ။

Tuesday, January 11, 2011

မနိုးချင်ပါ


တကယ်လို့သာ ကျွန်တော်ဟာ အခုပုံထဲက ကုတင်ပေါ်မှာ အိမ်နေခဲ့မယ်ဆိုခဲ့ရင် ကျွန်တော်ပုံရိုက်ခဲ့တဲ့အချိန်မှာ ဖြစ်တဲ့ရာသီဥတုလိုမိုးအေးအေး ချမ်းချမ်း လေးမှာ ဘယ်လိုမှ အဲ့သည့်အိပ်ယာကနေထဖို့ဆိုတာမဖြစ်နိုင်တော့ ပါဘူး။ပြတင်းပေါက်မှာကျနေတဲ့အလင်းလေးရယ် ခေါင်းအုံး နုနုအိအိလေးတွေနဲ့ မှို့ယာ ကြီးထဲမှာနစ်ပြီး အပြင်က မိုးသံတွေ မိုးပေါက်တွေမှန်ထိသံတွေကို စည်းချက်ယူနေမိမှာပါ။ ကျွန်တော်သည်ပုံကို IKEA မှာရခဲ့ တာခင်ဗျ။ Queentown IKEA ကိုဦးလေးသူလိုချင်တာတွေဝယ်ရင်းလိုက်သွားရာကနေရလာခဲ့တာပါ။ ဒါမို့လဲ ကျွန်တော်သည်ပုံလေးနာမည်ကို "မနိုးချင်ပါ"လို့ပေးဖြစ်ခဲ့လိုက်ပါတယ်

Sunday, January 9, 2011

ချန်နေရစ်သော ပုံများ


ကျွန်တော့်မှာ Albumတစ်ခုရှိတယ်ခင်ဗျ ၊ ချန်နေရစ်သောပုံရိပ်များလို့နာမည်ပေးထားပါတယ်။ ဘယ်လိုချန်နေတာ များပါလိမ့် ?? အပယ်ခံလေးတွေပေါ့ခင်ဗျာ။မေ့လျှော့ခံပုံလေးတွေလို့ဆိုလဲ ဆိုလို့ရမှာပေါ့နော့။ ကျွန်တော်က သည်ပုံလေးတွေကို သံယောဇဉ်ကြီးတယ်ခင်ဗျ။ ကျွန်တော့်အတွက်အမှတ်တရရှိစေတဲ့ပုံလေးတွေလိုဆိုရင်လဲ မမှားဘူးပေါ့ခင်ဗျာ။ တကယ်တော့ကျွန်တော်ရိုက်လာတဲ့ ပုံလေးတွေဟာ ကျွန်တော့်အတွက်တော့ ကျွန်တော့်ကလေးလေးတွေလိုပဲခင်ဗျ။ လူအများကြားမှာချပြတဲ့အခါမှာ တစ်ချို့ပုံလေးတွေ့ ဟာ ကျွန်တော် မျှော်လင့်ထားသလောက် feedback မရဘူး။ တစ်ချို့ပုံလေးတွေဟာ ကျွန်တော်တင်ပြပုံ၊ တင်ပြချိန်တွေမှားလို့ လူမသိပဲ ညပ်ကျန်ခဲ့တဲ့ပုံတွေပါ။ပုံတွေထဲမှာ တူနေတာတွေ။ အရည်အသွေး လက်ခံနိုင်မှု့မရှိတာတွေ။ လိုအပ်နေတဲ့ပုံတွေ ရှိပါတယ် ပုံတွေက ကျွန်တော့်အတွက်တော့ အကြောင်းလေးတွေနဲ့ ရှိနေတဲ့ပုံလေးတွေ ဖြစ်သလို ကျွန်တော့်ကိုတည်ဆောက်ပေးနေကြတဲ့ပုံလေးတွေဆိုလဲမမှားပါဘူးခင်ဗျာ။

တိုးတိတ်ရိပ်ခို



တိုးတိတ်ရိပ်ခို ဆိုတဲ့နာမည်လေးကိုကျွန်တော်အရမ်းကိုသဘောကျမိသွားတယ်။သည်ပုံလေးပြင်ပြီး တင်ခါနီးမှ ခေါင်းထဲကထွက်လာတဲ့နာမည်လေးပါ။ သည်ပုံလေးက သာမန်ပုံလေးတစ်ပုံရယ်ပါ။ ရိုက်ခဲတဲ့နေရာကလဲ ကလပ်ကီး မှာ မြို့လည်ခေါင်ကြီး။ အဲ့သည့်နေ့က ကျွန်တော် တော်တော် Mood ၀င်နေတယ် လမိုင်းကပ်နေတယ် လို့ပြောလဲရမှာပေါ့နော်။ ပုံလေးတွေတော်တော်များများရလိုက်တယ်။ ၄ ၅ ၆ ပုံရလိုက် တယ်ခင်ဗျ။ အလျှင်းသင့်သလိုကျွန်တော်ပုံရာဇ၀င်တွေ ပြောရင်းနဲ့ပြောသွားမှာပါ။
တိုးတိတ်ရိပ်ခိုမှာ ထူးခြားတာက အုတ်နံရံကြားထဲက အပင်လေးစိမ်းထွက်နေတာပါဘဲ။ အရောင်ချိန်ထားတာကလဲ ကျွန်တော် အစိမ်းဖျော့နုနုလေးဘက်ကိုချိန်ထားတယ်ဗျ။ တည်ငြိမ်ခြင်း၊ငြိမ်သက်ခြင်း တွေကိုသည်ပုံလေးချိန်နေစဉ်မှာ ကျွန်တော်ခံစားမိနေတယ်။ နောက် သစ်ပင်ပေါက် လေးတစ်ပင်ဟာ ဟိုးအရမ်းမြင့်တဲ့ တိုက်တွေကြားထဲကနေပြီး ထိုးထွက်ဖို့ကြိုးစားနေရှာတယ်။ မြေကြီးပေါ် ပေါက်တာချင်းအတူတူတောင်မှ ရဲရဲဝင့်ဝင့်ပေါက်လာရရှာတာမဟုတ်ဘူး ဘယ်အချိန်အနှုတ်ခံရမလဲ (မြို့လည်ခေါင်နေရာကြီးဖြစ်နေတာကို)။ ဆိုတာသူစဉ်းစားနေမိမှာပဲ။ ဒါ့ကြောင့် သတိမထားမိတဲ့နေရာ ကနေပြီး မြို့ပြအဆောက်အဦးတွေအရိပ် ကိုခိုကာ သူတဖြေးဖြေးထိုးထွက်လာခဲ့တယ်။ အညွန်အဖျားလေး တွေ ရဲ့ အသစ်အသစ် သော သူ့မျှော်လင့်ချက်အရွက်နုတွေ ကိုမြင်တွေ့ရမှာပါ။
သူ့အပင်ငယ်ဘ၀ဟာ သည်လောက်အထိ ရှင်သန်လာဖို့ အတော်ကြိုးစားခဲ့ရမှာပါ။ တစ်ချိန်ချိန်မှာ သူဟာ အနှုတ်ခံ အရှင်းခံရဖို့ ရာခိုင်နှုန်း အများဆုံးရှိနေပေမယ့် ၊ သူဟာမရရအောင် ရှင်သန် ပေါက်ဖွားနေတယ်၊ နောက်... ရအောင်ကြီးထွားနေတယ်.. ကံကောင်းသူ ပြုစုပျိုးထောင်နိုင်သူနဲ့သာတွေမယ် ဆိုရင် တော့ သူ့ဘ၀ကတစ်မျိုးဖြစ်မှာပေါ့။ အခုချိန်ထိတော့ သူဟာ ရှင်သန်းဖို့ တိုးတိုးတိတ်တိတ်လေး မြို့ပြအရိပ်ကိုခိုပြီး ရှင်သန်းနေဆဲ ပါ။

Saturday, January 8, 2011

A cup to Tea



"A little cup of friendship
With a bag of tea
When you drink this
Think of love from me."

လက်ဖက်ရည်တစ်ခွက် ကိုစာအမျိုးမျိုး တဖွဲ့တနွဲ့ရေးခဲ့ကြတယ်ဆိုပါတယ်။ အေးစိမ့်စိမ့်ရာသီဥတုမှာ အကျရည် တစ်ခွက်ကို တစ်စိမ့်စိမ်လျှာပေါ်တင်ပြီး စာအုပ်တစ်အုပ်နဲ့ မြစ်ကမ်းဘေးထိုင်နေခဲ့ရင်လည်ကောင်း။ ချစ်သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း စကားတွေဖောင်ဖွဲရမတတ်ပြောခဲ့ရင် လည်ကောင်းသိပ်အရသာရှိမှာပေါ့ဗျာ။ ကင်မရာတစ်လုံးအကြမ်း လွယ်ပြီး လူသွားများတဲ့လမ်းဆုံ တစ်ခုက ပလက်ဖောင်းလက်ဖက်ရည်ဆိုင်မှာထိုင် သက်မြမြ အကျရည်တွေကို တစ်ငုံချင်းစီ ဖြေးဖြေးခြင်းမြုံ့ ၊ အ၀င်မှာ ခါးသက်လေသမျှ အာခံတွင်းမြိုအချမှာ စိမ့်စိမ့်လေးမွှေးတဲ့အနံ့ကအနံခံအာရုံမှာကျန်ခဲ့ ဦးနှောက်အတွေထဲမှာလဲ ကြည်လင်လာ လောကပတ်ဝန်းကျင်ပန်ချီကားကိုလက်ဖက်ရည်တစ်ခွက်နဲ့ တစိမ့်စိမ့် ထိတွေနေချင်ပါသည်။

A lit of water



တစ်ခါတစ်လေ မရည်ရွယ်ဘဲ ဖြစ်တတ်တာတွေအများကြီးရှိပါတယ်။ ပြန်လုပ်ယူလို့မရတဲ့အထဲမှာ အခုပုံလေးအကြောင်းလဲပြောပြပါရစေ။ ကျွန်တော့်ဦးလေးတို့ စကာင်္ပူလာလည်တုန်းက သူတို့နောက် တကောက်ကောက်ကျွန်တော်လိုက်ပြီး အဖော်လိုက်ပေးရပါတယ်။ ထုံးစံအတိုင်းကင်မရာအိတ်လွယ်ရင်းပေါ့။
လိုက်ပို့တဲ့ နေ့တွေထဲက တစ်နေ့ Merina Square မှာသည်ပုံလေးရိုက်ဖြစ်ခဲ့ပါတယ်။ ဦးလေးက သူ့သူငယ်ချင်း တွေနဲ့စကားပြောနေတုန်း ကျွန်တော်လဲ ပျင်းပျင်းရှိတာနဲ့ အဲ့သည့်အလယ်ကရေပန်းလေးကို ဆက်တင်လေး ဟိုချိန်သည်ချိန်ပြီး ရိုက်လိုက်တယ်ဗျာ။ရိုက်ပြီးမှ ဟိုက် ဘာကြီးပါလိမ့် ပေါ်လာတာ ဘာမှန်းကြီးတော့မသိဘူး မိုက်တော့မိုက်နေတယ် ရိုက်တာကရေစက်လေးတွေကို ဒါပေမယ့် ဖြစ်သွားတာက နောက်ဘက် ခေါင်မိုးက အပေါက်ဝိုင်းက ပါ အံဝင်ခွင်ကျ ပါသွားတော့ အမြင်တစ်မျိုးလေးဆန်းသွားတယ်ပေါ့။ ဒါနဲ့ ဘဲ ဆက်ခါဆက်ခါ ရိုက်တော့တာပဲဗျာ ထွိုင်ပေါ့တွေထုတ် အထိုင်ချ ရိုက်။ ၀မ်းနည်းစရာကောင်းတာက တကယ်လဲရိုက်ကော ပထမရိုက်ထားတဲ့ ပုံလောက်ကို စိတ်ထဲအကြိုက်မတွေ့တာပါပဲ။ ဒါနဲ့ပဲ ကျွန်တော်လဲ ပထမပုံလေးကိုလင်းလေး နည်းနည်းချိန် ဘောင်လေးခတ်ပြီး သိမ်းထားလိုက်ပါတယ်။ သည်ပုံမှာအလင်းအမှောင်ချိန်ထားတာကလွဲပြီး အရောင်တွေဟာမူရင်းအရောင်တွေပါဘဲ။ ထူးဆန်းတယ်နော် .. တစ်ခါတစ်လေ ဒါမျိုးဖြစ်တတ်တာ။ ကြက်ကန်းဆန်အိုးတိုး ဆိုသလိုပေါ့ ကင်မရာမန်း ပုံတစ်ခုရလိုက်တာပေါ့ဗျာ။

Model အိပ်ပျော်သွားခြင်း



အော်ကျူးတို့ ခေါ်ဆောင်ရာ Camera Rental စတူဒီယို Indoor သွားတုန်းကပေါ့။ ကင်မရာညီအကိုတစ်တွေ လူစုံတက်စုံ ရိုက်ကြတယ်။ သည်ပုံရိုက်တဲ့အချိန်ကတခြား ကင်မရာမန်းတွေ ထမင်းစားဆင်းနေတဲ့အချိန်ဗျ။ ကျွန်တော်ရယ် ကိုထွန်းလင်းစိုးရယ်ဘဲရှိမယ်ထင်တယ် မှတ်မိသလောက်ဆို။ ဘာရယ်လိုမဟုတ်ပါဘူး။ စိတ်ကူး လေးပေါက်လာရာကနေ မော်ဒယ်ကို ညီမသည်ခုံမှာထိုင်ပြီးခဏအိပ်ပေးပါ။ဆိုပြီးမျက်လုံးဖွင့်ပြီးရိုက်လိုက် ပိတ်ပြီးရိုက်လိုက်နဲ့ မျက်လုံးပိတ်တဲ့ close up ရိုက်မယ်ဆိုပြီး မျက်လုံးပိတ်ပြီးရိုက်ကြတယ်ခင်ဗျ။ ရိုက်ကြတာ လိုသလိုမရတော့ ဆက်တင်ချိန်လိုက်ရိုက်လိုက်နဲ့ပေါ့ဗျာ။ နောက်ဆုံးမှ မျက်လုံှးမှိတ်ပို့်စ်ပုံလေး ရတယ်တကယ်ကိုအသက်ဝင်တော့ ကျွန်တော်ကျေနပ်သွားတယ်။ ညီမရပြီ ကျေးဇူးပါဘဲပြောလဲ သည်အတိုင်းပဲ။ ညီမနားပါရပြီဆိုလဲသည်အတိုင်း။ ပုံအရိုက်ခံရတယ်ဆိုတာ မော်ဒယ်တွေ လဲပင်ပန်းတာမျိုးရှိတယ်လေဗျာ။ နောက် ညီအကိုတစ်ယောက်က မသင်္ကာတာနဲ့ အနားသွားကြည့်တာ မော်ဒယ်ညီမက တကယ်ကိုအိပ်ပျော်နေတာဗျာ။ နှစ်နှစ်ချိုက်ချိုက် .... မှတ်မှတ်ရရ မှတ်မှတ်သားသားလေးဖြစ် သွားတာပေါ့ခင်ဗျာ။ သည်ပုံကတော့ မော်ဒယ်အိပ်မပျော်ခင် လေး ရိုက်ထားခဲ့တဲ့ပုံလေးပါ။ :P

Remember Langkawi (Leave me alone)




အိမ်ထောင်ကျပြီစ ဟန်းနီးမွန်းခရီးလို့ဆိုရမယ့် လန်ကာဝီကို ၂၀၁၀ ဇန်န၀ါရီလကသွားခဲ့ပါတယ်။ သူများဟန်းနီးမွန်းတွေတော့ ဘယ်လိုမွန်းလဲမသိဘူးခင်ဗျ။ ကျွန်တော့်ဟန်းနီးမွန်းက သူငယ်ချင်းတွေ အုပ်လိုက်ကြီးတပျော်တပါးလိုက်လာကြတာ။ ပျော်ဖို့ကောင်းတာ ၀က်ဝက်ကွဲဆိုပါတော့။ အသားမာတွေ အထပ်ထပ်တက်နေတဲ့ ကျွန်တော်တို့စိတ်ကို ပျိုမျစ်နုနယ်အောင်လုပ်လိုက်တာပါပဲ။ (စကားမစပ်တစ်ကျွန်းလုံးက ဂျူတီဖရီးခင်ဗျ ရေတစ်ဗူးနဲ့ ဘီယာတစ်ဗူးဈေးကအတူတူဘဲရယ်)။

သည်ပုံလေးကတော့ ကျွန်တော်တို့တည်းတဲ့ လန်ကာဆူကာဟော်တယ် ရှေ့က ကမ်းခြေလေးမှာရိုက်လာခဲ့ တာပါ။ ရေစီးလှိုင်းလေးတွေအပုပ်မှာ ခရုခွန်လေးတွေ ခရုဝိုင်းလေးတွေ က ကမ်းဘက်ကိုပါလာကြပါတယ်။ အများအားဖြင့် ခရုလေးတွေဟာ ကျိုးတာလေးတွေကျိုး ပဲတာလေးတွေပဲ့နဲ့ ခရုကြေလေးတွေအဖြစ်နဲ့ပါ။
သည်ပုံထဲက ခရုလေးကို ကျွန်တော် မြင်လိုက်တဲ့အချိန်မှာ သူဟာတခြား ခရုချွန် ခရုလုံးလေးတွေလိုမဟုတ်ပဲ သီးခြားရေထဲက ထွက်လို့ သဲသောင်လေးပေါ်မှာထိုးထွက်နေပါတယ်။ ရေလှိုင်းဘယ်လောက်ခတ်ခတ် သူကတော့သည်အတိုင်း နေမြဲအတိုင်းလေးပဲရှိနေတယ်။ ခံစားချက်တစ်ခုခုလေးကိုရလိုက်တယ်ဗျ။ သူလဲ သူ့ဘာသာသူ သီးသီးသန့်သန့်လေးနေချင်ရှာမှာပေါ့ လှိုင်းတွေက လာလာနှောက်ယှက်နေကြတာ။ သူသာစကားပြောတတ်ရင်ဘာပြောမလဲ ....... အဲ့ဒါနဲ့ပဲ ပုံလေးနာမည်ကို Leave Me alone လို့ပေးဖြစ်ခဲ့ပါတယ်။

What's That



သူငယ်ချင်းတစ်သိုက်နဲ့ SG Zoo သွားခဲ့တုန်းက ကျွန်တော့်မှာ လိုချင်တဲ့ ပုံမျိုး မရဘဲ ဘာကိုမှစိတ်တိုင်းမကျ ဖြစ်နေရတယ်။ နောက်သိတဲ့အတိုင်း Zoo Life က Wild Life လိုမှမဟုတ်တာကော။ ပိုဆိုးတာက မိုးလေးတွေ ကလဲ စိုစိုစိစိနဲ့ တစိမ့်စိမ့်ရွာနေတော့ မိုးကာတွေဝယ်ရ ဘာရနဲ့။ ဒါပေမယ့် အပြင်ပြန်ထွက်ခါနီးမှာ သည်ငှက် ကုလားအုတ်ကို မြင်လိုက်တော့ တော်တော်စိတ်ဝင်စားသွားတယ်။ သူ့ပြူးတူးပြဲတဲ နဲ့ ပျင်းရိရိရှိတဲ့ဒီဇိုင်းကိုပေါ့ နော်။ ထိပ်ကလဲပြောင်နေသေးသကိုးခင်ဗျ။ မနေခြည်နဲ့တခြားသူငယ်ချင်းတစ်သိုက်က ရှေ့ရောက်နေပြီ။ ကျွန်တော်ရယ် ကျော်သက်ဇော်ရယ် ၂ယောက်သား သည် ငှက် မင်းသား ကိုယ့်ဘက်လှည့်လာအောင် ပြောင်ပြ ပြူးပြ (ကျွန်တော်ကတော့သိပ်ပြူးစရာမလိုပါဘူးထင်ပ) ။ နောက် ငှက်က ကိုယ့်ဘက်ကိုအာရုံရောက် လာအောင် ကျွန်တော်စိတ်အတော်ရှည်လိုက်ရတယ်.။ လိုချင်တဲ့ အယူအစတစ်ခုမှာ ကင်မရာကို ကျောက်ချပြီး လန်းကို အပေါ်တင်လိုက်အောက်ချလိုက် သူ့မျက်စိအာရုံထဲ ၀င်လာအောင် လုပ်လိုက်မှ ကိုယ်ရွှေမင်းသားက စူးစူးလေးတစ်ချက်ကြည့်တယ်ဗျာ( ကိုရဲလွင်ဦးပြောသလို စုးစူးလေးကြည့်) လိုမျိုးပေါ့။ ဒါနဲ့ အဲ့သည့်အချိန်လဲ ရကော ကလစ်ပစ်လိုက်တာနဲ့ သည်ပုံလေးတစ်ပုံ ကျွန်တော့်အတွက်အမှတ်တရကျန်နေရစ်ခဲ့ပါတော့တယ်။

နောက်တစ်ချက်က လူတွေမှာ သဘာဝအရ မျက်လုံး၂ဖက်က မညီကြရဘူးလေ။ သည်ကိုရွှေငှက်ကို ရိုက်မိ မှပဲ အော် သူတို့လဲမညီမညာရှိတတ်တာဘဲဆိုတာသိရတယ်။ ကျွန်တော်ကို ငိုက်မျည်းမျည်းနဲ့ကြည့်နေတဲ့ ပုံတော့ ကျွန်တော့်သဘောအရ ရီလဲရီရတယ် သူ့စိတ်ထဲမှာဘာတွေစဉ်းစားနေမလဲ ဘာကြီးတုန်းက ပြောင်းကြီးနဲ့ လှုပ်လှုပ်ရွရွ ငါ့များအစာလာကျွေးသလား၊ ဒါမှမဟုတ် မိုးအေးအေး အိပ်ချင်မူးတူးနဲ့ အိပ်မက်ကတရေးနိုး တွေဝေ ငေးနေတာများလားပေါ့ဗျာ။ :)

Tuesday, January 4, 2011

A Cornor of Robot City



တစ်နေ့တစ်နေ့ လှုပ်ရှားသွားလာနေရတဲ့လောကမှာ repeatition ဆိုတဲ့ထပ်ခါ တလဲလဲဖြစ်စဉ်တွေက
ကျွန်တော့်ကိုအလွန် ငြီးငွေ့စေပါတယ်။ မနက်အလုပ်သွားတော့လဲ သည်အချိန်သည်နာရီ ၊ သည်မှတ်တိုင် မှာ သည်လူတွေတက်ပြီး သည်လူတွေဘဲဆင်းကြတယ်။ ရထားစီးတော့လဲ ထိုင်ခုံမရဘူးလား မပူပါနဲ့ အနီးဆုံး ဘူတာမှာ ဆင်းမယ့်သူကို အချင်းချင်းသိပြီးသားပါဘဲ။ သူနားသွားရပ်နေလိုက်ယုံနဲ့သူဆင်းမယ့်မှတ်တိုင် မှာ သူကဆင်းသွားတာပါဘဲ။ ကျွန်တော်ဆင်းမယ့် ဘူတာနားနီးရင်လဲမျက်မှန်းတန်းမိနေတဲ့သူတစ်ယောက်က အဆင်သင့်ဘေးမှာရပ်နေပြီးသား။ ကျွန်တော်ဆင်းလိုက်တာနဲ့ သူက နေရာယူပြီးသားပါ။ သိပ်တိကျမှန်ကန် လွန်နေတဲ့ အချိန်ဇယားအောက်မှာ စက်ရုပ်တွေလို တက်သုတ်ရိုက်သွားလာနေရတာတွေကို ကျွန်တော် တဖြေးဖြေး ရိုးအီလာတယ်။ ခံစားချက်မပါတဲ့ မျက်နှာသေတွေနဲ့ လှုပ်ရှားနေကြရတာကိုလဲ သနားလာတယ်။ ကျွန်တော့်ထွက်ပေါက်တစ်ခုဖြစ်တဲ့ ပုံလေးတွေရိုက်တဲ့ ၀ါသနာဟာလဲ သည်လိုငြီးငွေ့မှု့တွေအောက်မှာ ပိုပြီးဆူပွက်ပေါက်ဖွားလာရပါတယ်။ သည်ပုံလေးကတော့ စင်္ကာပူမြို့လည်ခေါင်က နာမည်ကြီး Raffles Place က မိုးမျှော်တိုက်ကြီးတွေကို ကျွန်တော့်ခံစားချက်အမြင်နဲ့ အရောင်ချိန်ပြီး A Cornor of the Robot City လို့နာမည်ပေးမိ လိုက်ပါတယ်။

Monday, January 3, 2011

Cloud iridescence



Cloud iridescence
is the occurrence of colors in a cloud not dissimilar to those seen in oil films on puddles, and is similar to irisation. It is a fairly uncommon phenomenon and is usually observed in altocumulus, cirrocumulus and lenticular clouds but very rarely in Cirrus clouds.[1][2][3] The colors are usually pastel but sometimes they can be very vivid. Iridescence is most frequently seen near to the sun with the sun's glare masking it. It is most easily seen by hiding the sun behind a tree or building. Other aids are dark glasses or observing the sky by its reflection in a convex mirror or in a pool of water.

Iridescent clouds are a diffraction phenomenon. Small water droplets or even small ice crystals in clouds individually scatter light. Large ice crystals produce halos, which are refraction phenomena rather than iridescence. Iridescence should similarly be distinguished from the refraction in larger raindrops that gives a rainbow.

If parts of the clouds have droplets (or crystals) of similar size the cumulative effect is seen as colors. The cloud must be optically thin so that most rays encounter only a single droplet. Iridescence is therefore mostly seen at cloud edges or in semi-transparent clouds. Newly forming clouds produce the brightest and most colorful iridescence because their droplets are of the same size. When a thin cloud has droplets of similar size over a large extent the iridescence takes on a structured form to give a corona, a central bright disk around the sun or moon surrounded by one or more colored rings.


Source: From Wikipedia

မင်္ဂလာပါနှစ်သစ်

မင်္ဂလာရှိသောနှစ်သစ်ပါခင်ဗျာ။
သည်နှစ်ကူးလဲ အရင်နှစ်တွေလို ထူးခြားဖြစ်စဉ်တွေမရှိခဲ့ပါ။ ကျွန်တော်စင်္ကာပူရောက်ထဲက နှစ်သစ်ကူးတိုင်း တိုပါးယိုးကျောင်းမှာ ဦးလေးအဒေါ်တွေရဲ့ စုပေါင်းအလှုကိုသွားကူခဲ့တာမို့။ ထူးထူးခြားခြားခံစားချက် တော့မရှိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့ မနေခြည်နှစ်ယောက် ဟိုးပထမဦးဆုံးကြုံခဲ့ရတဲ့ နှစ်သစ်ကူးပွဲကိုသွား သတိရမိလိုက်တယ်ဗျ။စင်္ကာပူမှာပထမဦးဆုံးကြုံတွေရတဲ့ New Year Eve ပေါ့ခင်ဗျာ။ရန်ကုန်မှာဆိုသူငယ်ချင်း တွေနဲ့ ပျော်ပျော်ကြီးနွဲခဲ့ကြရာကနေ စလုံးရောက်တော့ ကျွန်တော်တို့ကိုအဒေါ်ကနေဘုန်းကြီးကျောင်းမှာလာကူ ဖို့ခေါ်ပါတယ်။ စရောက်ခါစ ကျောင်းသားဘ၀မို့ ငွေကြေးမသုံးဆွဲနိုင်တာတစ်ကြောင်း၊ အဒေါ်ကိုယ်တိုင်ပါဝင် ပြီးလုပ် ကြတော့ ကျွန်တော်တို့ငြင်းမရနိုင်တာကတစ်ကြောင်းမို့ သက်ပြင်းထွေထွေချပြီး ဘုန်းကြီးကျောင်းကိုသွားခဲ့ပါတယ်။ ရောက်ခါစ ပထမဦးဆုံး New Year Eve မှာ ဘယ်သူမဆိုတော့ ပျော်ချင် သိချင်မှာပေါ့နော်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဘုန်းကြီးကျောင်းမှာဘဲ ဝေယာဝိစ တွေကိုကူညီလုပ်ကိုင်ပေးခဲ့ကြတယ်။ နှစ်ကူးဖို့ နီးလာတာနဲ့ အမျှ ရင်တွေခုန်လာတယ် ၊စစချင်းက တော့အလှုမှာ နိုင်သလောက်သွားကူပြီး သူငယ်ချင်းတွေနဲ့ချိတ်ဖို့ပါဘဲ၊ ဒါပေမယ့်ဗျာ ဘယ်လိုမှ ထွက်လာလို့လမ်းစလဲရှာမရတာကတစ်ကြောင်းဆိုတော့ သူများတွေ ၁၀..၉...၈..၇.. အော်နေတဲ့အချိန်မှာ ကျွန်တော်နားလေးစွင့်ပြီး သက်ပြင်းရှည်ကြီးတွေချခဲ့တာပေါ့လေ။ အဲ့လိုနဲ့နှစ်တိုင်း နှစ်တိုင်း ဖြစ်လာခဲ့တဲ့အခါကျတော့ အသားတော့ကျသွားပါပြီ။ သူများတွေပျော်ရွှင်နေတဲ့အချိန်မှာ ကျွန်တော်တို့က ကြည်နူး မှု့တွေဘဲ ပိုက်ပြီး ပီတိဖြစ်နေမိပါတယ်။ နှစ်ဦးရဲ့ ပထမနေတိုင်းမှာ ကုသိုလ်လုပ်ခဲ့ဖြစ်လို့လားမသိဘူး ကျွန်တော်တို့ အခက်အခံတော်တော်များများ ကိုပြေပြေလည်လည်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ အမှတ်တရ အနေနဲ့ ပြန်ရေးမိခဲ့ပြန်ပါပြီ။